နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်ကိုင်းတိုင်းမှ မွတ်စလင်များ အကြမ်းဖက် ခံနေရ

RB News
24.8.2013

ကန့်ဘလူ ။ ။ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူ မြို့နယ်၊ ထန်းကုန်းရှိ မွတ်စလင် များကို ဗုဒ္ဓဘာသာ ၀င် အကြမ်းဖက် သမား များက တိုက်ခိုက် လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 

အကြမ်းဖက်မှု ဖြစ်ပွား ရခြင်း အကြောင်းရင်းကို သေချာ မသိရ သေးသော်လည်း၊ ယခု ကဲ့သို့ မွတ်စလင် များကို တိုက်ခိုက်ခြင်း များ ၂၀၁၃ ခုနှစ် မတ်လမှ စ၍ မြို့နယ် အချို့တွင် ဖြစ်ပွား ခဲ့သည်။ ၂၀၁၂ ခုနှစ် ရခိုင် ပြည်နယ်ရှိ မွတ်စလင် များကို အကြမ်းဖက် ပြီးနောက် ၂၀၁၃ ခုနှစ်တွင် မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်ရှိ မြို့နယ် အချို့၌ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ 

ထန်းကုန်းရှိဗလီကိုဘုန်းကြီးများနှင့်ဗုဒ္ဓဘာသာဝင်များက ည ၉း၃၀ နာရီမှစတင်၍ ၀ိုင်း ထားကြောင်း ဒေသ ခံ များ၏ ပြောကြားချက် အရ သိရှိ ရပါသည်။ အခြေအနေမှာ တင်းမာ နေသော် လည်း ဗလီကို တိုက် ခိုက် ခြင်းမရှိသေးဟု ဆိုသည်။ 

သို့သော်လည်း ထန်းကုန်းရှိ မွတ်စလင် များ ပိုင်ဆိုင်သော ဆိုင် ၇ ဆိုင် ဖျက်ဆီး ခံရပြီး၊ နေအိမ် ၆ လုံး မီးရှို့ခံ ရကြောင်း သိရသည်။ ထို့အပြင် ကြက်ခြံ တစ်ခြံလည်း မီးရှို့ဖျက်ဆီး ခံရကြောင်း သိရှိ ရပါသည်။

စစ်တပ်နှင့် ရဲများက ဗလီ အနီး ပတ်ဝန်းကျင်တွင် ရှိနေပြီး အခြေ အနေကို စောင့်ကြည့် နေသော်လည်း၊ ဗလီ အတွက် လုံခြုံစိတ်ချ ရပြီးဟု ထင်မှတ်၍ မရသေးဘဲ၊ လုံခြုံရေး တာဝန်ယူသူ များမှာ အကြမ်းဖက် မှု များ ဖြစ်ပွားသည့် နေရာတိုင်းတွင် ရပ်၍ ကြည့်နေရုံမှ လွဲ၍ မွတ်စလင် များကို ကာ ကွယ် စောင့်ရှောက် ခြင်း ပြု လုပ် ခဲ့သည်များ မရှိခဲ့ခြင်းကြောင့် အများစုက စိုးရိမ် ပူပန်လျက် ရှိကြသည်။ 

အစောပိုင်းတွင် တယ်လီဖုန်း လိုင်းများနှင့် လက်ကိုင်ဖုန်း များကို ဆက်သွယ်၍ ရနိုင်သော် လည်း နောက် ပိုင်းတွင် ဖုန်းလိုင်းများ ဆက်သွယ်၍ မရတော့သည်ကို တွေ့ရှိ ရသည်။ လူအင်အားမှာ အစပိုင်းတွင် ၂၀၀ ခန့်ရှိသော်လည်း နောက်ပိုင်းတွင် ၅၀၀ ခန့်အထိ တိုးလာခဲ့သည်။ မီးသတ် ကားများ မီးငြိမ်းသတ်ရန် လာ ခဲ့သော်လည်း အကြမ်းဖက် သမားများမှ ၀င်ရောက်၍ မီးငြိမ်းသတ်ခွင့် မပေးခဲ့ကြောင်း သတင်း ရရှိပါသည်။


Comment ရေးရန်

Rohingya Exodus