နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲအောင်လံ ကျော်ကျော်နှင့် အဖွဲ့ သံတွဲမြို့အတွင်း အကြံကုန် ဂဠုန်ဆားချက်ခြင်း

သြဂုတ်လ (၂၄) ရက်နေ့ သံတွဲမြို့မြင်ကွင်း

မင်းအောင်
RB News
28.8.2013

ရခိုင်ပြည်နယ် သံတွဲမြို့မှ မွတ်စလင် များအား ဘာသာရေး၊ လူမျိုးရေး အစွန်းရောက် အုပ်စုမှ အကြိမ်ကြိမ် အကြမ်း ဖက်ရန် ပုံစံ အမျိုးမျိုး ဖြင့်ကြိုးစား ခဲ့ပါသည်။ သို့သော်လည်း မွတ်စလင် များ၏ သတ္တိ၊ ဗျတ္တိ၊ သစ္စာ၊သမာဓိ ရှိမှု၊ သံတွဲမြို့ဗုဒ္ဓ ဘာသာဝင် အများစု၏ မေတ္တာ တရား ရှေ့ထား တတ်သော စစ်မှန်သော ဗုဒ္ဓဘာသာ ၀င်ပီသမှု များကြောင့် အစွန်းရောက် အမည်ခံ ဗုဒ္ဓဘာသာ ၀င်အုပ်စုမှ ကြီးမားသော အကြမ်း ဖက် မှုများအား ဖန်တီး နိုင်ခဲ့ခြင်း မရှိပေ။ (၂၆.၀၈.၂၀၁၃) တနင်္လာနေ့ အား နိုင်ငံ တော်မှ မည် သည့်အ ချိန် ကမှ သတ်မှတ် ထားခဲ့ခြင်း မရှိခဲ့သော (၅၂) ကြိမ်မြောက် နိုင်ငံတော် ဘာသာနေ့ အဖြစ် အကြောင်း ပြပြီး သံတွဲမြို့အား ဒုတိယမိတ္ထီလာ အဖြစ်ဖန်တီးမည် ဟုကြွေးကြော်ကာ ပတ်ဝန်း ကျင် ကျေး ရွာ များမှ လူမိုက် များအား ကားကြီး၊ ကားငယ် များဖြင့် သယ်ယူ စုဆောင်းခြင်း၊ မြို့အတွင်း ကားဖြင့် လှည့် လည်ပြီး ရခိုင် အမျိုးသား အစွန်းရောက် သီချင်းများ ဖွင့်ခြင်း၊ စသည်ဖြင့် အကြမ်း ဖက် ရှေ့ပြေး လုပ် ငန်းများ အား ပေါ်ပေါ် တင်တင် ပြုလုပ် ခဲ့သည်။ 

သံတွဲမြို့မှ မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင် ရပ်မိရပ်ဖ များ ပူးပေါင်းပြီး အာဏာပိုင် အဆင့် ဆင့်အား အကြမ်း ဖက် မှု လုံးဝ မဖြစ်ပွား နိုင်ရန် အတွက် ကြိုတင် ကာကွယ် တားဆီး ပေးမှုများ ပြင်းပြင်း ထန် ထန် ပြု လုပ် ပေးရန် တောင်းဆို ခဲ့ကြသည်။ ရခိုင်ပြည်နယ် ဗျူဟာမှူး နှင့် အဖွဲ့မှ ခေါင်းဆောင် ဘုန်းကြီး (၅) ပါး အား ခေါ်ယူပြီး ပြဿနာ လုံးဝ  မဖြစ်ပွားအောင် တာဝန်ယူ ထိန်းသိမ်း ပေးရန် ကတိပြု လက်မှတ်ထိုးစေ ခဲ့သည်။ သာသနာဖျက်အစွန်းရောက်ခေါင်းဆောင်(ဗုဒ္ဓဘာသာနှင့် မွတ်စ လင် ပေါင်း မွေး ထားပြီး ဘာသာ နှစ်ခုလုံး အားဖျက်ဆီး ရန် ကြံရွယ် နေသူ) ထွန်းသန့်ကျော် (ရဲအောင် လံ ကျော်ကျော်) အား လည်း ဗျူဟာမှူးနှင့် အဖွဲ့မှ ခေါ်ယူပြီး ပြင်းပြင်း ထန်ထန် သတိပေး ခဲ့ပါသည်။ ထို့ကြောင့် အ စွန်းရောက် အုပ်စု၏ မဟာ စီမံကိန်း များ မအောင်မြင် ဖြစ်ခဲ့ ရခြင်း ဖြစ်သည်။ 

နတ်ကန် ဘုန်းကြီးသည် အစွန်းရောက် ဘုန်းကြီး တစ်ပါး ဖြစ်သည်။ ၎င်းဘုန်းကြီး သည် လမ်းသွား လမ်း လာ မွတ်စလင် များအား တစ်ခါတရံ ဆဲရေး တိုင်းထွာ တတ်သူလည်း ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ ဗုဒ္ဓဘာ သာ ၀င်များမှ ၎င်း ဘုန်းကြီးအား ရိုင်းစိုင်းသူ၊ စိတ်မူ မမှန်သူ အဖြစ် သတ်မှတ် ခံထားရ သူလည်း ဖြစ် သည်။ (၂၆.၀၈.၂၀၁၃) နေ့ ဆွမ်း၊ ဆန်၊ စိမ်း လောင်းလှူပွဲ နေ့တွင် အဆိုပါ ဘုန်းကြီးအား ပွဲတာဝန်ခံ ဘုန်းကြီး များမှ သူ၏ ရုန်းရင်း ကြမ်းတမ်း ရိုင်းစိုင်းမှု ကြောင့် ဖိတ်ကြားခြင်း မပြု ခဲ့ပေ။ ထိုဘုန်းကြီးအား ဖိတ်ကြားခြင်း မရှိခြင်း အပေါ်မှာ ထွန်းသန့်ကျော် တို့အဖွဲ့မှ လည်း ကျေနပ်မှု မရှိခဲ့ပေ။ ထို့ကြောင့် ၎င်း နတ်ကန် ဘုန်းကြီးနှင့် ထွန်းသန့်ကျော်၊ ၀င်းကိုလေး တို့အဖွဲ့မှ (၂၇.၀၈.၂၀၁၃) နေ့တွင် အကြမ်းဖက်မှု ဖန်တီးရန် ထပ်မံ ကြိုးစား ခဲ့ကြသည်။ 

ဆိတ်ကျောင်းသား မောင်မှုံရွှေရည် (မွတ်စလင်) ပိုင် ဆိတ်တစ်ကောင်သည် နတ်ကန် ဘုန်းကြီး ကျောင်းခြံ ထဲ မတော်တဆ ရောက်ရှိ သွားရာ နတ်ကန် ဘုန်းကြီးမှ ၎င်း ဆိတ်ငယ်၏ခြေထောက် ကျိုးတဲ့ထိ ရိုက်နှက် ခဲ့ သည်။ မောင်မှုံရွှေရည်မှ အဆိုပါ ဘုန်းကြီးအား ဆိတ်ငယ်အား ခြံထဲမှ မောင်းထုတ် လိုက်လျှင် ရပါ လျက်နှင့် အဘယ့်ကြောင့် ခြေထောက် ကျိုးသွားအောင် ရိုက်ရ ပါသနည်းဟု မေးမြန်း ခဲ့ပါသည်။ ၎င်း ဘုန်းကြီးမှ မောင်မှုံရွှေရည် အားလည်း ဆဲဆို ကြိမ်းမောင်းပြီး ဆိတ်ကို ယူပြီး ခြံထဲမှ ချက်ခြင်း ထွက်သွား ရန် မောင်းထုတ် ခဲ့သည်။ မောင်မှုံရွှေရည်မှ ခြေထောက် တစ်ဘက် ကျိုးနေသော ဆိတ်ကို ပွေ့ချီကာ ဘုန်း ကြီး ကျောင်းခြံ ထဲမှ ထွက်သွား ခဲ့သည်။

ခဏ အကြာတွင် အစွန်းရောက် ခေါင်းဆောင် ထွန်းသန့်ကျော်၊ ၀င်းကိုလေး တို့အဖွဲ့ နှင့် နတ်ကန် ဘုန်းကြီးတို့ ပူးပေါင်းပြီး မောင်မှုံရွှေရည်တို့ မွတ်စလင် အများစု နေထိုင်သော နံတော်ပြင် ရပ်ကွက် အတွင်းသို့ အကြမ်းဖက်ရန် ၀င်ရောက် လာခဲ့သည်။ ရပ်မိ ရပ်ဖ များ၏ သတင်းပေး မှုဖြင့် ရဲ များ ရောက်ရှိ လာပြီး လူစု ခွဲခဲ့ ရသည်။ ရဲများမှ မောင်မှုံရွှေရည် အား စုံစမ်း မေးမြန်းရန် ရဲစခန်းသို့ ခေါ်ဆောင် သွား ခဲ့သည်။ မိမိတို့ အကြံအစည် မအောင်မြင် လိုက်သော အကြမ်းဖက် အုပ်စုမှ မြို့တွင်းသို့ ၀င်ရောက်ပြီး (ကုလား မွတ်စလင်) တစ်ဦးမှ ဘုန်းကြီး တစ်ပါးအား လက်သီး ဖြင့် ထိုးလိုက်သည် ဟူ၍ ၀ါဒ ဖြန့် လေ သည်။ မကြာမှီတွင် လူ (၃၀၀) ခန့်ရှိ အကြမ်းဖက် အုပ်စုသည် ရဲစခန်းအား သွားရောက် ၀ိုင်းဝန်း ကြပြီး ထုံးစံ အတိုင်း ဘုန်းကြီး အား လက်သီးဖြင့် ထိုးသူအား အပြင်သို့ ထုတ်ပေးရန် တောင်းဆို ကြလေသည်။ ရဲစခန်းမှ အကြိမ်ကြိမ် ရှင်းလင်း ပြ၍ မရသည့် အဆုံးတွင် ခလရ (၅၅) အား အကူ အညီ တောင်းခံရာ စစ်တပ်မှ ချက်ချင်း ရောက်လာပြီး လူစုခွဲရန်နှင့် ကာဖျူး ထုတ်ထားသည့် အချိန် ရောက်ရှိ လာပြီး လူစု မကွဲသေး ပါက မိမိတို့ အနေနှင့် ပစ်ရမည် ဖြစ်ကြောင်း ပြောဆိုမှ လူစုကွဲသွား ခဲ့ပါသည်။ ထို့ကြောင့် နတ်ကန် ဘုန်းကြီး၊ ထွန်းသန့်ကျော် နှင့် ၀င်းကိုလေး တို့၏ အကြံကုန် ဂဠုန် ဆားချက်သည့် အကြံ ထပ်တ ဖန် မအောင်မြင် ဖြစ်ခဲ့ ရပါသည်။ သို့သော်လည်း သံတွဲမြို့သူ၊ မြို့သား များမှ အစ္စလာမ် နှင့် ဗုဒ္ဓဘာ သာ နှစ်ခု လုံးအား ဖျက်ဆီးရန် ယုတ်မာ ပက်စက်သော အကြံ များဖြင့် ပေါ်တင် ဆောင် ရွက် နေသော ထွန်းသန့်ကျော် (ရဲအောင်လံ ကျော်ကျော်) အား အာဏာပိုင် များမှ ဖမ်းဆီး ထိန်းသိမ်းမှု မရှိသေးဘဲ လွှတ်ထားခြင်း အား စိုးရိမ် ပူပန် လျက်ရှိ နေကြ ပါသည်။

Comment ရေးရန်

Rohingya Exodus