April 07, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မောင်တောမြို့၌ ၂၀၁၄ သန်းခေါင်စာရင်း အကြောင်း ဟောပြောပွဲများ ကျင်းပ

RB News
8.1.2014

မောင်တော ။ ။ ၂၀၁၄ ခုနှစ် မတ်လတွင် လူဦးရေ စာရင်း ကောက်ခံမည်ဖြစ်သည့် အတွက် လူဝင်မှု ကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှတာဝန်ရှိပုဂ္ဂိုလ် များသည် ရခိုင် ပြည် နယ်၊ မောင်တော မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ အုပ်စု အလိုက် ကွင်းဆင်း၍ လူဦးရေ စာရင်း ကောက် ခံခြင်းနှင့် ပတ် သက်၍ ရှင်းလင်း ဟောပြောပွဲများ ကျင်းပလျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

လူဦးရေ စာရင်း ကောက်ခံခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ဟောပြောပွဲ များကို မောင်တော မြို့ နယ်၊ မြောက်ပိုင်း မြောတောင် ကျေးရွာ အုပ်စုရှိ အထက်တန်း ကျောင်းတွင် ယနေ့ နံနက် (၈း၃၀) နာရီမှ (၁၀) နာရီထိ လည်းကောင်း၊ ဓားကြီးစား ကျေးရွာ အုပ်စုတွင် (၁၁) နာရီမှ (၁၂) နာရီထိ လည်းကောင်း၊ သူဦးလာ ကျေးရွာ အုပ်စုတွင် နေ့လည် (၁) နာရီမှ (၂း၃၀) နာရီထိ လည်းကောင်း ပြုလုပ် ခဲ့ကြောင်း ဒေ သခံ တစ်ဦးက RB News သို့ ပြောပါသည်။

အဆိုပါ ဟောပြောပွဲ များကို မောင်တော မြို့နယ် ကျီးကန်းပြင် ကျေးရွာ အခြေစိုက် မကဖ အဖွဲ့မှ အဖွဲ့ခွဲမှူး လ၀က ဦးစီး အရာရှိ ဦးမောင်မောင်အေး ဦးဆောင်သော အဖွဲ့က ရှင်းလင်း ဟောပြောခြင်း ဖြစ်သည်။ 

မြောတောင် ကျေးရွာအုပ်စုရှိ အထက်တန်း ကျောင်းတွင် ပြုလုပ်သော သန်းခေါင် စာရင်း အကြောင်း ရှင်း လင်းဟောပြောပွဲသို့ဒေသခံရိုဟင်ဂျာ၅၀၀ကျော်တက်ရောက်ခဲ့ပြီး၊တက်ရောက်ခဲ့သူများကိုယ် စား မော်လ၀ီ ဦးအာဇီဇူ ရာမန်က "ကျွန်တော် တို့သည် မျိုးရိုး စဉ်ဆက် ရိုဟင်ဂျာ လူမျိုး များ ဖြစ် ပါ သော်လည်း၊ အစိုးရ ဘင်္ဂလီလို့ ရေးသွင်း ဖြည့်စွက်လျက် ရှိပါသဖြင့်၊ ကျွန်တော် တို့က ၂၀၁၄ သန်းခေါင် စာရင်းတွင် ရိုဟင်ဂျာ လို့ ရေးသွင်း ဖြည့်စွက် ပါက နိုင်ငံတော် အစိုးရမှ ကျွန်တော် တို့ကို အရေးယူ ပါမည်လား" ဟု လ၀က ဦးစီး အရာရှိ ဦးမောင်မောင်အေး ကိုမေးမြန်းရာ - "ရိုဟင်ဂျာတော့ နည်းနည်းဘဲ တွေ့ရ ပါတယ်။ အစိုးရ ကတော့ ဘင်္ဂလီလို့ အသိအမှတ် ပြုပါတယ်။ ၂၀၁၄ သန်းခေါင် စာရင်းမှာ အားလုံးက တညီတညွတ် တည်း ရိုဟင်ဂျာလို့ ရေးသွင်း ဖြည့်စွက် ပါက ဘင်္ဂလီ ပျောက်ဆုံးမှာ ဖြစ် ပါတယ်" ဟု ဦးမောင်မောင်အေး က ဖြေကြား ခဲ့ကြောင်း သိရှိ ရပါသည်။

 

Comment ရေးရန်

Pages 22123456 »
Rohingya Exodus