April 01, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဖရုံချောင်းမှ ဒေသခံ နှစ်ဦးကို အမှုဆင်၍ ငွေညှစ်

RB News
3.1.2014

ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ဖရုံချောင်း ကျေးရွာ အုပ်စုမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို ရဲတပ်ဖွဲ့ဝင် များက ဖမ်းဆီး၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

၂၀၁၃ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ်၊ ညောင်ချောင်း ကျေး ရွာ အခြစိုက် ရဲကင်းစခန်းမှ တာဝန်ခံ ဦးသန်းကျော်နှင့် ရဲတပ်ဖွဲ့ဝင် များသည် ညောင်ချောင်း ကျေးရွာ အနီးရှိ ဖရုံချောင်း ကျေးရွာ အုပ်စု၊ ဒူးတန်းရွာသို့ သွားရောက်ပြီး ဦးနူရ်အာမတ် (ဘ) ဦးဒေါလိလ် ရာမန် (အသက် ၃၈ နှစ်) နှင့် ဦးအဘူလ် ဟာရှိမ်း (ဘ) ဦးအဘူလ် အာမတ် (အသက် ၃၂ နှစ်) တို့ကို ဖမ်းဆီး၍ ရဲကင်း စခန်းသို့ ခေါ်ယူ သွားခဲ့သည်။ 

အပြစ်မဲ့ ဖမ်းဆီး ခံရသူ နှစ်ဦးကို ရဲကင်း စခန်းတွင် ရိုက်နှက် နှိပ်စက်ပြီး၊ တရားမ၀င် ဖုန်းသုံးစွဲ နေကြောင်း၊ မလေးရှားသို့ လူကုန်ကူး နေကြောင်းနှင့် မတရားမ၀င် တောင်ယာ လုပ်နေသည်ဟု စွပ်စွဲ ခဲ့သည်။ ထို့နောက် အဆိုပါ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ နှစ်ဦးထံမှ ငွေကျပ် တစ်သိန်းစီ ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ဒူးတန်း ကျေးရွာသည် မြို့နှင့် အလွန် ဝေးကွာသည့် နေရာတွင် ရှိပြီး၊ ဌာန ဆိုင်ရာ များနှင့်လည်း အလွန် အလှမ်းဝေး သောကြောင့် ရဲကင်း စခန်းမှ ရဲများက ၎င်းတို့ စိတ်တိုင်းကျ ပြုလုပ် လျက်ရှိသည်ဟု ဒေသခံ များမှ ပြောပါသည်။


Comment ရေးရန်

Pages 22123456 »
Rohingya Exodus