April 01, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဥရောပ သံတမန် အဖွဲ့နှင့် ဒေသခံများ တွေ့ဆုံ၊ လူ ၁၀၀ ကျော် အသတ်ခံ ရကြောင်း တင်ပြ

RB News
30.1.2014

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဒုချီရာတန်း ရွာတွင် အစုလိုက် အပြုံလိုက်သတ်ဖြတ် မှုနှင့် ပတ်သက်၍ စုံစမ်းရန် ရန်ကုန်မြို့မှ ဥရောပ နိုင်ငံ သံတမန်များ အဖွဲ့က မောင်တော မြို့နယ်၊ ဒုချီရာ တန်း အလယ်ရွာသို့ ယနေ့ နံနက် ၁၀း၃၀ နာရီတွင် သွားရောက် ၍ ဒေသခံ များနှင့် တွေ့ ဆုံ မေးမြန်း ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

တွေ့ဆုံပွဲတွင် အမှတ် (၄) ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ခရေမြိုင် ရခိုင်ရွာ ကင်းစခန်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းနှင့် အတူ ရဲတပ်ဖွဲ့ဝင် ၃ ဦးတို့ M22 သေနတ် တစ်လက်၊ ရိုင်ဖယ် သေနတ် ၃ လက် ကိုင်ဆောင်၍ ဆယ်အိမ်မှူး ၄ ဦး၊ စုစုပေါင်း ၈ ဦးတို့ ဒုချီရာတန်း အလယ်ရွာသို့ လာရောက်၍ ကင်းလှည့်လည် စဉ်ဒေသခံ ရိုဟင်ဂျာ ၅၀၀ ခန့်မှ ၀ိုင်းခဲ့ခြင်းကြောင့် ရဲတပ်ကြပ် ကြီး အောင်ကျော် သိန်းနှင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးတို့က မိုးပေါ်တောင် သေနတ်ပစ်၍ လူစု ခွဲခဲ့ ရကြောင်း ရှင်းလင်း တင်ပြရာ ဥရောပ သံတမန် အဖွဲ့က ဟာသ သကဲ့သို့ နားထောင် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြော ပါသည်။ သံတမန် အဖွဲ့မှ တစ်ဦးက ထိုကဲ့သို့ သေနတ် ပစ်ရာတွင် တစ်ဦးမှ ထိခိုက် ဒဏ်ရာ ရခြင်းမရှိဟု ဆိုခြင်းမှာ ရယ်စရာ ဟာသလို ဖြစ်နေသည်ဟု ပြောဆို ခဲ့ကြောင်း သိရှိ ရပါသည်။

ဒေသခံ ရိုဟင်ဂျာ အမျိုးသမီး ၅၀ ကျော်ခန့်နှင့် တွေ့ဆုံ မေးမြန်းရာတွင် အမျိုးသမီး များက ၎င်းတို့ကို ရဲတပ်ဖွဲ့ဝင် များနှင့် ရခိုင် အစွန်းရောက် များက ဇန်န၀ါရီလ ၁၃ ရက်နေ့ ညသန်းခေါင်ယံ ဇန်န၀ါရီလ ၁၄ ရက် နံနက် လင်းအားကြီး (၁) နာရီ အချိန်တွင် သေနတ်ဖြင့် ပစ်ခတ်၊ ဓါးများဖြင့် ခုတ်ခဲ့ရာ ကလေးငယ်များ အပါအ၀င် လူပေါင်း ၁၀၀ ကျော် သေဆုံး ခဲ့ပြီး၊ အလောင်း များကို အာဏာပိုင် များက ဖျောက်ဖျက် ထားကြောင်း၊ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ဥစ္စာ ပစ္စည်း များကိုလည်း ရခိုင် အစွန်းရောက် များနှင့် ရဲများက ယူဆောင် သွားကြောင်း စသည့် အဖြစ်မှန် များကို တင်ပြ ခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။ 

အလယ်သံကျော်မှ ဒေသခံ တစ်ဦးက ၎င်း၏ ရွာမှ မိသားစု တစ်စုကို ဥရောပ သံတမန် အဖွဲ့ တွေ့ ဆုံ၍ ခေါ်ဆောင် သွားပြီး၊ ရဲများက သင်ကြား ပေးသည့် အတိုင်း သံတမန် အဖွဲ့ကို ပြောဆိုရန် မှာကြား ခဲ့ကြောင်း သိရှိ ရပါသည်။ 

ခရမြိုင် ရခိုင်ရွာနှင့် ဒုချီရာတန်း ရွာတို့သည် ရွာအုပ်စု ချင်းမတူဘဲ သီးခြားစီ ဖြစ်သည်။ ရဲတပ် ကြပ် ကြီး အောင်ကျော်သိန်းနှင့် အဖွဲ့သည် ဒုချီးရာတန်း ရွာသို့ ကင်းလှည့်လည်ရန် တာဝန် မရှိဘဲ ၎င်းတို့ ကျူးလွန်ခဲ့ သည့် လူသတ် မှုကြီးကို သိရှိ သွားသည့် သူများကို နှုတ်ပိတ်ရန် ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။ ဒုချီရာတန်းကို ကင်းလှည့်မည် ဆိုလျှင် ကင်းချောင်းရှိ ရဲကင်းစခန်းမှ တာဝန်ကျ ရဲများသာ ကင်းလှည့် ရ မည် ဖြစ်သည်။ ညမထွက်ရ အမိန့် ထုတ်ပြန် ထားသည့် အချိန်တွင် မည်သည့် ရွာသားမှ ထွက်၍ ၎င်းတို့ကို ရန်မူရန်လည်း အကြောင်း မရှိပေ။ 

ဇန်န၀ါရီလ ၂၈ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြသခဲ့သည့် ဓါတ်ပုံ များနှင့် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော် သမ္မတရုံးမှ ညွန်ကြားရေးမှူး မှူးဇော် (ခ) ဇော်ဌေးတို့ ဖြန့်ချီ နေသည့် ဓါတ်ပုံ များမှ လုပ်ကြံ၍ ရိုက်ထားသည့် ဓါတ်ပုံ များသာ ဖြစ်သည်ဟု ဒေသခံ အများစုက RB News သို့ ပြောပါသည်။ 

ဒေသခံ များနှင့် တွေ့ဆုံပွဲ အပြီးတွင် ဥရောပ သံတမန် အဖွဲ့ကို ဒုချီရာတန်း အနောက်ရွာ မီးလောင် သည့် နေရာသို့ ခေါ်ဆောင်၍ ပြသခြင်း မရှိခဲ့ကြောင်း သိရှိ ရပါသည်။


Comment ရေးရန်

Pages 22123456 »
Rohingya Exodus