March 26, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရှေ့နေ ဦးကျော်လှအောင်အား ယနေ့ ရုံးတင် စစ်ဆေး




Jack Marson
RB News
3.1.2014

စစ်တွေ မြို့တွင် အကျဉ်းကျ ခံနေ ရသော ရှေ့နေ ဦးကျော်လှအောင်အား ယနေ့ ၂၀၁၄ ခုနှစ် ဇန်န ၀ါရီ လ (၃) ရက်နေ့တွင် ရုံးတင် စစ်ဆေး

နိုင်ငံတော် သမ္မတ၏ လွှတ်ငြိမ်း ချမ်းသာ ခွင့်ဖြင့် နိုင်ငံရေး အကျဉ်းသား များနှင့် အကျဉ်းသား အများစု လွတ်မြောက် လာခဲ့သည်။ ယမန်နှစ်က ရခိုင် ပြည်နယ်တွင် ဖမ်းဆီး ခံရသည့် ရှေ့နေ ဦးကျော် လှအောင် ၊ ဒေါက်တာ ထွန်းအောင် တို့ကို လွှတ်ပေးရန် နိုင်ငံ တကာမှ တောင်းဆို နေသော်လည်း ယနေ့ အချိန်ထိ လွတ်မြောက် လာခြင်း မရှိသည်ကို တွေ့ရှိ ရသည်။ ဦးကျော်လှအောင်သည် ရခိုင် အရေး အခင်း နောက် ပိုင်းတွင် ဒုတိယ အကြိမ် အဖြစ် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့တွင် အာဏာပိုင် များ၏ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရပြီး၊ ၎င်းကို စစ်တွေ အကျဉ်းထောင်တွင် ထိန်းသိမ်း ထားသည်။ 

ဦးကျော်လှအောင်ကို အမှု (၇) မှုဖြင့် တရားစွဲဆို ထားပြီး၊ ယနေ့ အချိန်ထိ တရား စီရင်ခြင်း မရှိကြောင်း သိရှိ ရသည်။ ဦးကျော်လှအောင်၏ အမှုတွဲသည် စစ်တွေ ခရိုင် တရားရုံးတွင် မရှိဘဲ၊ နေပြည်တော် စီစစ်ရေး ကောင်စီသို့ ရောက်ရှိ နေသည်မှာ ကြာနေပြီ ဖြစ်သော်လည်း ရခိုင် ပြည်နယ်၊ ခရိုင် တရားရုံးတွင် ၎င်း၏အမှုတွဲမရှိဘဲယနေ့ရုံးတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဦးကျော်လှအောင်အား တရားရုံး တွင် ခေါ်ဆောင် လာကာ ရက်ချိန်းများသာ ပေးလျက် ရှိပြီး၊ နောက်ထပ် တဖန် ၂၀၁၄- ခုနှစ်၊ ဇန်န၀ါရီလ (၁၀) ရက်နေ့တွင် ရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း သတင်း ရရှိ ပါသည်။

ရှေ့နေ ဦးကျော်လှအောင် သည် အသက် (၇၄) နှစ် အရွယ်တွင် ထပ်မံ ဖမ်းဆီး ခံရခြင်း ဖြစ်ပြီး၊ ရခိုင် အရေး အခင်း နောက်ပိုင်း ၂၀၁၂ ခုနှစ် ဇွန်လ (၁၁) ရက်နေ့တွင် အကြမ်းဖက် သမား များနှင့် အဆက် အသွယ် လုပ်ခဲ့သည်ဟု မဟုတ် မမှန်သော စာရွက်များ ပြကာ၊ ၎င်း၏ နေအိမ်မှ လက်နက် သေတ္တာ နှစ် လုံး ရခဲ့သည်ဟု စွပ်စွဲ ခဲ့ပြီး၊ ရခိုင် ပြည်နယ် အစိုးမှ ၎င်းအား စာရွက် စာတမ်း အတု အချို့နှင့် ခြိမ်းခြောက် ခဲ့သည်။ 

ထို့နောက် ၂၀၁၃ ခုနှစ် သြဂုတ်လ (၁၆) ရက်နေ့တွင် သမ္မတ၏ လွှတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်မြောက် လာပြီး၊ ထပ်မံ၍ တစ်ခါ ဖမ်းဆီး ခံရခြင်း ဖြစ်ပါသည်။ ဦးကျော်လှအောင်သည် ၁၉၈၆- ခုနှစ်တွင် လယ်သ မား တစ်စု၏ မြေယာ သိမ်းပိုက်ခံ ရမှု အပေါ် အမှု လိုက်ပါ ဆောင်ရွက် ခဲ့မှုကြောင့် ဖမ်းဆီး ခံရပြီး၊ ၁၉၉၀- ခုနှစ်တွင် တစ်ကြိမ် ဖမ်းဆီး ခံခဲ့ ရသူလည်း ဖြစ်ပါသည်။

ဦးကျော်လှအောင်သည် နယ်စည်း မခြား ဆရာဝန်များ အဖွဲ့ (ဟော်လန်) တွင် အုပ်ချုပ် ရေးမှူး အဖြစ် တာဝန် ထမ်းဆောင် နေစဉ် ၎င်း၏ အိမ်အား ရခိုင် အစွန်းရောက် များက လာရောက် ဖျက်ဆီးကာ၊ ၎င်း အား အယ်လ် ကိုင်ဒါး အဖွဲ့နှင့် အဆက် အသွယ် ရှိခဲ့သည်ဟု မဟုတ် မတရား စွပ်စွဲပြီး ရခိုင် ပြည်နယ် အစိုးရမှ ဖမ်းဆီး ခဲ့သော်လည်း၊ အပြစ် တစ်စုံ တရာ မရှိသောကြောင့် သမ္မတ၏ လွှတ်ငြိမ်း ချမ်းသာခွင့် နှင့် လွှတ်မြောက် လာခဲ့ခြင်း ဖြစ်ပြီး၊ ယခု ထပ်မံ ဖမ်းဆီး ခံရပြီးနောက် အမှု (၇) မှုနှင့် တရား ရင်ဆိုင် နေ ရကြောင်း သိရှိ ရပါသည်။ နိုင်ငံ တကာမှ ၎င်းအား လွှတ်ပေးရန် ဖိအားပေး တောင်း ဆို နေသော် လည်း နိုင်ငံတော် သမ္မတ၏ လွှတ်ငြိမ်း ချမ်းသာခွင့်တွင် ပါမလာ ခဲ့ကြောင်း သတင်း ရရှိပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus