နောက်ဆုံးသတင်း/ဆောင်းပါးများ

ဝှိုက်ကဒ် လက်ခံဖြတ်ပိုင်း အတွက် ခြင်းသမား ကျေးရွာ အုပ်ချုပ်ရေးမှူးက ငွေကောက်ခံ



RB News
8.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ခြင်းသမား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ယာယီ သက်သေခံ ကဒ်ပြားများ အပ်နှံသူများကို လက်ခံဖြတ်ပိုင်း ထုတ်ပေးရာတွင် ငွေကြေး ကောက်ခံမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ရခိုင်ပြည်နယ် အ၀န်းတွင် ယာယီ သက်သေခံ ကဒ်ပြားများကို ဧပြီလ (၁) ရက်နေ့မှစ၍ ပြန်လည် သိမ်းဆည်းလျက်ရှိရာ၊ ယာယီ သက်သေခံ ကဒ်ပြားများ အပ်နှံသူများကို လက်ခံဖြတ်ပိုင်း ထုတ်ပေးရာတွင် ဘူးသီးတောင် မြို့နယ် ခြင်းသမား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအာရော်ဖ်က ရာအိမ်မှူး ဆယ်အိမ်မှူး များမှ တဆင့် ငွေကျပ် ၃၀၀ စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ယခင် တပ်မတော် ထောက်လှမ်းရေးနှင့် ပူးပေါင်း၍ တစ်ဦးတည်း ကိုယ်စားလှယ် လုပ်ငန်းများ ရယူပြီး ဒေသခံ ရွာသားများကို ခေါင်းပုံဖြတ်ပြီး စီးပွားရှာကာ ချမ်းသာ လာသူ တစ်ဦး ဖြစ်ပြီး၊ ၂၀၁၅ ခုနှစ် ဆွဲ၊တင်၊စစ် တွင်လည်း ရွာသားများကို အမှုအမျိုးမျိုးဆင်ကာ ငွေကျပ် သိန်း ၁၀၀ ကျော် ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ယာယီ သက်သေခံ ကဒ်ပြားများ သိမ်းဆည်း၍ လက်ခံဖြတ်ပိုင်း ထုတ်ပေးရာတွင် ငွေကြေး ကောက်ခံရန် နိုင်ငံတော်မှ ညွန်ကြားထားခြင်း မရှိသော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အခွင့် အာဏာကို အလွဲသုံးစား ပြုလုပ်၍ ငွေကြေး ကောက်ခံနေသဖြင့် ဒေသခံ ပြည်သူများမှာ ၀န်ထိုးဝန်ပိုး ဖြစ်လာသည့် အတွက် သက်ဆိုင်ရာ အာဏာပိုင်များမှ အမြန်ဆုံး အရေးယူ ဟန့်တား ပေးပါရန် တောင်းဆိုကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus