နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေမှ ဒုက္ခသည် တစ်ဦး၏ ကားကို စစ်တပ်မှ ဗိုလ်မှူး တစ်ဦးက မတရားသိမ်းယူ

ဦးမောင်ဖြူ၏ ရှမ်းစတား ဂျစ်ကား

ဦးမောင်ဖြူကို အတင်းအဓမ္မ လက်မှတ်ထိုး ခိုင်းခဲ့သည့် အရောင်း အ၀ယ် စာချုပ်


RB News
1.5..2014

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ သက္ကေပြင် ဒုက္ခသည်စခန်းမှ ဒုက္ခသည် တစ်ဦး၏ ရှမ်းစကား ဂျစ်ကား တစ်စီးကို အမှတ် (၃၅၄) ခြေမြန် တပ်ရင်းမှ ဗိုလ်မှူး ထွန်းလင်းအေးက ဧပြီလ (၃၀) ရက်နေ့တွင် မတရား သိမ်းယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖြစ်ပွားပုံမှာ ကားပိုင်ရှင် ဖြစ်သူ ဦးမောင်ဖြူ (ခ) ဦးအလီဟူစိန်းနှင့် ကိုစိုးမြင့် ဆိုသူသည် စီးပွားဖက်များ ဖြစ်ကြပြီး၊ ငွေကြေး ကိစ္စကြောင့် ယခင် သက္ကေပြင် ကျေးရွာ အုပ်ချုပ်ရေးရုံးတွင် ပြဿနာ တစ်ရပ် ရှင်းခဲ့ရသည်။ ယခုလည်း ၎င်းတို့ နှစ်ဦး ပြဿနာ ဖြစ်ရာ ကိုစိုးမြင့်က အမှတ် (၃၅၄) ခြေမြန်တပ်ရင်းမှ ဗိုလ်မှူး ထွန်းလင်အေးကို ကြားဝင် ဖြေရှင်း ပေးရန် အကူအညီ တောင်းခဲ့သည်။ ဗိုလ်မှူး ထွန်းလင်းအေးက ၎င်းတို့ နှစ်ဦးကို ဧပြီလ (၃၀) ရက်နေ့ နံနက် ၈ နာရီတွင် လာရောက်ရန် ခေါ်ခဲ့သော်လည်း ဦးမောင်ဖြူက ၈း၄၅ မိနစ်တွင် ရောက်ရှိသွားပြီး၊ ၄၅ မိနစ် နောက်ကျခဲ့သည်။ ၄၅ မိနစ် နောက်ကျမှ ရောက်သည်ကို အကြောင်းပြု၍ ဗိုလ်မှူး ထွန်းလင်းအေးက ၄၅ မိနစ် အတွက် ၄၅ သိန်း ဒဏ်ငွေ ဆောင်ရမည်ဟု ဆိုကာ ဦးမောင်ဖြူ၏ ကားသော့ကို လုယူခဲ့သည်။

ထို့နောက် ဦးမောင်ဖြူကို အရောင်း အ၀ယ် စာချုပ်တွင် အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းပြီး ဦးမောင်ဖြူ ပိုင်ဆိုင်သည့် ရှမ်းစကား ဂျစ်ကား နံပါတ် ၅ခ/၅၄၀၄ ကို ငွေကျပ် ၃၅ သိန်း ဖြင့် တန်ဖိုး ဖြတ်၍ ဒဏ်ငွေ ၄၅ သိန်းမှ ကျန်သည့် ၁၀ သိန်းကို ပေးရန် ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အားကိုးရာမဲ့ ဖြစ်နေသည့် ကားပိုင်ရှင် ဦးမောင်ဖြူကို ငွေကျပ် ၁၀ သိန်းအတွက် ညနေပိုင်းတွင် စစ်သားများ လွှတ်၍ ဖမ်းဆီး ခိုင်းခဲ့သော်လည်း မတွေ့ရှိ သဖြင့် ဖမ်းဆီး၍ မရခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ထို့အပြင် ဦးမောင်ဖြူ၏ အိမ်ရှေ့တွင် စီထားသည့် အုတ်များမှာ ငွေကျပ် သုံးသိန်းခန့် တန်ဖိုးရှိပြီး၊ အဆိုပါ အုတ်များကိုလည်း သိမ်းယူမည်ဟု ဗိုလ်မှူးထွန်းလင်းအေး ပြောခဲ့ကြောင်း သိရှိရပါသည်။

ဗိုလ်မှူးထွန်းလင်းအေးနှင့် ၎င်း၏ လက်အောက် ငယ်သား များသည် မန်စီ ဒုက္ခသည် စခန်းရှိ ဒုက္ခသည် များကို နည်းအမျိုးမျိုးဖြင့် ညှဉ်းပန်း နှိပ်စက်နေပြီး၊ မရှိဆင်းရဲသည့် ဒုက္ခသည်များထံမှ ငွေကျပ် ၃ သောင်းမှ ၅ သောင်းအထိ အကြောင်း အမျိုးမျိုးပြ ခြိမ်းခြောက်၍ ငွေညှစ်ခြင်း မကြာခဏ ပြုလုပ်လေ့ ရှိသည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus