April 02, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ခမောင်းဆိပ်၊ သက်ကိုင်ညာရွာကို နယ်ခြားစောင့်ရဲများက ဧပြီလ (၂) ရက်နေ့မှစ၍ ၀န်းရံ ပိတ်ဆို့ထား

MYARF
RB News
6.4.2017

ခမောင်းဆိပ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ခမောင်းဆိပ်မြို့၊ သက်ကိုင်ညာရွာကို ဧပြီလ (၂) ရက်နေ့မှစ၍ နယ်ခြားစောင့်ရဲများက ၀န်းရံ ပိတ်ဆို့ထားကြောင်း သတင်းရရှိပါသည်။ 

ခမောင်းဆိပ်မြို့အပိုင် သက်ကိုင်ညာကျေးရွာအုပ်စု တစ်ခုလုံးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ရင်းမှူး တစ်ဦးနှင့် ရဲတပ်သား (၅၀) ခန့်ပါဝင်သော အဖွဲ့တစ်ဖွဲ့က ဧပြီလ (၂) ရက်နေ့မှစ၍ ၀န်းရံပိတ်ဆို့ထားပြီး ရွာသူရွာသားများကို သွားလာခွင့် ပိတ်ပင်ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အချို့တပ်ဖွဲ့ဝင်များသည် ရွာ၏ ဘေးပတ်လည်တွင် စောင့်လျက်ရှိပြီး၊ အချို့သည် ရွာတွင်းရှိ နေအိမ်များကို တစ်အိမ်တက်တစ်အိမ်ဆင်း ပိုက်စိတ်တိုက် ရှာဖွေလျက် ရှိသည်။ အိမ်ထောင်စုစာရင်းများကို ကိုင်တွယ်၍ မိသားစုဝင်များကို တစ်ဦးချင်း စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။ 

ဧပြီလ (၅) ရက်နေ့တွင် အဒူရှကူရ် (ဘ) ဦးအဒူလ်ဟာဘီ (အသက် ၂၃ နှစ်) ကို နေအိမ်မှ ဖမ်းဆီး၍ နယ်မြေ (၂) အောင်ဇူစခန်း (နယ်မြေရုံး) သို့ ခေါ်ဆောင်သွားပြီး တစ်ညလုံး ရိုက်နှက်နှိပ်စက်ခဲ့ရာ အသည်းအသန် ဖြစ်လာသောကြောင့် မနက်မိုးလင်းချိန်တွင် တမန်းသား ဆေးခန်းသို့ ပို့ဆောင်၍ ဆေးကုသပြီးမှ သတိပြန်လည် ရခဲ့ကြောင်း၊ နယ်ခြားစောင့်ရဲများက ရိုက်နှက်၍ သေသွားသည်ဟု ပြောဆို၍ မရအောင် ယနေ့ ဧပြီလ (၆) ရက်နေ့ ည ၆ နာရီအချိန်တွင် နေအိမ်သို့ ပြန်လွှတ်လိုက်ကြောင်း၊ နေအိမ်တွင် သေဆုံးသွားမည့် အခြေအနေ ဖြစ်နေသည်ဟု ဒေသခံများက ပြောပါသည်။ 

သက်ကိုင်ညာကျေးရွာကို ယနေ့ထိ ၀န်းရံ ပိတ်ဆို့ထားပြီး၊ ကျေးရွာတွင်းရှိ သြဇာရှိ မော်လ၀ီကြီးများ၊ ခေတ်ပညာတတ်များ (၃၀) ခန့်ကို ဖမ်းဆီးရန် အပူတပြင်း လိုက်လံရှာဖွေနေကြောင်း၊ တွေ့သူကိုဖမ်း၊ မိသူကို ဘ၀တုံးသွားအောင် ရိုက်နှက်လျက် ရှိသည်ကို မြင်တွေ့ရ၍ စိုးရိမ်မှုကြောင့် နေအိမ်များတွင် မအိပ်နိုင်ကြောင်း၊ တစ်ရွာလုံးကို ပိတ်ဆို့ထားသောကြောင့် အလုပ်အကိုင် မလုပ်နိုင်ဘဲ စားသောက်ရေး အခက်အခဲ ကြုံတွေ့လျက် ရှိနေကြောင်း၊ ကလေးသူငယ်များမှာ ကြောက်လန့်စိတ်လွန်ကဲပြီး စိတ်ကျရောဂါများ တိုးပွားနေသည်ဟု ဒေသခံများက ဆိုသည်။




Comment ရေးရန်

Pages 22123456 »
Rohingya Exodus