နောက်ဆုံးသတင်း/ဆောင်းပါးများ

၁၆ နှစ်အရွယ် လူငယ်တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီး ရိုက်နှက် ငွေညှစ်၍ ခံဝန်ချက်ယူ

RB News 
24.10.2013 

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ အလယ်သံကျော် ကျေးရွာ အုပ်စု၊ မောင်တိုလာ ရွာမှ ၁၆ နှစ် အရွယ် ရိုဟင်ဂျာ လူငယ်လေး တစ်ဦးကို ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် တပည့် တစ်ဦးက မဟုတ် မမှန် စွပ်စွဲ ဖမ်းဆီး ရိုက်နှက်၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

အောက်တိုဘာလ (၁၇) ရက်နေ့က အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးရှေ့မှ ဖြတ်လျှောက် သွားသော မောင်ဝါဇ်ကရီးမ် (ဘ) ဦးအဒူရရှီဒ် (အသက် ၁၆ နှစ်) ကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်၏ တပည့် ဖြစ်သူ ဦးကျော်ဇေယျာဝင်းက ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက် ခဲ့သည်။ ထို့နောက် ဖမ်းဆီး ခံရသည့် မောင်ဝါဇ်ကရီးမ်ကို တဖက် နိုင်ငံသို့ တရားမ၀င် သွားရောက် ခဲ့သည်ဟု အတင်း အဓမ္မ ၀န်ခံ ခိုင်းကြောင်း သိရှိ ရပါသည်။ မောင်ဝါဇ်ကရီးမ်က မဟုတ်မမှန် သည်ကို ၀န်မခံ သောကြောင့် ထပ်မံ၍ ဒဏ်ရာ ပြင်းထန်စွာ ရသည့် အထိ ရိုက်နှက် နှိပ်စက်ရာ နောက်ဆုံးတွင် မဟုတ် မမှန်သည်ကို ဟုတ်မှန်သည်ဟု ၀န်ခံ လိုက်ရသည်။ 

ထိုသို့ ၀န်ခံချက် ရပြီးနောက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်က ငွေကျပ် ၃ သိန်း ရမှသာ ပြန်လည် လွှတ်ပေး နိုင်မည်ဟု လူငယ်၏ မိဘ များကို ပြောဆို ခဲ့သည်။ ဆင်းရဲသည့် မိဘ များမှ မတရား ဖမ်းဆီး ခဲ့ရပြီး၊ ညှဉ်းပန်း နှိပ်စက် ခံရသည့် သားဖြစ်သူ လွတ်မြောက် ရေးအတွက် လယ်ယာမြေ များကို ပေါင်နှံ၍ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်ကို ငွေကျပ် ၂ သိန်း ၅ သောင်း ပေးပြီးမှသာ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ငွေကျပ် ၂ သိန်း ၅ သောင်းကို မတရား သဖြင့် ရယူ ခဲ့သည့် ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးမောင်သက်နိုင်သည် မောင်ဝါဇ်ကရီးမ်၏ မိဘများထံမှ ငွေကြေး တစ်စုံတစ်ရာ မပေးဘဲ ပြန်လည် လွှတ်ပေး ခဲ့ပါသည်ဟု ခံဝန်ချက် လက်မှတ် ယူခဲ့ကြောင်း သိရှိ ရပါသည်။ 

ဒေသဆိုင်ရာ အာဏာပိုင် များသည် မတရား ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ပြီး၊ စစ်ဆေးရေး အဖွဲ့များ လာရောက် ပါက ငွေမယူ ခဲ့ကြောင်း သက်သေ ပြရန် ငွေညှစ် ခံရသူ များကို ဖိအား ပေး၍ ခံဝန်ချက် လက်မှတ်များ ရေးထိုး ခိုင်းလျက် ရှိသည်။ လွန်ခဲ့သည့် ရက်ပိုင်းက မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးက ငွေညှစ် ခံရသူ တစ်ဦးကို စစ်ဆေးရန် ဆင့်ခေါ်ရာ ရွာအုပ်ချုပ် ရေးမှူးက ငွေညှစ် ခံရသည်ကို ပြောဆိုပါက မိသားစု ၀င်များ အားလုံးကို ဒုက္ခပေး မည်ဟု ခြိမ်းခြောက် သဖြင့် ထွက်ဆိုချက် မှန်ကန်စွာ မပေးနိုင်ခဲ့ဟု သိရှိ ရပါသည်။ 


Comment ရေးရန်

Rohingya Exodus