နောက်ဆုံးသတင်း/ဆောင်းပါးများ

ရွှေဇား ဈေးကောက် များက ဈေးဝယ်ပြီး ပြန်သူများထံမှ အခွန်သဖွယ် ကောက်ခံနေ

RB News
17.12.2013

မောင်တော ။ ။ရခိုင်ပြည်နယ်၊မောင်တောမြို့ရှိ ရွှေဇားဈေးကို ၂၀၁၃ ခုနှစ် အ တွက် ဈေးကောက် ကောက် ခံ ရန် မောင်တောမြို့ ကရာတေးဒို အဖွဲ့မှ ဦးခင်မောင် ဦးဆောင် ၍ ဈေးကောက် ကိုယ်စားလှယ် အဖြစ် ရ ယူ ခဲ့သည်။ ဦးခင်မောင်သည် မဆလ ခေတ်အဆက် ဆက်တွင်လည်း မောင်တော မြို့ရှိ ရွှေဇား တံတား ကို ကိုယ်စား လှယ်ယူ၍ တံတားပေါ် မှဈေးဝယ်ပြီး ဖြတ်သန်း သွားလာ သူများကို ညှဉ်းပန်း နှိပ် စက်ဈေးကောက် ဟု ဆို၍ အခွန် သဖွယ် ကောက်ခံ ခဲ့သူ ဖြစ်ကြောင်း သိရှိ ရပါသည်။ ၎င်းတံတားကို ဦးခင်မောင်မှ မြို့မ အနောက် ရပ်ကွက်နေ ဦးထွန်းမင်းနိုင် (ဘ) ဦးဝေသာမောင် နှင့် အပေါင်း အပါ ၁၀ ဦးကို တဆင့် ကိုယ်စားလှယ် ပေးခဲ့သည်။ 

မောင်တောမြို့မြောက်ပိုင်းမှ လာသူ များသည် ရွှေဇာဈေး၊ ရွှေဇား တံတားကိုဖြတ်၍ မြို့ထဲသို့ ၀င်ရ သည်။ ဈေးကောက် များ၏ အလုပ်သည် ဈေးတွင် ဈေးရောင်းချ သူများထံမှ ဈေးကောက် ကောက် ရ သည့် အလုပ်ဖြစ် သော်လည်း ယခု အခါ ရွှေဇား တံတား ပေါ်မှ လမ်းလျှောက်၊ ကား၊ ဆိုင်ကယ် တက္ကစီ၊ ဆိုက်ကား၊ စက်ဘီးဖြင့် ဖြတ်သန်း သွားသူ များကို ရပ်တန့် ခိုင်း၍ ၀ယ်လာသည့် ပစ္စည်း များကို ရေတွက် ၍ ဈေးနှုန်းများ တွက်ချက်၍ အခွန် ကောက်သည့် သဖွယ် ကောက်ခံ လျက်ရှိကြောင်း ဒေသခံ တစ်ဦးမှ RB News သို့ ပြောပါသည်။ 

မောင်တောမြို့ မြောက်ပိုင်းရှိ ရွာ ၅၀ နီးပါးမှ ဒေသခံ များသည် ရွှေဇား တံတားကို မဖြစ်မနေ ဖြတ်ရပြီး၊ ၎င်းတို့ထံမှ နေ့စဉ်နှင့် အမျှ ဈေးကောက်ဟူ၍ အခွန် သဖွယ် ကောက်ခံ နေသဖြင့် မြို့နယ် စည်ပင် သာ ယာရေးနှင့် အုပ်ချုပ်ရေး အာဏာပိုင် များကို တိုင်ကြား သော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မ ရှိကြောင်း ဒေသခံ များမှ ပြောပါသည်။ ရွှေဇား တံတားကို တဆင့် ကိုယ်စားလှယ် ယူထားသူ ဦးထွန်း မင်းနိုင် သည် မောင်တော ခရိုင် ကြံ့ခိုင်ရေး ပါတီ ဥက္ကဌ ဦးထွန်းလှစိန်၏ ယောက်ဖ အရင်း ဖြစ် သည်ဟု ဆိုကာ ပိုမို၍ အတင့်ရဲ နေသည်ဟု ဆိုသည်။ 

“ဆန်တစ် အိတ်ကို ၅၀၀ ကျပ်၊ စောင်တထည်ကို ၅၀၀ ကျပ်၊ ကုလားထိုင် တစ်လုံးကို ၅၀၀ ကျပ်နဲ့ အခြား ပစ္စည်းတွေ ကိုလည်း ရေတွက်ပြီး ၀ယ်လာတဲ့ ဈေးနှုန်းပေါ် မူတည်ပြီး အခွန်လို ပေးခိုင်း တယ်။ ပေးရတဲ့ သူတွေက ဈေးဝယ် သူ တွေပါ။ ရွှေဇားဈေးမှာ ဈေးရောင်းသူ တွေမဟုတ်ဘူး။ တံတား နားမှာ လုံထိန်း စ ခန်း ရှိတော့ ဘယ်နဲ့ လာလာ လုံထိန်းတွေကို ရပ်ခိုင်းပြီး အတင်း အဓမ္မ ကောက်ခံ နေတာပါ။ ကျွန်တော် တို့ အာဏာပိုင် တွေကို တိုင်ပြီးပြီ၊ လုံးဝ အရေးမယူဘူး” ဒေသခံ တစ်ဦးက RB News သို့ ပြော ပါသည်။ 

ဦးခင်မောင်သည်ခေတ်အဆက် ဆက်တွင် တံတား ပေါ်မှ ဖြတ်သန်း သူများထံမှ ဖြတ် သန်းကြေး ကောက် ခံ ခဲ့ရာ၊ ယခု အခါ လူတစ်ဦးလျှင် ၂၀၀ ကျပ်၊ ကိုယ်ဝန်ဆောင် ဆိုပါက လူနှစ်ဦးစာ ၄၀၀ ကျပ် ကောက်ခံ လျက်ရှိသည်။ 

“ကျွန်တော်တို့ အများစုက မြို့ပေါ် ကနေ ထင်းကအစ၊ သားငါး အကုန် လိုအပ် သမျှ ပစ္စည်း ၀ယ်ရတော့ အခု လိုပေးနေ ရတာ အကျပ်အတည်း တစ်ခု ဖြစ်လာတယ်။ အာဏာပိုင်တွေကို တိုင်တော့လည်း ဘာ မှဖြစ်မ လာဘူး။ အဲဒီတော့ ပြည်နယ် စည်ပင် ၀န်ကြီး ဦးမြအောင်၊ ပြည်ထောင် စုဝန်ကြီး နိုင် ငံတော် အစိုးရ ကိုအမြန် ဆုံး အရေး ယူ ဆောင် ရွက်ပေးဖို့ ကျွန်တော် တို့ဒေ သခံတွေ ကတောင်း ဆိုပါတယ်”


  1. http://www.bbc.co.uk/burmese/burma/2013/12/131216_police_complaint_winkhaung.shtm
    အများပြည်သူများ အထက်ပါ link သို့ တိုင်းကြားပါ၊

Comment ရေးရန်

Rohingya Exodus