နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ပြင်ဆိပ်မှ သေနတ်ကျည်ဆံ ထိမှန်သည့် လူငယ်တစ်ဦး ဆေးကုသခွင့်မရမှုကြောင့် သေဆုံး

RB News
13.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာမှ ရိုဟင်ဂျာ လူငယ်တစ်ဦးကို စစ်သားများက တနင်္ဂနွေနေ့က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသခွင့် မရခဲ့သောကြောင့် ယနေ့ သေဆုံးသွားခဲ့ရသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာသို့ အောက်တိုဘာလ (၉) ရက်နေ့တွင် မြန်မာစစ်တပ်က ၀င်ရောက် ပစ်ခတ်မှုကြောင့် အသက် ၂၀ နှစ် အရွယ် ရော်ဘီ (ဘ) ဦးအလီအဟမတ် သည် တင်ပါးတွင် ကျည်ဆံထိမှန်ခဲ့ပြီး ဆေးကုသမှု လုံးဝ မရခဲ့သောကြောင့် ယနေ့ အောက်တိုဘာလ (၁၃) ရက်နေ့ ညနေ (၅) နာရီ အချိန်တွင် သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

သေဆုံးသူ၏ အလောင်းကို အောက်တိုဘာလ (၁၄) ရက်နေ့တွင် သဂြိုဟ်မည်ဟု သိရှိရပြီး၊ ညအချိန်တွင် စစ်သားများက ရွာထဲဝင်ရောက်၍ အကြောင်းမဲ့ ပစ်ခတ်မှုများ ပြုလုပ်ခြင်းကြောင့် အလောင်းကို နေအိမ်တွင် ထား၍ မိဘများမှာ ရွာ၏ အပြင်သို့ ထွက်၍ တိမ်းရှောင်နေရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။



Comment ရေးရန်

Rohingya Exodus