March 14, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မောင်တော ရွှေဇားမှ ဒေသခံတစ်ဦးကို ညမထွက်ရ အမိန့် ဖောက်ဖျက်သည်ဟု လုပ်ကြံစွပ်စွဲ၍ ထောင်ဒဏ် ၃ လ ချမှတ်

Rohingya Eye
RB News
31.5.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးကို ညမထွက်ရ အမိန့် ကျူးလွန် ဖောက်ဖျက်သည်ဟု လုပ်ကြံစွပ်စွဲ၍ ထောင်ဒဏ် (၃) လ ချမှတ်လိုက်ကြောင်း သတင်းရရှိပါသည်။

မေလ (၂၄) ရက်နေ့ ည ၈း၃၀ နာရီခန့် အချိန်တွင် မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု၊ ဂူးနာရွာမှ ဦးအာနီးစ်အူလ္လာ (ဘ) ဦးရှော်ဖီအူလ္လာ (အသက် ၃၈ နှစ်) သည် ၎င်းနေထိုင်ရာ ကျေးရွာအတွင်းရှိ အခြားနေအိမ်တစ်အိမ်မှ ၎င်း၏ နေအိမ်သို့ ပြန်လာနေစဉ် ၎င်း၏ အိမ်ရှေ့ရှိ ရွှေဇားတံတားအနီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ဖမ်းဆီးချုပ်နှောင်ထားပြီး မေလ (၂၅) ရက်နေ့တွင် နယ်မြေ (၆) ကျောက်လှေကား နယ်မြေရုံးသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

ဦးအာနီးစ်အူလ္လာသည် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ကျူးလွန်ဖောက်ဖျက်ခဲ့ခြင်း မဟုတ်ခဲ့သော်လည်း နယ်ခြားစောင့်ရဲများက ဖမ်းဆီးချုပ်နှောင် ထားပြီး စခန်းထဲတွင် ည ၉  နာရီကျော်သောအခါ ညမထွက်ရ အမိန့်ကို ဖောက်ဖျက်ခဲ့သည်ဟု လုပ်ကြံစွပ်စွဲခြင်းသာ ဖြစ်သည်ဟု ဒေသခံရွာသားများက RB News သို့ပြောပါသည်။

၎င်းအား ညမထွက်ရအမိန့်ကို ဖောက်ဖျက်သည်ဟု ဆိုကာ ထောင်ဒဏ် (၃) လ ချမှတ်ခဲ့ပြီး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီကလည်း ၎င်းကို ညမထွက်ရ အမိန့် ဖောက်ဖျက် ကျူးလွန်သည်ဟု ဆိုကာ မေလ (၂၆) ရက်နေ့တွင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။

မောင်တောမြို့နယ် အတွင်း နေရာအနှံ့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ည ၇ နာရီကျော်လျှင် လမ်းတစ်လျှောက် ရိုဟင်ဂျာများကို တွေ့ရှိပါက ငွေညှစ်ခြင်း၊ ငွေမရပါက ပုဒ်မ ၁၄၄ ကို ကျူးလွန်ဖောက်ဖျက်သည်ဟု လုပ်ကြံစွပ်စွဲ၍ ထောင်ချခြင်းများ မကြာခဏ ပြုလုပ်လျက်ရှိပြီး၊ အခြားလူမျိုးများ ည ၁၀ နာရီကျော်တွင် သီချင်းများ သီဆို၍ ဆူဆူညံညံ ပြုလုပ်လျှင်လည်း စစ်ဆေးမေးမြန်းခြင်း၊ ဖမ်းဆီးခြင်း မပြုလုပ်ကြောင်း ဒေသခံများက ပြောပါသည်။

“အခုလို ဖမ်းဆီးတာက ရိုဟင်ဂျာဖြစ်နေလို့ တမင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာပါ။ အခု ဥပုသ်လမှာ ညပိုင်း ၀တ်ပြုလို့လည်း မရဘူး။ တကယ်တမ်း ည ၉  နာရီမထိုးခင် စစ်ဆေးရင်တောင် စစ်ဆေးတဲ့ အချိန်ကို ည ၉  နာရီခွဲ နောက်ပိုင်းလို့ ရေးသားပြီး မှတ်တမ်းတင်တယ်။ တရားဥပဒေ စိုးမိုးမှု မရှိတော့ ကျွန်တော်တို့မှာ တိုင်စရာ နေရာလည်း မရှိဘူး။ ရခိုင်လူမျိုးတွေဆိုရင် ည ၁၀ နာရီကျော် အပြင်မှာ သီချင်းဆို ဆူညံတာတွေ လုပ်ရင်လည်း ဘာပြဿနာမှ မရှိဘူး။ ပုဒ်မ ၁၄၄ က ရိုဟင်ဂျာ လူမျိုးတစ်မျိုးတည်း အတွက် ထုတ်ထားတာပါ။” ဟု မြို့ခံတစ်ဦးက ပြောပါသည်။

ညမထွက်ရ အမိန့် ဖောက်ဖျက်သည်ဟု လုပ်ကြံ စွပ်စွဲခံရသူ

Comment ရေးရန်

Pages 22123456 »
Rohingya Exodus