April 24, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဘာသာရေး လွတ်လပ်ခွင့် နိမ့်ကျတဲ့ စာရင်းမှာ မြန်မာပါဝင်

USCIRF 2014 Report Cover


1.5.2014

အမေရိကန် အစိုးရရဲ့ နိုင်ငံတကာက ဘာသာရေး လွတ်လပ်ခွင့် အခြေအနေ လေ့လာ စောင့်ကြည့်နေတဲ့ အဖွဲ့က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု တွေက ဘာသာရေး လွတ်လပ်ခွင့် တွေကို ဥပဒေကြောင်း အရ အကာကွယ် မပေးနိုင်တဲ့ အပြင်၊ မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှု တွေကိုလည်း ထိထိ ရောက်ရောက် ကိုင်တွယ် ဖြေရှင်း ပေးနိုင်ခြင်း မရှိဘူးလို့ ပြောဆိုလိုက် ပါတယ်။

အမေရိကန် အစိုးရရဲ့ မူဝါဒချမှတ်ရေး ဆိုင်ရာမှာ အကြံပေး အဖွဲ့အစည်း တခုဖြစ်တဲ့ US Commission of International Religious Freedom (USCIRF) အဖွဲ့ရဲ့ တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး ၂၀၁၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ အခုလို ရေးသားထားတာ ဖြစ်ပါတယ်။ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားအောင် လှုံ့ဆော်မှုတွေ၊ အထူးသဖြင့် ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ဖြစ်ပွားနေတာကို လျော့ပါးသွားအောင် ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်မှုတွေမှာ ရဲတပ်ဖွဲ့က ထိထိရောက်ရောက် ကြားဝင်ဟန့်တားနိုင်ခဲ့ခြင်း မရှိသလို၊ အစိုးရ အနေနဲ့လည်း ဒီကိစ္စအပေါ် ကိုင်တွယ် လုပ်ဆောင်မှုတွေ အားနည်းတယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာနဲ့ ကမန် မွတ်ဆလင်တွေအပေါ် အစိုးရက အားပေးတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ အစိုးရက လစ်လျူရှုထားတဲ့ အကြမ်းဖက်မှုတွေဟာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်တယ်၊ နောက်ပြီး ကချင်ဒေသမှာ ဆိုရင်လည်း ခရစ်ယာန် ဘာသာဝင်တွေအပေါ် ဖိနှိပ်ဆက်ဆံမှုတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံကို အထူးစိုးရိမ်စရာကောင်းတဲ့ နိုင်ငံများစာရင်း CPC မှာ ဆက်လက် ထည့်သွင်းဖို့ ထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကို တင်ပြထားပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက မြန်မာနိုင်ငံကို အထူးစိုးရိမ်ရတဲ့ နိုင်ငံ CPC အဖြစ် ၁၉၉၉ ခုနှစ်ကတည်းက သပ်မှတ်ထားခဲ့တာပါ။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus