နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒိုးတန်း၊ လာမ်ဘာဂူးနားမှ ဗလီအတွင်း စစ်သားများ ၀င်၍ ကျမ်းစာများ ဖျက်ဆီး၊ အိမ်များ၊ ဆိုင်များမှ လုယက်




RB News
20.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ လာမ်ဘာဂူးနား ကျေးရွာအတွင်းသို့ နိုဝင်ဘာလ (၁၉) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် စစ်သားများ ၀င်ရောက်၍ ဗလီအတွင်းရှိ ဘီဒိုများ ဖျက်ဆီးခြင်း၊ ခြံစည်းရိုးများ တံခါးများ ဖျက်ဆီးခြင်း အပြင် ကုရ်အာန်ကျမ်းမြတ်များကို လွင့်ပစ်ခြင်း၊ စုတ်ဖြဲခြင်းများ ပြုလုပ်ခဲ့သည်။
ကျေးရွာအတွင်းရှိ အိမ်များ အတွင်းသို့ ၀င်ရောက်၍ ပစ္စည်းများ ဖျက်ဆီးခြင်း၊ လုယက်ခြင်း၊ ဆိုင် (၇) ဆိုင်မှ ပစ္စည်းများ အားလုံး လုယက် ယူဆောင်သွားခြင်းများ ပြုလုပ်ခဲ့သည်။

ကျေးရွာမှ ဒေသခံတစ်ဦးမှ စစ်သားများ၏ လူမဆန်သော လုပ်ရပ်များကို ဗီဒီယိုရိုက်ကူး၍ ပေးပို့ထားသည်။ ဗီဒီယို၌ ပြောဆိုထားသည်များကို ဘာသာပြန်ပေးထားပါသည်။

ဘာသာပြန် --

ဒီနေ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့ စနေနေ့ နေ့လည် ၂ နာရီမှာ မောင်တောမြို့နယ် မြောက်ပိုင်း ဒိုးတန်းကျေးရွာအုပ်စု၊ လာမ်ဘာဂူးနားရွာမှာ စစ်သားတွေ ၀င်လာပြီး၊ ဗလီထဲကိုဝင်ပြီးတော့ ဘီရိုတွေ ဖျက်ဆီးပစ်တယ်။ ဘီရိုတွေအများကြီး ဖျက်ဆီးပစ်တယ်။ ဗလီရဲ့ တံခါးတွေကို ရိုက်ချိုးဖျက်ဆီးပစ်တယ်။ ကုရ်အာန်ကျမ်းမြတ်တွေကိုလည်း ဟိုဘက်ဒီဘက် လွင့်ပစ်တယ်။ ကုရ်အာန်ကျမ်းမြတ်တွေကို စုတ်ဖြဲတယ်၊ ပြီးတော့ ဟိုဟိုဒီဒီ လွင့်ပစ်တယ်။ ဗလီက တံခါးတွေကို ဖျက်တယ်။ ဘီရိုတွေအများကြီးကို ဖျက်ဆီးပစ်လိုက်ကြတယ်။ ဗလီထဲမှာ ရှိတဲ့ပစ္စည်းတော်တော်များများကို လုယူလိုက်ကြတယ်။ ကြည့်ပါ ဒီမှာ ကုရ်အာန်ကျမ်းမြတ်တွေကို ဘယ်လိုလုပ်ထားလဲ ကြည့်ပါ။

ပြီးတော့ ခြံစည်းရိုးတွေကို ဖျက်ပြီး ဘယ်လိုလုပ်လိုက်လဲဆိုတာကြည့်ကြပါ။ ဗလီရဲ့ လေးဘက်ပတ်ပတ်လည်မှာရှိတဲ့ ခြံစည်းရိုးအားလုံးကို ဖျက်ဆီးလိုက်တယ်။ စစ်သားတွေ ၀င်လာပြီး ဒါတွေအားလုံး ဖျက်ဆီးလိုက်တာတွေပါ။ ကြည့်ကြပါ။ ဒါတွေအားလုံး ဖျက်ဆီးပစ်လိုက်တာပါ။ ဘာဆိုဘာမှ ချန်မထားဘူး။ ပစ္စည်းတွေ အကုန်ယူပြီး ကားနဲ့တင်သွားလိုက်ကြတယ်။

လာမ်ဘာဂူးနားမှာ ဆိုင် (၇) ဆိုင်ရှိတယ်။ ဆိုင်တွေအားလုံးကို ဖျက်ဆီးတယ်။ ပြီးတော့ ဆိုင်ထဲမှာ ရှိသမျှ ပစ္စည်းတွေ အားလုံးကို ယူသွားကြတယ်။ အဲဒါကြောင့် ကျွန်တော်တို့ မွတ်စလင်တွေ အားလုံး စားဖို့သောက်ဖို့ပါ ခက်ခဲနေပါပြီ။ အရင်တစ်ခါလည်း ရွာထဲဝင်ပြီး အကုန်ယူသွားတယ်။ အဲဒီတုန်းက ကျွန်တော်တို့ ဗီဒီယိုရိုက်လို့ မရခဲ့ဘူး။ အခု ရိုက်ပြတာပါ။ အဲဒါကြောင့် ဒီနေ့သတင်း အားလုံး ပို့နေတာပါ။ ဆိုင်တွေ ဖျက်ဆီးတယ်ဆိုတာ ဗီဒီယိုထဲမှာ ကြည့်ကြပါ။ ဆိုင်သော့ကို ဖျက်မရတာတွေ အခုလို ထရံကို ဖျက်တယ်။ ပြီးတော့ လူတွေရဲ့ အိမ်တွေထဲကို ၀င်တယ်။ အိမ်ထဲမှာ ရှိတဲ့ မီး၊ အိုးအိမ် အခြားအသုံးအဆောင်၊ ထိုင်ခုံတွေကအစ အကုန်ဖျက်ဆီးပစ်တယ်။ အဲလိုပဲ ကြက်၊ ဘဲ တွေကို လေးခွနဲ့ ပစ်ဖမ်းပြီး ယူသွားကြတယ်။ အိမ်တွေထဲ ၀င်ပြီး လုယူသွားသလို၊ ဒီဆိုင်တွေကို ကြည့်ပါ။ ဆိုင် (၇) ဆိုင်ကနေ တစ်ဆိုင်က နှစ်သိန်းဖိုး ပစ္စည်းယူသွားတယ်။ နောက်တစ်ဆိုင်က တစ်သိန်းသုံးသောင်းဖိုးလောက် ယူသွားတယ်။ နောက်တစ်ဆိုင်က နှစ်သိန်းငါးသောင်းဖိုးလောက် ယူသွားတယ်။ 





Comment ရေးရန်

Rohingya Exodus