နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာပြည်မှာ ပြည်သူ့ လွှတ်တော် အမတ်တစ်ပါး ပေါ်လာပြီ-



ဌေးလွင်ဦး
RB News
2.2.2014

လွှတ်တော် အမတ် ဆိုတာ- သူကိုယ်စား ပြုတဲ့ မြို့၊ ဒေသ၊ လူမျိုးတို့ အတွက် တရား ဥပဒေနဲ့ အညီ အ ကျိုး ဆောင်ရွက်  ပေးရပါတယ်။ တနည်း အားဖြင့် သူ့ကို မဲပေး ထောက်ခံ လိုက်သူ များက သူတို့ ကိုယ် စား အဲ့ဒီ လွှတ်တော် အမတ်ကို လွှတ်တော် ထဲမှာ ဖြစ်စေ-၊ လုပ်ပိုင်ခွင့် ရှိတဲ့ နေရာမှာ ဖြစ်စေ- မဲပေး လိုက်ရသူ များရဲ့ လူမှုဘ၀ တိုးတက်ရေး၊ စီးပွားရေး လုပ်ပိုင်ခွင့် အခင်း အကျင်း ဖန်တီးရေး၊ ပညာရေး ရှာဖွေ ခွင့် ရရှိရေး၊ ကျမ္မာရေး စောင့် ရှောက်ခွင့် ရရှိရေးနဲ့ အသက် အိုးအိမ် လုံခြုံ စိတ်ချ ရရေး များ ဆောင် ရွက် စေဘို့ လူထု ကိုယ်စား ရွေးချယ် တင်မြှောက် ခေါင်းဆောင် ခန့်အပ် လိုက်ခြင်း သာ ဖြစ် ပါတယ်။ ဒီခေါင်းဆောင် မျိုးကို လူထု ဆီမှာ ကျေးကျွန် ခံတဲ့ ခေါင်းဆောင်မျိုး အဖြစ်လည်း သတ်မှတ်ကြ ပါတယ်။

ကြမ်းတမ်း လှတဲ့ မြန်မာ့ သမိုင်း ကြီးကို ဖြတ်သန်းပြီး- ဒီမိုကရေစီသို့ အသွင် ကူးပြောင်းရေး ဆိုတဲ့ ကာ လ မှာ လွှတ်တော် ကိုယ်စား လှယ်များ ပေါ်ပေါက်လာ ခဲ့ပါတယ်။ ပြည်နယ်၊ တိုင်းဒေ သကြီး၊ ပြည်ထောင်စု လွှတ်တော် အမတ်များ များစွာ ဖြစ်တည်လာခဲ့ပါတယ်။ သို့သော်- ပြည်သူ့ လွှတ်တော် ကိုယ် စား လှယ် အ ဖြစ် ကင်းပွန်းတပ်ခေါ်ဆို နိုင်တဲ့ အမတ် ဦးရေမှာ စိတ်ပျက် လောက်အောင် ရှားပါး လွန်းလှ ပါတော့ တယ်။ မိမိတို့ ကိုယ်စား ပြုရာ ဒေသ၊ နယ်မြေ လူမျိုး အတွက် ဘာဆို ဘာမှ အကျိုး ဖြစ်အောင် လုပ် မပေး နိုင်တဲ့ အပြင် မိမိ ဒေသ အတွင်း လုံခြုံ စိတ်ချ ဥပဒေ စိုးမိုးရေး ဆိုတာလည်း နတ္ထိ ဖြစ်ခဲ့ ရပါ တော့ တယ်။ သူတို့ တွေကို လွှတ်တော် အမတ် တင်လိုက်မှ ပိုဆိုးသွားပြီ ဆိုတဲ့ အဖြေမျိုး ကိုသာ လူထုက ခံစားလာ ရပါ တော့တယ်။

ဒီလို ရှားပါးလွန်း လှတဲ့ ပြည်သူ့ လွှတ်တော် အမတ်များ ထဲမှာ- အခုတော့ ဘူးသီးတောင် လွှတ်တော် အမတ် ဦးရွှေမောင် တစ်ယောက်က သူကိုယ်စား ပြုတဲ့ လူမျိုး၊ သူကိုယ်စား ပြုရာ ခရိုင် ဒေသ အတွက် ဒီမိုကရေစီ သားကောင်း တစ်ယောက် ပီသစွာ- ပြည်သူ များရဲ့ ရွေးချယ် လိုက်ရ ကျိုးနပ်တဲ့ အမတ်မင်း ပီသစွာ ထွန်းပေါ်လို့ လာခဲ့ပါပြီ။ သူဟာ သူကိုယ်စား ပြုတဲ့ လူမျိုး အတွက် အခက် အခဲပေါင်း များစွာကို မားမား မတ်မတ် ရင်ဆိုင် ဖြေရှင်းနေ ပါတယ်။ အများနဲ့ တစ်ယောက် ဆိုပေမယ့် မလျှော့သော ဇွဲကို လက်ကိုင်ထား ပါတယ်။ အန္တရာယ်ကြီး လှပါတယ် ဆိုတဲ့ ကမ်းမမြင် မီးပင်လယ်ကို ဖြတ်ကူး နေပါတယ်။- ဒါကို မြို့နယ်တိုင်း ဒေသတိုင်းက လွှတ်တော် အမတ်များ နမူနာ ယူဘို့ လိုအပ်လှ ပါတယ်။

အကယ်၍သာ မြို့နယ်တိုင်း ဒေသတိုင်းက ကိုယ်စားပြု လွှတ်တော် အမတ် များဟာ မိမိ ကိုယ်စား ပြု ရာ ဒေသ၊ ကိုယ်စား ပြုရာ လူမျိုး ငြိမ်းချမ်း သာယာပြီး တရား ဥပဒေ စိုးမိုးမှု ရအောင် ဦးရွှေမောင်လို သ တ္တိ၊ လုံ့လ၊ ဇွဲများ ရှိလာမယ် ဆိုရင်- မြန်မာ ပြည်ကြီးဟာ အေးချမ်း သာယာတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဒီမိုကရေစီ ထွန်းကားရာ နိုင်ငံ တစ်ခု ဖြစ်ပြီ ဆိုလာ သေချာ သွားပါမယ်။ ပြည်သူ ပြည်သား ဆိုတာ- ပါတီကို ကြည့်နေခြင်း မဟုတ်၊ အဖွဲ့ အစည်းကို ကြည့်နေခြင်း မဟုတ်ပါ-။ မိမိတို့ ပြည်သူများ အတွက် အခက် အခဲ များကို ဘယ်သူက ဖြေရှင်း ပေးမလဲ ဆိုတာကိုပဲ ကြည့်နေခြင်း ဖြစ်ပါတယ်။ အပွင့်လင်းဆုံး ဆင်ခြင် ကြည့်ရင် ဦးရွှေမောင် ဆိုတာ ကြံ့ခိုင်ရေး ပါတီကို ကိုယ်စားပြု တက်လာတဲ့ အမတ်မင်း တစ်ယောက်ပါ။ တစ်တိုင်းပြည် လုံးမှာ ကြံ့ခိုင်ရေး ပါတီ မျက်နှာသာ မရှိ၊ လူထု ငြိုငြင်ခြင်း ရှိနေတယ် ဆိုပေမယ့်-၊ နောက်လာမယ့် ရွေးကောက်ပွဲမှာ ဦးရွှေမောင်ကို အကြောင်း ခံပြီး ကြံ့ခိုင်ရေး ပါတီက အနည်း ဆုံး အမတ် ၅ ယောက် အနိုင်ရဘို့ ဖြစ်လာ ပါပြီ။

ဒါကို ပါတီတိုင်းက အတုယူ သင့်တယ်၊ မိမိပါတီ အနိုင် ရရှိရေး ဆိုတာ ပြည်သူကို တစ်ကယ် အလုပ် အကျွေး ပြုနိုင်မှ အလား အလာ ရှိတယ် ဆိုတဲ့ အသိကို ဆင်ခြင် သင့်တယ်။ လူထုကို အလုပ် အကျွေး မပြုဘဲ အာဏာပြု ရမ်းချင်တိုင်း ရမ်းနေ ရင်တော့- အလား အလာ ဆိုတာ ဂိတ်ဆုံး သွားမှာပါ။

ရခိုင်ပါတီတွေကလည်းအတုယူသင့်တယ်။ဒီမိုကရေစီ စနစ်မှာ အမတ်မင်း တစ်ယောက်ရဲ့ အ မတ် ဖြစ်ခြင်း ဆိုတာ မိမိကို မဲပေးသူ တစ်ယောက် ချင်းရဲ့ အပေါ်မှာ မူတည် ပါတယ်။ မိမိ အတွက် တစ် မဲလျှော့ သွားခြင်းက မိမိကို ဒုက္ခ ပေးနိုင် ပါတယ်။ ရခိုင် အမတ်များ အနေနဲ့ မိမိရဲ့ဒေသ အတွင်းမှာ တည်ငြိမ် အေး ချမ်းအောင် လုပ်နိုင် ပါမှ မိမိ လူမျိုးကို အလုပ် အကျွေး ပြုရာ ရောက်တယ်လို့ သတိ မူသင့် တယ်။ ဥပဒေမဲ့ မိုက်ရိုင်း နေသူ များကို မြှောက်ထိုး ပင့်ကော် လုပ်ပေး နေခြင်းက လူမိုက် စနစ်ကျင့် သုံးပြီး အနိုင်ကျင့် မဲယူခြင်းဟာဒီမိုကရေစီမဟုတ်သလို-ရေရှည်ခံမယ့်နည်းလည်းမဟုတ်ပါ။ရခိုင်လူမျိုးလူများစုရှိရာ ဒေသများ မှာ ရခိုင် လူမျိုးများ သွေးထိုး မြှောက်ပင့် လုပ်ပြီး ကျန်လူနည်းစုကို အနိုင်ကျင့်တဲ့ နည်းနဲ့ ဆူပူ နေအောင် လုပ်ထား ခြင်းဟာ ရခိုင် နယ်မှာ ရှိတဲ့ ကျန်လူမျိုး ၇ မျိုးအတွက် မယုံ ကြည် စရာများ တိုးလာ ပါတယ်။ မူ လ ရခိုင် လူမျိုး များရဲ့ ဥစ္စာ စီးပွား ကိုလည်း ထိခိုက် ပျက်စီး စေ ပါတယ်။

မဲဒေသ တစ်ခုမှာ အမတ် တစ်ဦးထဲက ပြိုင်ဘက် မရှိ ရွေးကောက်ပွဲ ၀င်ဘို့ဆိုတာ မဖြစ်နိုင်ပါ။ ပြိုင်ဘက် ဆိုတာ ပေါ်လာမှာ ချည်းပါ။ ဒီအခါ မိမိက အမျိုးသားရေး ၀ါဒမှားကို သွင်းထားတဲ့ လူအုပ်စု ထဲမှာကို သူ့လူ ကိုယ့်လူ မဲကွဲဦးမှာ သေချာ ပါတယ်။ မဲကွဲပြီး မဲညီနေရင် ဒုတိယ လူများစု (ရခိုင်ထက် နည်းတဲ့ လူနည်းစု လူမျိုး တစ်မျိုး) က မဲဟာ အဆုံး အဖြတ်မဲ ဖြစ်လာ ပါတော့တယ်။ ဒီအချိန်မှာ အမျိုးသားရေး ၀ါဒီ လူမိုက် ၀ါဒီကို ရွံမုန်း ဖြစ်နေတဲ့ အဲ့ဒီ အဆုံး အဖြတ် မဲဟာ အမျိုးသားရေး ၀ါဒီ အမတ်ကို ပြိုင်နေတဲ့ အခြား ပြိုင်ဘက်ဆီ ကိုသာ ရောက်သွား ပါတော့မယ်။ ဒါဟာ ဒီမိုကရေစီ စနစ်ပါ။

၂၀၁၅ မှာ-မဲပြိုင်မယ့်နိုင်ငံရေးပါတီ အားလုံး ဒီအချက်ကို စဉ်းစားရ ပါမယ်။ လူထုကို အလုပ် အကျွေး ပြုဘို့ အချိန် မှီပါသေးတယ်။ ဒီအချိန်မှာအမတ်မင်းဦးရွှေမောင်ကို အတုခိုးပြီး မိမိဒေသအတွက် လုံခြုံရေး၊ စိတ်ချ ရရေး၊ ပြည်သူတွေ အတွက် အကျိုး ရှိရေးကို အပြိုင် အဆိုင် လုပ်ပေး ရမှာပါ။ ပြည်သူ့ အတွက် အလုပ် အကျွေး မပြုတဲ့ ဘယ်အမတ်မှ ပြည်သူ့ ရင်ထဲက မဲကို ရရှိဘို့ မဖြစ်နိုင်ပါ။

အထူးသဖြင့် လက်ရှိ အာဏာရ အစိုးရကို ဖွဲ့ထားတဲ့ ကြံ့ခိုင်ရေး ပါတီက မိမိပါတီရဲ့ အမတ် ဖြစ်နေတဲ့ ဦးရွှေမောင်ကို ပိုပြီး အတု ယူသင့်တယ်။ မိမိကိုယ်စား ပြုရာ ဒေသတိုင်းမှာ လူမျိုးတိုင်းမှာ အဲ့ဒီ လူထု အ တွက် အလုပ် အကျွေး ပြုသင့်တယ်။ ဒီလိုဆိုရင် သက်ဆိုင်ရာ ဒေသ တစ်ခုစီက လူထုတွေရဲ့ အားကိုး ယုံ ကြည်မှုကို ရနိုင်မှာ သေချာ ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ- လူထုဘက်က ရပ်တည်သူကို အနှောင့် အယှက်ပြု ဒုက္ခ ပေးမယ် ဆိုရင်တော့- မြန်မာ ပြည်မှာ ဒီမိုကရေစီ စနစ် ထွန်းကား လာဘို့ မရှိတော့ပါ။

ဒီမိုကရေစီဆိုတာကိုအကြောင်းပြနေပါလျှက်တစ်ကယ့်ဒီမိုကရေစီစနစ်ကိုမကျင့်သုံးချင်ဘဲပြည်သူချစ် အောင် မလုပ် ပြည်သူ ချစ်တဲ့ သူများ ကိုလည်း မခွဲမခြား ဖိနှိပ် ချုပ်ချယ် မှုများ ပြုလုပ် လာမယ် ဆို ရင်တော့- လာ မယ့် ၂၀၁၅ မှာ ရွေးကောက်ပွဲ ဖြစ်မလာဘဲ-၊ အလောင်း ကောက်ပွဲ ဖြစ်လာနိုင် ဘို့သာ ရှိပါတယ်။

မုဟမ္မဒ် တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

Comment ရေးရန်

Rohingya Exodus