နောက်ဆုံးသတင်း/ဆောင်းပါးများ

ဗဟုသုတ ပြတ်တောက်နေသူများ

ဌေးလွင်ဦး
RB News
25.10.2013

နိုင်ငံတစ်ခုကိုတိုးတက်အောင်မြင်အောင် ဦးဆောင်ဘို့ဆိုတဲ့ ခေါင်းဆောင် တွေ မှာ ဗဟုသုတ မရှိမဖြစ် လိုအပ် ပါမယ်။ ဗဟုသုတ မရှိဘဲ မိမိရဲ့ အမြင် တစ်ခု တည်း ကို အမှန်ရယ်လို့ ဆင်ခြင် ထားသူ တွေနဲ့ ခေတ်ကာလ အပြောင်း အလဲ ကို နောက်ကျ ကျန်နေခဲ့ သူတွေဟာ နိုင်ငံ တစ်ခုကို မဆိုထားနဲ့ လူ့အသိုင်း အ ၀ိုင်းလေး တစ်ခုကို တောင် ဖွံ့ဖြိုး တိုးတက်အောင် ဦးဆောင် ပေးနိုင်မှာ မဟုတ် ပါ။

ဗဟုသုတ- ဆိုတာ ဗဟု ညီမျှခြင်း အများ၊ သုတ ညီမျှခြင်း သိခြင်း ကို တွဲ ဆက် ထားတဲ့ ဝေါဟာရ ဖြစ်ပြီး- အများ အပြား အစုံ အလင်ကို အသိ ကြွယ်ဝခြင်း ဖြစ်ပါတယ်။ အခုတော့ အားမနာတမ်း ပြောရရင် မြန်မာပြည်ကို ခေါင်းဆောင် နေတဲ့ သူများ၊ ခေါင်းဆောင် မယ့်လို့ မျှော်မှန်း ထား သူများ၊ ခေါင်းဆောင် နေရာကို လုနေသူ များဟာ ဗဟုသုတ ကင်းမဲ့ နေတယ် သို့မဟုတ် နောက် ကျ နေ တယ် ဆိုတာကို တွေ့ရပါတယ်။ တစ်ကယ်တမ်း ဗဟုသုတ ရှိသူများ ကပဲ ဦးဆောင်မယ့် နေရာကို မရလာ တာလား- နိုင်ငံရေး သတ်ခံ ထားရတာလား မတွေးတတ်ပါ။

ဗဟုသုတ ဆိုရှိစေဘို့ အနည်းဆုံး ရှေးဖြစ် နောက်ဖြစ် များကို လေ့လာရ ပါမယ်။ ကမ္ဘာ့ အခင်း အကျင်းကို မျက်ခြေ မပြတ် စောင့်ကြည့် ရပါမယ်။ ကမ္ဘာကြီးက ဦးတည်နေတဲ့ လမ်းကြောင်းကို အမြဲ မပြတ် စောင့် ကြည့် ပြီး ဘယ်ဘက် ကို ရွေ့နေသလဲ နားလည် ရပါမယ်။ စာမဖတ် ပေမဖတ်ဘဲ ကြားဘူး နားဝလောက် ကို အရသာခံ စဉ်းစားရင်း ဒဿန တွေထုတ် ဘ၀င်မြင့် နေရုံနဲ့ လူ့အသိုင်း အ၀ိုင်း တစ်ခုကို ဦးဆောင် ဘို့ရာ ဖြစ်မလာ နိုင်ပါ။

ပထမဆုံး အနေနဲ့ နိုင်ငံကို ဦးဆောင် နေတဲ့ သမ္မတနဲ့ သူ့အသိုင်း အ၀ိုင်း တစ်စုကို ဝေဖန် သုံးသပ် လိုပါ တယ်။ သမ္မတနဲ့ သူ့အသိုင်း အ၀ိုင်းဟာ စစ်တပ်က ထွက်လာ သူများ ဖြစ်ပါတယ်။ သူတို့ကို စာမ တတ် ပေ မတတ် များလို့ ပြောရင် မှားမယ် မထင်ပါ။ စာမတတ် ပေမတတ် ဖြစ်ရတာဟာ စာမဖတ် ပေ မဖတ်လို့ပါ။ အနည်း ဆုံးတော့ စာဖတ် ပေဖတ်ဘို့ လိုပါတယ်။ သူတို့ဟာ အခြား စာပေ များကို မဖတ်ရုံ မျှမက မိမိတို့ တပ်မတော်က ထုတ်ခဲ့တဲ့ စာပေ အားလုံး ကိုတောင် ဖတ်ဘူးဟန် မရှိကြောင်း- ရိုဟင်ဂျာ လူမျိုး မရှိဘူးလို့ ခံငြင်းနေတဲ့ အချက် တစ်ခုတည်း နဲ့ လုံလုံ လောက်လောက် သက်သေထူ နိုင်ပါတယ်။ ၁၉၆၁ ခု၊ ဇူလိုင်လ ၁၈ ရက်နေ့ထုတ် မြန်မာ့ တပ်မတော်၏ ခေတ်ရေးစာစောင် အတွဲ ၁၂၊ အမှတ် ၆ မှာ မေယု နယ်ခြား ခရိုင် အတွင်းတွင် နေထိုင်ကြသော ရိုဟင်ဂျာ အမျိုးသားများသည် ပြည်ထောင်စု မြန်မာ နိုင်ငံတော် သား များ ဖြစ် ကြ သည် ဆိုတဲ့ စာတမ်းကြီး ထင်ထင် ရှားရှား ရှိဆဲပါ။ မိမိတို့ တပ်မတော်က ထုတ်ခဲ့တဲ့ စာတွေ ကိုတောင် သေချာအောင် မဖတ်ခဲ့ဘူး၊ ပြန်လည် မဖတ်ဘူး ဆိုရင် သူတို့ အနေနဲ့ အခြားသော စာပေ ဗဟု သုတ ဆိုတာ ဝေးလို့နေမှာ သေချာ ပါတယ်။ စစ်တပ် ထဲကို ၀င်လာ တဲ့ မ တစ်ထောင် သားတို့ဆီက ကြားဘူး နားဝ စကားလုံး များကို အလွတ် မှတ်ပြီး ငါတော့ဗဟုသုတ ကြွယ်လှပြီ လို့ လူတွေ ရှေ့မှာ လူ တွင် ကျယ်လုပ်တဲ့ အဆင့်မျှနဲ့ နိုင်ငံ တစ်ခုကို ဦးဆောင် မိရင် အဲ့ဒီ ဦးဆောင် ခံရတဲ့ နိုင်ငံကြီး ပျက်စီး ဘို့ သာ ရှိနေပါတယ်။ လွှတ်တော် ထဲမှာ ရှိနေတဲ့ စစ်တပ် အငြိမ်းစား ကြီးများ-နဲ့ တပ်မတော်က ၂၅ ရာနှုန်း နေရာယူ ထားတဲ့ စစ်အမတ်မင်း များမှာ မိမိတို့ တပ်မတော် ထုတ်စာပေ များကိုပင် မဖတ်ဘူး တာ လား၊ ပြောခွင့် မရှိတာလား မသိနိုင်ပါ။

တစ်ဘက်မှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ပါ။ စာအုပ်တွေ အများကြီး ရေးခဲ့လို့ ပညာ တတ်ပြီလို့ ထင်မှတ် ခဲ့တယ်။ ဘာသာ စကားတွေ များစွာ တတ်လို့ ဗဟုသုတ ရှိပြီလို့ ယုံကြည် ခဲ့တယ်။ ဒါပေမယ့် ၀မ်းနည်းစရာ ကောင်းတာက သူ့အတွေး အခေါ်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ် လောက်မှာ ကျန်နေ ခဲ့တာ ပါပဲ။ သူ့ကို ကမ္ဘာက အကဲခတ် နေခဲ့တာ ကြာပါပြီ။ အထင် မကြီးနိုင် ဖြစ်နေ ခဲ့တာလည်း ကြာပါပြီ။ ဘာဖြစ်ဖြစ် ဒီမိုကရေစီ နိုင်ငံ တစ်ခု ဖြစ်တည် လာဘို့ အားကောင်းတဲ့ အတိုက်အခံ တစ်ယောက် လိုအပ်တယ် ဆိုတဲ့ မူနဲ့ သူ့ကို ဆက် ထောက်ခံ နေခဲ့တာပါ။

အခု တစ်ခေါက် ဥရောပ ခရီးစဉ်က ဘီဘီစီ အင်တာဗျူးမှာ သူ့ဦးနှောက်တွေ ကမ္ဘာနဲ့ ကင်းကွာ သွားတာ ၁၀ နှစ်လောက် နောက်ကျ သွားပြီလို့ တစ်ကမ္ဘာလုံးက သိလိုက် ရပါတယ်။- သူပြော သလို မွတ်ဆလင်တွေ အင်အား ထွားလာတာကို ကမ္ဘာက စိုးရိမ်တယ်- အလားတူ မြန်မာ ပြည်သူ တွေလည်း စိုးရိမ်တယ် ဆိုတဲ့ စကားက ကမ္ဘာ့ အလယ်မှာ သူ့အရှက်သူ ခွဲလိုက် သလို ဖြစ်နေ ခဲ့ပါတယ်။ ဒီစကားဟာ ကမ္ဘာ (သူရည်ညွှန်း လိုတဲ့ အနောက် အုပ်စုနဲ့ မဟာမိတ်များ)က လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က အာဖဂန်နဲ့ အီရတ်ကို တိုက်ဘို့ Lobby လုပ်ခဲ့တဲ့ စကား လုံးပါ။ အဲ့ဒီ စကားလုံးကို သူပြောတဲ့ ကမ္ဘာက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ထိ တွင်တွင် ကျယ်အောင် လုပ်ခဲ့ပါ တယ်။ ဒါပေမယ့် သူပြောတဲ့ ကမ္ဘာက မူပြောင်း လိုက်တာ အနည်းဆုံး ၈ နှစ်ရှိသွား ခဲ့ပါပြီ။ စစ်မလိုလားတဲ့ ခေါင်း ဆောင်တွေ ကိုပဲ သူပြောတဲ့ ကမ္ဘာမှာ သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ ရွေးချယ် လိုက်ပါပြီ။ ကွန်ပြူတာ နည်းပညာ လောကမှာ ၈ နှစ်ဆိုတာ လွန်ခဲ့တဲ့ ခေတ်ကာလ များက နှစ်ပေါင်း ၈၀ လောက်နဲ့ အညီ တိုးတက် ခဲ့ပါပြီ။ မွတ်ဆလင် တွေနဲ့ မဟာမိတ် ဖြစ်ဘို့ နည်းမျိုးစုံနဲ့ ပြန်လည် ကြိုးစား ခဲ့တာလည်း အနည်းဆုံး ၆ နှစ်ကျော် လာခဲ့ပါပြီ။ အဲ့ဒီ Lobby ကို လုပ်ပေး ခဲ့ရတဲ့ လူတွေတောင် ကွက်ကျား ကွက်ကျားနဲ့ တိမ်မြုပ် သွားသူ၊ အစ္စလာမ် ထဲကို ကူးပြောင်း သွားသူတွေ မရေမတွက် နိုင်တော့ပါ။ ဒီလို စိတ်ပိုင်း ဆိုင်ရာ ပြောင်းသွား ခဲ့ပြီး ဖြစ်တဲ့ အနောက် ကမ္ဘာ ထဲမှာ အခုမှလာပြီး- မွတ်ဆလင် တွေကို ကမ္ဘာက စိုးရိမ်နေ ရတယ် ဆိုတဲ့ စကားကို ပြောမိ တာများ- ဗဟုသုတ ဘယ်လောက် နောက်ကျ ကျန်နေ ခဲ့တယ် ဆိုတာ ကမ္ဘာ သိအောင် သက်သေပြလိုက် ခြင်းလား သို့မဟုတ် ငါ့မှာ ဗဟုသုတတွေ ပြည့်စုံ သွားပြီ- ဆက်လက် သိစရာ မလိုတော့ ဘူး လို့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကစ- လေ့လာခြင်း ဆင်ခြင် သုံးသပ်ခြင်းကို ရပ်စဲ ပစ်လိုက်တာ များလား စဉ်းစား မရနိုင် တော့ပါ။ သို့မဟုတ် လိမ်တတ်မှ သမ္မတ ဖြစ်မယ်။ အင်တာဗျူး တွေမှာ အမေး တစ်ခြား အဖြေ တစ်ခြား စကားလုံး လှည့်တတ်မှ သမ္မတ ဖြစ်မယ် ဆိုတဲ့ မြန်မာပြည်မှာ ခေတ်အဆက်ဆက် အုပ် ချုပ် ခဲ့သူ များဆီက အတတ် ပညာကို လေ့ကျင့် နေခြင်း များလည်း မပြော တတ်ပါ။

ဆုပ်လည်းစူး စားလည်းရူး မြန်မာ ပြည်သူတွေ အတွက် တစ်ကယ့် စာတတ် ပေတတ်တွေ ခေါင်းထောင် လာဘို့ မရှိတော့ ဘူးလားလို့ မေးစရာ ဖြစ်လာ သလို- ကျောသား ရင်သား ခွဲခြားတတ် သူများကို လူနည်းစု မျိုးနွယ်များက မျက်ခြေ မပြတ် စောင့်ကြည့် နေတယ် ဆိုတာတော့ အထူး ပြောနေဘို့ မလိုတော့ပါ။

တစ်ကယ့် ပညာတတ်တွေ ထွက်လာဘို့ အချိန်တန်ပါပြီ။


ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

  1. World renowned human rights icon Daw Aung San Suu Kyi on whom all hopes had been piled finally turned out to be the RACIST QUEEN at play in coordination with her political foe, KING OF HUMAN RIGHTS VIOLATOR; President Thein Scein. In fact, at end of the day both return back to the same chess box for a rest behind which both, moreover, whisper the next genocidal-move on Rohingyas.

Comment ရေးရန်

Rohingya Exodus