နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်သားများက ဒေသခံများ၏ နွားများကို ပစ်ခတ် ဖမ်းဆီး သတ်ဖြတ် စားသောက်



MYARF
RB News
27.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း အောင်ဇံ ကျေးရွာ အုပ်စုမှ ဒေသခံများ၏ နွားများကို စစ်သားများက သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီး၍ သတ်ဖြတ် စားသောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇူလိုင်လ (၂၃) ရက်နေ့က မောင်တော မြို့နယ် မြောက်ပိုင်း၊ အမှတ် (၂) နယ်မြေ၊ အောင်ဇံ ကျေးရွာ အုပ်စု၊ ကြောင်တိုးရွာမှ ဦးကာမာလ်ဟူစိန်း (ဘ) ဦးအဒူမာလဲခ်၏ ခြံပေါက် နွားတစ်ကောင်ကို ဝေလတောင်ရွာ စခန်း၌ တာဝန်ကျနေသည့် ခမရ (၅၆၄) မှ တပ်မတော်သားများက သေနတ်ဖြင့် ပစ်ခတ်၍ သတ်ဖြတ် စားသောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

အဆိုပါ စစ်သားများက ယခု ၁၅ ရက် အတွင်း သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီး၍ သတ်ဖြတ် စားသောက် နေသည်မှာ နွားသုံးကောင် ရှိပြီး ဖြစ်ကြောင်း၊ စစ်သားများက ပြည်သူများ၏ ဥစ္စာ ပစ္စည်းများကို ကာကွယ် ပေးရမည့် အစား ယခုကဲ့သို့ လိုင်စင်ရ သောင်းကျန်းသူများ သဖွယ် မတရားသဖြင့် နစ်နာအောင် ပြုလုပ်နေသည်ကို အထက် အရာရှိကြီးများက အမြန်ဆုံး အရေးယူ ဟန့်တား ပေးရန် လိုလားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus