နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖုန်းအားသွင်းကြိုး အပျက် ရှိနေသည်ကို အကြောင်းပြ၍ ဒေသခံ (၃) ဦးထံမှ ငွေကျပ် ၆ သိန်းညှစ်




RB News
31.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဝေလီဒေါင်း ကျေးရွာ အုပ်စု အတွင်းသို့ တပ်မတော် စစ်ကြောင်းမှ စစ်သားများ ၀င်ရောက်၍ ရှာဖွေမှုများ ပြုလုပ်ပြီး ဖုန်းအားသွင်းကြိုး အပျက် ရှိနေသည်ကို အကြောင်းပြ၍ ဒေသခံ ရိုဟင်ဂျာ (၃) ဦးထံမှ ငွေကျပ် ၆ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း၊ ယခင် အမှတ် (၂) နယ်မြေ အပိုင် ဝေလီဒေါင်း ကျေးရွာ အုပ်စု၊ သက်ရွာတွင် လုံခြုံရေး တာဝန် ယူထားသည့် တပ်မတော် တပ်ရင်း အမှတ် (၅၆၄) မှ ဗိုလ်ကြီး တစ်ဦး ဦးဆောင်သည့် စစ်သားများသည် ဇန်န၀ါရီလ ၂၉ ရက်နေ့ ည ၁၂ နာရီခန့် အချိန်တွင် ဝေလီဒေါင်း ကျေးရွာ အုပ်စုနှင့် အောင်ဇံ ကျေးရွာ အုပ်စု အတွင်းရှိ ဒေသခံ ရိုဟင်ဂျာ များ၏ အိမ်များ၌ တရားမ၀င် ၀င်ရောက် နေထိုင်သူများ စစ်ဆေးရန် ရှိသည်ဟု အကြောင်းပြပြီး ၀င်ရောက်ပြီး ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ ထိုသို့ ရှာဖွေစဉ် ဒေသခံ ရိုဟင်ဂျာ အိမ် (၃) အိမ်မှ ဟောင်းနွမ်းနေသည့် ဖုန်းအားသွင်းကြိုး အပျက် (၃) ကြိုး ရရှိခဲ့သည်ကို အကြောင်းပြ၍ အောင်ဇံ ကျေးရွာ အုပ်စု၊ ဝေလီတောင် ကျေးရွာမှ ဒေသခံ (၃) ဦးထံမှ ငွေကျပ် ၂ သိန်းစီ - စုစုပေါင်း ငွေ ၆ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ငွေညှစ်ခံရသူ (၃) ဦးမှာ --

(၁) ဦးဆွေဒူလ်အစ္စလာမ် (ဘ) ဦးအဒူကော်ရီးမ် (အသက် ၄၂ နှစ်)
(၂) ဦးမိုဟာမတ်အီဆုပ် (ဘ) ဦးနော်ဇီအာမတ် (အသက် ၃၈ နှစ်)
(၃) ဦးအဘူတာဟဲရ် (ဘ) ဦးနော်ဇီအာမတ် (အသက် ၄၅ နှစ် -- တို့ဖြစ်သည်။

ဖုန်းအားသွင်းကြိုး အပျက် ရှိနေသည်မှာ ဥပဒေနှင့် ငြိစွန်းခြင်း မရှိသော်လည်း၊ လက်နက်ကိုင် အာဏာပိုင်များ၏ ခြိမ်းခြောက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုကို ကြောက်ရွံ၍ အဆိုပါ စစ်သားများ တောင်းသမျှ ငွေကို ပေးခဲ့ရခြင်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ဆုံးပိုင်းမှ စ၍ တပ်မတော်သား များလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ အကြောင်းမဲ့ ငွေညှစ်ခြင်း၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း များကို အဆက်မပြတ် ပြုလုပ်လျက် ရှိသည်။

Comment ရေးရန်

Rohingya Exodus