March 26, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

Geroge Soros နှင့် ရိုဟင်ဂျာ ကိုယ်စားလှယ် အဖွဲ့ ရန်ကုန်မြို့တွင် တွေ့ဆုံ



RB News
7.1.2015

ရန်ကုန် ။ ။ အမေရိကန် ပြည်ထောင်စုမှ ဘီလီယံနာ သူဌေးကြီး၊ Open Society Foundation တည်ထောင်သူ Mr. George Soros နှင့် အဖွဲ့သည် ဇန်န၀ါရီလ (၆) ရက်နေ့ ည ၇ နာရီ အချိန်တွင် ရိုဟင်ဂျာ ကိုယ်စားလှယ် များနှင့် ရန်ကုန်မြို့ရှိ Chatrium Hotel တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သတင်း ရရှိပါသည်။


တွေ့ဆုံ ဆွေးနွေးပွဲသို့ Open Society Foundation တည်ထောင်သူ Mr. George Soros နှင့်အတူ ဥက္ကဌ ဖြစ်သူ Mr. Christopher Stone လည်းတက်ရောက် ခဲ့ပြီး၊ ရိုဟင်ဂျာ ကိုယ်စားလှယ်များ အဖြစ် ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ ဥက္ကဌ၊ ၁၉၉၀ ခုနှစ် ရွေးချယ်ခံ လွှတ်တော် အမတ်ဟောင်း၊ စီအာရ်ပီပီ အဖွဲ့ဝင်ဟောင်း ဦးကျော်မင်း၊ စစ်တွေမြို့မှ ရိုဟင်ဂျာများ လူ့အခွင့်အရေး ကာကွယ်သူ ဦးကျော်လှအောင်နှင့် အမျိုးသမီးများ ငြိမ်းချမ်းရေး ကွန်ယက် (အာရ်ကာန်) မှ ဒါရိုက်တာ ဒေါ်ဝေေ၀နုတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးနှင့် ရိုဟင်ဂျာ လူမျိုး အသိုင်းအ၀ိုင်း နှစ်ခု ငြိမ်းချမ်းစွာ ပြန်လည် အတူ ယှဉ်တွဲ နေထိုင်နိုင်ရေး အခြေအနေများ၊ အကြမ်းဖက်မှုများနှင့် ပတ်သက်သည့် အတွေ့အကြုံများ၊ တရား ဥပဒေ စိုးမိုးမှု၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ၊ ရိုဟင်ဂျာများ နိုင်ငံသား ဖြစ်ခွင့် ရရေး အတွက် ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများ၊ အိုးအိမ်မဲ့ ဖြစ်နေသည့် နှစ်ဖက် အသိုင်းအ၀ိုင်းမှ ဒုက္ခသည်များ အခြေအနေ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ကိစ္စရပ်များ၊ ကျောင်းသားများ အတွက် ပညာသင်ဆုမျာနှင့် ပတ်သက်သည် များကို ဆွေးနွေးခဲ့ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမ၀င် လာရောက်၍ အခြေချသူများ မရှိကြောင်း၊ ၁၈၂၆ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် ဗြိတိန် အစိုးရ၏ ကော်မရှင် ရုံးခွဲမှ ထုတ်ပြန်သည့် အစီရင်ခံစာ အရ အာရ်ကာန် ဒေသတွင် မော့ဂ် (ရခိုင်) ၆၀၀၀၀ နှင့် မွတ်စာလ်မန် (ရိုဟင်ဂျာ) ၃၀၀၀၀ ရှိခဲ့ကြောင်း၊ လူဦးရေ အားဖြင့် နှစ်အချိုးတစ် ရှိခဲ့ကြောင်းကို ယုတ္တိ ဗေဒနှင့် သင်္ချာနည်းကျကျ တွက်ချက်၍ Mr. George Soros ၏ မေးမြန်းချက် များကို ဖြေကြားခဲ့ကြောင်း ဦးရွှေမောင်က ရေးသား ထားသည်။ အစိုးရ၏ ကိန်းဂဏန်းများ အရ ၂၀၁၄ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ လူဦးရေ သုံးသန်းတွင် နှစ်သန်းမှာ ရခိုင်လူမျိုး ဖြစ်ပြီး ကျန်သည့် တစ်သန်းမှာ ရိုဟင်ဂျာ ဖြစ်နေသဖြင့် ၁၈၉ နှစ် ကြာမြင့် သွားသော်လည်း ယခု အချိန်ထိ လူဦးရေ အားဖြင့် နှစ်အချိုးတစ် ဖြစ်နေသည်မှာ အံ့အားသင့် စရာဖြစ်ကြောင်း၊ လူဦးရေ တိုးပွားမှု စံနှုန်းအရ တွက်ချက်လျှင် ရိုဟင်ဂျာ လူဦးရေ ၂.၅ သန်းကျော် ရှိနေမည် ဖြစ်သော်လည်း ပြည်တွင်းတွင် လူဦးရေ ၁.၅ သန်း မျှသာ ရှိပြီး ကျန်သည့် ရိုဟင်ဂျာများမှာ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ သြစတြေးလျ၊ ဗြိတိန်၊ အမေရိကား၊ ကနေဒါ အစရှိသည့် နိုင်ငံများသို့ ပြောင်းရွှေ့ အခြေချ နေထိုင်လျက် ရှိသည့် အတွက် ရခိုင်ဒေသသို့ တရားမ၀င် ၀င်ရောက်လာသူ မရှိဘဲ၊ တရားမ၀င် ထွက်ခွာနေခြင်းသာ ရှိကြောင်း ဦးရွှေမောင်၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသား ထားပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus