ငခူရ ကျေးရွာဈေးမှ ဆိုင်ခန်း တစ်ခန်း မီးရှို့ခံရ
MYARF
RB News
17.12.2013
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ငခူရ ကျေးရွာ အုပ်စုဈေးရှိ ဆိုင်ခန်း တစ် ခန်း ကို အမည်မသိ ရခိုင် အုပ်စု တစ်စုမှ ယနေ့ ည ၇ နာရီတွင် မီးရှို့ခဲ့ကြောင်း သတင်း ရရှိ ပါသည်။
မောင်တောမြို့နယ်မြောက်ပိုင်း ငခူရကျေးရွာ အုပ်စုဈေးရှိ ဦးကမာလ်အဟမတ် ပိုင်ဆိုင်သော ဆေး ဆိုင် ကို ယနေ့ ည ၇ နာရီခန့်တွင် အမည်မသိ ရခိုင်အုပ်စုမှ မီးရှို့ခဲ့ပြီး၊ ရွာသားများက မီးလောင် ကျွမ်း နေ သည့် ဆိုင်၏ တံခါးကို ဖျက်၍ မီးငြိမ်းသတ် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
မီးငြိမ်းသတ်နေစဉ် ၀ါယာကြိုးခွေ တစ်ခွေ မီးလောင်ကျွမ်းနေသည် ကိုတွေ့ရှိခဲ့ကြပြီး၊ မီးငြိမ်း သတ်ပြီး မကြာမှီအာဏာပိုင်များရောက်ရှိ လာပြီးဆိုင်ရှင်ဖြစ်သူ ဦးကမာလ်အဟမတ်ကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရှိရပါသည်။ မီးလောင်မှုကြောင့်ငွေကျပ် ၄ သိန်းနီးပါး ရှိဆေးဝါး ပစ္စည်းများ ဆုံးရှုံး သွားကြောင်း သိရ သည်။
ယနေ့ နေ့လည်ပိုင်းတွင် ငခူရ ကျေးရွာ အုပ်စု၊ မြို့သစ် ရခိုင် ကျေးရွာတွင် သူစိမ်း ရခိုင် လူမျိုး များ ရောက် ရှိ ခဲ့ပြီးနောက် ယခု ကဲ့သို့ မီးရှို့မှု ဖြစ်ပွား ခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံ များက ပြောပါသည်။ ပုံမှန် အား ဖြင့် ဒေသတွင်း တည်ငြိမ် အေးချမ်း လျက်ရှိသော်လည်း မျက်နှာစိမ်းများ ရောက်ရှိ လာပါက ယခု ကဲ့ သို့ ဖြစ်ရပ်များ ပေါ်ပေါက်လေ့ ရှိကြောင်း ဒေသခံ များက ဆိုသည်။