နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘာသာရေးနဲ့ တိုင်းရင်းသား ပြဿနာတွေက မြန်မာ့ နိုင်ငံရေးကို ပုံဖေါ်လိမ့်မည်




24.8.2013

မြန်မာ နိုင်ငံမှာ ပေါ်ပေါက် နေတဲ့ ဘာသာရေးနဲ့ တိုင်းရင်းသား ပြဿနာ တွေဟာ လာမယ့် ၂ဝ၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ တွေမတိုင်မီ မြန်မာ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု လမ်းကြောင်းကို ပုံဖေါ် ထင်ဟပ် စေလိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စု နိုင်ငံ တကာ ဘာသာရေး လွတ်လပ်မှု ကော်မရှင် (U.S. Commission on International Religious Freedom) က ပြောဆိုလိုက် ပါတယ်။

သြဂုတ်လ ၂၃ ရက် မနေ့က ထုတ်ပြန်တဲ့ USCIRF ရဲ့ အစီရင်ခံစာ မှာ အမေရိကန် နိုင်ငံခြားရေး ဌာန အနေ နဲ့ မြန်မာ နိုင်ငံကို ဘာသာရေး လွတ်လပ်မှု ချိုးဖေါက် တဲ့ အတွက် စိုးရိမ် ပူပန် ရတဲ့ နိုင်ငံ တစ်ခု အဖြစ်သတ်မှတ်ထားကြောင်း ၊မြန်မာနိင်ငံမှာ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု တွေ ဆက် လက် ဖြစ်ပေါ် နေပေ မယ့် မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှား မှုတွေ၊ လူမျိုး ခွဲခြား ဆက်ဆံမှု တွေနဲ့ စစ် တပ်ရဲ့ ကျူးကျော် စွက် ဖက် မှု တွေကြောင့် လူနည်းစု ဖြစ်တဲ့ ခရစ်ယာန်နဲ့ မွတ်စလင် တွေရဲ့ ဘာသာရေး လွတ်လပ် ခွင့်တွေ ချိုးဖေါက် ခံ နေရဆဲ ဖြစ်ကြောင်း ဖေါ်ပြထား ပါတယ်။

မြန်မာ စစ်တပ်ရဲ့ သြဇာ လွမ်းမိုးမှု လျှော့ပါး သွားခဲ့တဲ့ ဒေသ တွေမှာ ပြီးခဲ့တဲ့နှစ် အတွင်း အဆိုး ဝါးဆုံး လူ့အခွင့် အရေး ချိုးဖေါက် မှုတွေ နည်းပါး သွားခဲ့ ပေမယ့် နိုင်ငံ အတွင်း ဘာသာရေး ဆိုင်ရာ ကန့် သတ် မှု တွေရှိနေဆဲ ဖြစ်ကြောင်း၊ လူနည်းစု ရိုဟင်ဂျာ တွေရဲ့ အခြေ အနေဟာ မြန်မာ နိုင်ငံရဲ့ လူ သား ချင်း စာ နာမှုဆိုင်ရာနဲ့ နိုင်ငံရေး ပြဿနာ တစ်ခုအဖြစ် တည်ရှိနေဆဲ ဖြစ်ပြီး မွတ်စလင် ဆန့် ကျင်ရေး စိတ် ဓါတ်တွေ နိုင်ငံ အတွင်း ပြန့်ပွား ကူးစက် နေကြောင်း စသဖြင့် အမေရိကန် ပြည်ထောင် စု နိုင်ငံ တကာ ဘာသာရေး လွတ်လပ်မှု အဖွဲ့ USCIRF ရဲ့ အစီရင် ခံစာမှာ ဖေါ်ပြထား ပါတယ်။

Comment ရေးရန်

Rohingya Exodus