April 06, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရခိုင်ပြည်နယ်က ရဲတပ်ဖွဲ့နဲ့ ရိုဟင်ဂျာ ထိပ်တိုက် ရင်ဆိုင်မှု သတင်း ကန်နဲ့ ကုလစိုးရိမ်



ဒေါ်ခင်စိုးဝင်း
18.1.2014

ရခိုင် ပြည်နယ် မောင်တော မြို့နယ်မှာ ဒီသီတင်း ပတ်တွင်း ကင်းလှည့် ရဲတပ်ဖွဲ့ တွေနဲ့ ရိုဟင်ဂျာ အသိုင်း အ၀ိုင်း အကြား ထိပ်တိုက် ရင်ဆိုင် မှုတွေ ဖြစ်ခဲ့ပြီး ရိုဟင်ဂျာတွေ အသေ အပျောက် ရှိတယ်၊ တချို့ ထွက်ပြေး တိမ်းရှောင်ခဲ့ ရတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး မြန်မာ အာဏာပိုင် တွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊နယ်ခံတွေနဲ့မေးမြန်းပြီး မဟုတ်မှန်တဲ့ အကြောင်း သောကြာနေ့ ကပြောဆို လိုက်ပါ တယ်။ ဒါပေမဲ့လည်း လုံခြုံရေး တပ်ဖွဲ့တွေက အင်အားသုံး ခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်တဲ့ အတွက် အမေရိ ကန် ပြည်ထောင်စုက စိုးရိမ် မကင်း ဖြစ်ရတယ်လို့ ဆိုပါတယ်။ ဒေါ်ခင်စိုးဝင်းက အပြည့် အစုံ တင်ပြ ပေး ပါမယ်။

ရခိုင်ပြည်နယ် မောင်တော မြို့နယ်မှာ ဒီသီတင်း ပတ်တွင်း လုံခြုံရေး တပ်ဖွဲ့ဝင် တွေရဲ့ တိုက်ခိုက် မှုကြောင့် ရိုဟင်ဂျာ မူဆလင်တွေ ထွက်ပြေး တိမ်းရှောင် ကြရတယ် ဆိုတဲ့ သတင်း ကြားသိရတဲ့ အတွက် အမေ ရိကန် ပြည်ထောင်စုက စိုးရိမ် မကင်း ဖြစ်ရတဲ့ အကြောင်း မနေ့က ကျင်းပတဲ့ နိုင်ငံခြားရေး ဝန်ကြီး ဌာန နေ့စဉ် ပုံမှန် သတင်းစာ ရှင်းလင်း ပွဲမှာ ပြောခွင့် ရသူ Jen Psaki က အခုလို ပြောဆိုသွား ပါတယ်။

"ဒီသတင်းနဲ့ ပါတ်သက်ပြီး အထူး သဖြင့် စိတ်အနှောင့် အယှက် ဖြစ်ရတာ ကတော့ လုံခြုံရေး တပ်ဖွဲ့ တွေ က အင်အား အလွန် အကျွံ အသုံးပြုတာ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်တဲ့။ ဘာပဲ ဖြစ်ဖြစ် အကြမ်း ဖက်ခဲ့ တယ် ဆိုရင်တော့ အမေရိကန် ပြည်ထောင်စုက ပြင်းပြင်း ထန်ထန် ရှုံ့ချနေ ပါတယ်တဲ့။ ဒီလို အကြမ်းဖက် ခဲ့ရင် အဲဒီမှာ နေထိုင်တဲ့ ဘယ်သူ့ကို မဆို ဆိုးကျိုး သက်ရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။"

ဒါကြောင့် လုံခြုံရေး တာဝန်ယူ ထားသူတွေ အနေနဲ့ အထူး ထိန်းထိန်း သိမ်းသိမ်း လုပ်စေ လိုပါတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုးတွေ မဖြစ်ရအောင် အစိုးရ အနေနဲ့လည်း ရေရှည် ခံမည့် အဖြေကို ရှာစေ လိုတယ် လို့ ပြောဆို သွားတာပါ။ အကြမ်းဖက် ခဲ့တာကြောင့် အခြေ အနေမဲ့ ဖြစ်ရသူ တွေလည်း သူတို့ ရဲ့ နေ အိမ် တွေကို အေးအေး ဆေးဆေး ပြန်ပြီး နေစေ လိုတယ်လို့ ပြောဆို သွားပါတယ်။ 

တချိန် တည်းမှာပဲ မြန်မာနိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် ကင်တားနား ကလည်း ဒီမောင်တော မြို့နယ်မှာ သတင်းတွေမှာ ဖော်ပြထားတဲ့ အတိုင်း အခင်း ဖြစ်ပွားပြီး သေဆုံး ဒဏ်ရာ ရတာတွေ ရှိခဲ့မယ် ဆိုရင် မြန်မာ အစိုးရ အနေနဲ့ နိုင်ငံ တကာ ဥပဒေတွေနဲ့ အညီ လူ့အခွင့် အရေး ချိုးဖောက် မှုတွေ ရှိမရှိ ထိထိ ရောက်ရောက် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ် ပေးပါရန် ဇန်နဝါရီလ ၁၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထား ပါတယ်။

ဒီလို အခင်း ဖြစ်ပွား ခဲ့ရင် အဖမ်း အဆီးတွေ ရှိတတ် တာကြောင့် မြန်မာ အာဏာပိုင်တွေ အနေနဲ့ အဖမ်းခံ ရသူတွေရဲ့ အခွင့် အရေးကို လေးစားဖို့နဲ့ ဥပဒေ အကျိုးဆောင် တွေနဲ့ ဆက်သွယ် ခွင့်ပြုဖို့ ကိုလည်း မစ္စတာ ကင်တာနားက အလေး အနက် တိုက်တွန်းထား ပါတယ်။

သူအရင်တုန်းက ကြုံခဲ့ဖူးတဲ့ စိုးရိမ်မကင်းဖြစ်ရ တာတွေကြောင့်မောင်တောမြို့နယ်မှာအဖမ်းခံ ရ သူတွေရှိခဲ့ ပါက သီးခြား လွတ်လပ်တဲ့ စောင့်ကြည့်တဲ့ အဖွဲ့တွေကို အဲ့ဒီ့ အထိန်းသိမ်းခံ တွေဆီ သွားရောက် ခွင့်ပြု ပါရန်လည်း အာဏာပိုင် တွေကို တိုက်တွန်း ထားပါတယ်။

တဆက် တည်းမှာပဲ ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးနဲ့ ဗြိတိန် သံရုံးတို့ ကလည်း မောင်တော မြို့နယ်က အကြမ်းဖက်မှု ဖြစ်တယ် ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အထူး စိုးရိမ် မကင်း ဖြစ်ရ ပါကြောင်း၊ ပြည်ထောင်စု အစိုးရ အနေနဲ့ရော ပြည်နယ် ဒေသခံ အာဏာပိုင်တွေ အနေနဲ့ပါ ရခိုင် ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ ဖြိုးရေး ရေရှည် တည်တံ့ဖို့ အတွက် အခြေ အနေ ဖန်တီး ပေးပါရန် တိုက်တွန်းလိုက် ပါတယ်။

ဒီလို အခြေ အနေမျိုး ဖန်တီးပေး နိုင်ဖို့ အတွက် ပြည်နယ် အတွင်း တင်းမာမှုတွေ လျော့ပါးပြီး ပြန်လည် သင့်မြတ်ရေး အတွက် လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေး၊ တရား မျှတရေး၊ လူမှုရေး အကူ အညီတွေ၊ လက်လှမ်း မှီအောင် ပေးပို့နိုင်ခွင့် စတာတွေ ချက်ခြင်း အရေး တယူ ဆောင်ရွက် ပေးဖို့ လိုအပ်တဲ့ အကြောင်း ရန်ကုန်ရှိ ဗြိတိန်နဲ့ အမေရိကန် သံရုံး တို့က ဇန်နဝါရီလ ၁၇ ရက်နေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန် ထားပါတယ်။

နိုင်ငံ တဝှမ်းလုံးရှိ ဘာသာရေး ခေါင်းဆောင်တွေ၊ လူထု အခြေပြု ခေါင်းဆောင် တွေနဲ့ ပြည်သူ လူထု တရပ်လုံးက ဗုဒ္ဓဘာသာနဲ့ မူဆလင် အသိုင်း အဝိုင်း ကြား အကြမ်းဖက် မှုတွေကို ဆန့်ကျင်ပြီး မတူ ကွဲပြားတဲ့ လူမျိုးစု တွေကြား နားလည်မှု၊ အပြန် အလှန် လေးစားမှု၊ တရား မျှတမှုနဲ့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး ကို ရှေးရှု ကြပါရန် လည်းအဲ့ဒီ့ ကြေညာ ချက်မှာ ဖော်ပြ ထားပါတယ်။

မြန်မာ အစိုးရရဲ့ ပြောခွင့် ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် ကတော့ ပြည်ထဲရေး ဌာနနဲ့ ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲတို့နဲ့ဆက်သွယ်ပြီးဒီသတင်းနဲ့ပတ်သက်ပြီးမေးမြန်းရာမှာမဟုတ်မှန်တဲ့အကြောင်း သောကြာနေ့ က သတင်းစာ ရှင်းလင်း ပွဲမှာ တုန့်ပြန် ထားပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus