နောက်ဆုံးသတင်း/ဆောင်းပါးများ

ဥပဒေ အပေါ်တွင် ဘယ်သူ့မှ မရှိပါဘူး Nobody is Above the Law

ဥပဒေ အပေါ်တွင် ဘယ်သူ့မှ မရှိပါဘူး။ Nobody is Above the Law

ချစ်ခင် လေးစားအပ် ပါသော မောင်တော ခရိုင်ရှိ မိဘပြည်သူ အပေါင်း တို့ ခင်ဗျား-

၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှ စ၍ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဒုချီရာတန်း ကျေးရွာ အုပ်စုနှင့် အနီး တဝိုက် ကျေးရွာ များတွင် ဖြစ်ပေါ်လျက် ရှိနေသော အခြေ အနေများ အတွက် ကျွန်တော်တို့ မောင်တော ခရိုင် ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် များမှ အထူး ဝမ်းနည်းပြီး ဖြစ်စဉ် အားလုံး ကိုလဲ အနီးကပ် စောင့် ကြည့် လေ့ လာ နေပါတယ်။ ပျေက်ဆုံး နေသော ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းနှင့် အပြစ်မဲ့ ရွာသူ ရွာသားများ အ တွက် လဲ အထူး စိုးရိမ်လျက် ရှိနေပါတယ်။

ဒုချီရာတန်း (ခ) ကီလားတောင် ကျေးရွာ အုပ်စုမှာ ဒေသခံ လူတစ်ဦး တစ်ယောက်မျှ မရှိသောကြောင့် တစ်ရွာလုံး တိတ်ဆိတ် တည်ငြိမ် နေသော်လည်း ပတ်ဝန်းကျင် ရွာများတွင် တည်ငြိမ်မှု မရှိသေးကြောင်း ဒီကနေ့ မနက် ၁၁ နာရီ အချိန်တွင် ပြည်သူ များ၏ တင်ပြချက် အရ သိရှိရ ပါတယ်။ အနီး ပတ်ဝန်း ကျင် ရှိ ဂေါ်ဒူဆော်ရား၊ နူရုလ်လာ ကျေးရွာ များတွင် လုံခြုံရေး တပ်ဖွဲ့ဝင် များမှ ဝင်ရောက် ရှာဖွေ ဖမ်ဆီးမှု များ ပြု လုပ် နေသောကြောင့် ပြည်သူများ အထိန့် တလန့်ဖြစ်ကာ စိုးရိမ်လျက် ရှိနေ ကြကြောင်း လေ့လာ သိရှိရ ပါတယ်။ မောင်တော ဒေသတွင် လုံခြုံရေး တာဝန်ယူ ဆောင်ရွက် နေသော ရဲမှုးချုပ် တင်ကိုကို အားအထူးကျေးဇူးတင်ရှိပါတယ်။ရဲမှုးချုပ်မှဥပဒေနှင့် အညီဆောင် ရွက်ရန်ညွန်ကြားရင် လည်း အောက်ခြေ လုံခြုံရေး တပ်ဖွဲ့ဝင် များ က အတိ အကျ လိုက်နာ မယ်လို့ ပြောလို့ မရပါဘူး။ ဒါကြောင့် မ လို့ ပြည် သူ တွေ ရဲ့ပြောကြားချက် တွေကိုလဲ နားထောင်ဖို့ လိုပါတယ်။ ကျွန်တော် တို့ကို လည်း ပြည် သူ တွေက အ များကြီး တင်ပြ ထားတာ ရှိပါတယ်။ ပြည်သူ့ တွေရဲ့ ခံစားချက်၊ တင်ပြ ချက် တွေကို အလေး အနက် ထားဖို့ လိုပါတယ်။ ပြည်သူတွေ ပြစ်မှု ကျူးလွန်နိုင် သလို လုံခြုံရေး တပ်ဖွဲ့ ဝင် တွေ လဲ ပြစ်မှု ကျူး လွန်နိုင် ပါ တယ်။ ပြည်သူတွေ ပြောတာ အားလုံး ကောလ ဟာလ၊ ရဲတပ်ဖွဲ့ ဝင်တွေ ပြော တာ အားလုံး အမှန်လို့ ယူ ဆပြီး လုပ်ဆောင် နေသမျှ တရား ဥပဒေ စိုးမိုးမှု ဘယ်တော့မှ ရှိမှာ မဟုတ် ပါဘူး။ တရား ဥပဒေ စိုးမိုးရေး ဆို တာ ရဲနှင့် ပြည်သူ ပူးပေါင်း ဆောင်ရွက်နိုင်မှ ဖြစ်နိုင်မှာပါ။ 

လူသတ်မှုတွေ၊ မုဒိန်းမှုတွေမြန်မာနိုင်ငံတဝှမ်းလုံးမှာ နေ့စဉ်နှင့်အမျှဖြစ်နေ ပါတယ်။ ပြစ်မှု ကျူး လွန် သူ တွေ ကို ပြည်သူ့ရဲက ဘယ်လို ပုံစံနှင့် ဖေါ်ထုတ်ကြ ပါသလဲ၊ Police Procedures လို့ခေါ်တဲ့ ရဲလုပ်ထုံး လုပ်နည်းတွေ ရှိပါတယ်။ ပြစ်မှု ကျူးလွန်သူ တစ်ယောက် နှစ်ယောက် အတွက် တရွာလုံးက လူတွေ၊ အ မျိုး သမီးတွေ၊ ကလေး တွေကို ခြိမ်းခြောက် ဖမ်းဆီးလို့ မရပါဘူး။ အဲသလို ဥပဒေလဲ မရှိပါ ဘူး။ မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ ရာဇဝတ်မှု များကို စစ်ဆေး ဖေါ်ထုတ်တဲ့ အခါ ဥပဒေ၊ နည်းဥပဒေများ အတိုင်း စံတစ်မျိုးတည်း ကိုသာ သုံးဖို့ လိုအပ် ပါတယ်။ 

၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က တောင်ကုတ် မြို့မှာ ခရီးသွားသူ ၁၀ ဦးကို အင်အား ၃ဝဝ ခန့်ရှိ လူအုပ်မှ သတ်ဖြတ် ခဲ့သည့် ရာဇဝတ်မှု များကို ဘယ်လို ကိုင်တွယ် ဖေါ်ထုတ်ခဲ့ ပါသလဲ။ တစ်နှစ်ကြာ အ ထိ တောင်ကုတ်နှင့် ရခိုင် ပြည်နယ် ရဲတပ်ဖွဲ့ဝင် များက မဖေါ်ထုတ် နိုင်ခဲ့လို့ နေပြည်တော်မှ အထူး ရဲ တပ်ဖွဲ့ဝင် များသွားပြီး ဖေါ်ထုတ် ဖမ်းဆီးခဲ့ ရတယ်။ အဖမ်းခံ ရသူ ၆ ဦး သာ ရှိပြီး တရား ဥပဒေ အရ အရေးယူ ဆောင်ရွက် နေကြောင်း လေ့လာ သိရှိ ရပါတယ်။ ကျွန်တော် တင်ပြ လိုတာ ကတော့ ဒီတရားခံ ၆ ဦးကို ဖမ်းဆီးဖို့ လုံခြုံရေး တပ်ဖွဲ့ဝင် ဘယ်နှစ်ဦး အသုံးပြု ခဲ့ပါသလဲ၊ ရွာဘယ်နှစ် ရွာကို ဝင်စီး ခဲ့ပါသလဲ၊ အချိန် ဘယ်လောက် ယူခဲ့ပါ သလဲ၊ ရပ်မိ ရပ်ဖ၊ အမျိုးသမီးနှင့် ကလေး ဘယ်နှစ်ဦးကို ဖမ်းဆီး ခဲ့ပါ သလဲ၊ သေနတ် ဘယ်နှစ်ချက် ပစ်ခတ် ခဲ့ရ ပါသလဲ၊ အခု မောင်တောမှာ ဘယ်လို ပုံစံနဲ့ လုပ်နေကြ ပါသလဲ။ ဒါတွေကို ကျွန်တော်တို့ သိဖို့လို ပါတယ်။ စံတစ်မျိုးတည်း ဖြစ်ဖို့ လိုပါတယ်။ မဟုတ် ရင်တော့ ခွဲခြား ဆက်ဆံ ဆောင်ရွက် မှုလို့ဘဲ ပြောရ ပါလိမ့်မယ်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက မည်သည့် ခွဲခြား ဆက်ဆံမှု ကိုမှ လက်မခံ ပါဘူး။ ဥပဒေ ချိုးဖောက်သူ မည်သူမဆို ပြစ်ဒဏ် ပေးခြင်းခံ ရပါမည်။ Nobody is Above the Law ဟု ဆိုတဲ့ အတိုင်း ဥပဒေ အပေါ်တွင် ဘယ်သူ့မှ မရှိပါဘူး။

ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အပါအဝင် ဒုချီရာတန်း မူဆလင်ရွာမှ ပျောက်ဆုံး နေသော အမျိုး သမီး များ၊ ကလေးများ၊ အမျိုးသားများ အားလုံးကို ရှာဖွေတဲ့ နေရာမှာ ပြည်သူ များ၏ တာဝန် သိမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု အလွန် အရေးကြီး ပါတယ်။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ် များကလည်း နယ်မြေ တည်ငြိမ် အေးချမ်းရေးနှင့် တရား ဥပဒေ စိုးမိုးရေး အတွက် တာဝန် ရှိသူများ ဖြစ်ကြတဲ့ အတွက် နိုင်ငံတော်နှင့် လူမျိုးစုံ၊ ဘာသာစုံ ပြည်သူ များ၏ အကျိုးကို ရှေ့ရှု၍ လွှတ်တော်များ၊ ဒေသ ဆိုင်ရာ အာဏာ ပိုင်များ၊ ဗဟို အာဏာပိုင် များနှင့် ဆက်သွယ်၊ ညှိနှိုင်း၊ ပူးပေါင်း ဆောင်ရွက် နေကြ ပါတယ်။

ဥပဒေ ချိုးဖောက်သူ မည်သူ့ကိုမဆို ဥပဒေနှင့် အညီအရေးယူနိုင်မှ နယ်မြေ တည်ငြိမ်အေး ချမ်းမှု ကို ဖေါ်ဆောင်   နိုင်မှာ ဖြစ် ပါတယ်။ သို့ဖြစ်ပါ၍ နစ်နာသူ များ၏ တိုင်ကြား စာများ၊ လူအသေ အပျောက် စာရင်းများ၊ သတင်း အချက် အလက်များး၊ ဓါတ်ပုံ၊ အသံဖိုင်၊ ဗွီဒီယိုဖိုင် အထောက် အထား များ ကို အောက်ပါ Electronic လိပ်စာ များသို့ အမြန်ဆုံး ပို့ပေး ကြပါရန် တိုက်တွန်းအပ် ပါတယ်။ အား လုံး ကို ကျေးဇူးတင် ပါတယ်။

မှတ်ချက်။ သတင်း အချက် အလက် ပေးပို့သူ များ၏ ကိုယ်ရေး အချက် အလက် များကို အထူး လျှို့ဝှက် ထားရှိ ပါမည်။

1. Viber ID: 09-500-2570 
2. WeChat ID: ShweMaung_MP 
3. Skype ID: ShweMaung.MP 
4. Facebook ID: ShweMaung.BTG 
5. Gmail ID: ShweMaung.MP@gmail.com 

[ Video file များကို YouTube တွင် Upload လုပ်ပြီး Link ကို အထက် ဖေါ်ပြပါ အဆင် ပြေရာ ID တစ်ခု ခုသို့ Share လုပ်ပေးရင် လုံလောက် ပါတယ်။ YouTube ပေါ်တွင် Upload မလုပ်တတ် သူများ ဆက်သွယ် လာပါက ကူညီ ရှင်းပြ ပေးပါ့မယ်။ ]

လေးစားစွာဖြင့်

ဦးရွှေမောင် 
(မောင်တော ခရိုင် ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စား)
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် 
မိုဘိုင်းဖုန်း - ဝ၉-၅ဝဝ-၂၅၇ဝ

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက် 
ရန်ကုန်မြို့

  1. ဥပ ဒေ အ ပေါ် တွင် နိုင် ငံ တော် သမ္မတ နှင့် RNDP တို့  ၏ အ ကြံ ဆိုး
    တစ်ခု ရှိ နေ ကြောင်း ပါ အသင်
    လူသား တို့ ရယ် ......

Comment ရေးရန်

Rohingya Exodus