နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆင်သေကို ဆိတ်သားရေဖြင့်ဖုံးရန် ကြိုးစားခြင်း


မောင်ရွှေခိုင်
RB News
23.8.2012

၁၉၈၈-ခုနှစ်၊ (၈၈၈၈)အရေးအခင်းတွင်၊ ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူ(၃၀၀၀)ကျော် အသက်ဆုံးရှုံးခံခဲ့ရသည်။ ဤ (၃၀၀၀)ကျော်သော သူများသည် မည်သူ၏လက်ချက်ကြောင့် သတ်ဖြတ်ခံခဲ့ရသနည်း။ န၀တ/နအဖ လက်ထက်တွင် တိုင်းရင်းသားဒေသ များ၏ ရွာအမြောက်အများ ဖျက်ဆီးခံခဲ့ရပြီး၊ အမျိုးသမီးများမုဒိန်းကျင့်ခံခဲ့ရကာ၊ လူငယ်/လူရွယ် မြောက်များစွားသတ်ဖြတ်ခံခဲ့ရသည်။ ၂၀၀၃-ခုနှစ်၊ ဒီပဲယင်းအရေးအခင်းတွင်လည်း NLD-အား ထောက်ခံသူ(၁၀၀)ကျော် အသက်ဆုံးရှုံးခံခဲ့ရကြောင်း မျက်မြင်သက်သေများအရ သိရှိရသည်။ “၈၈”အရေးအခင်းနောက်ပိုင်း ကျောင်းသား၊ ပြည်သူများအား ဘ၀တုံးသွားအောင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။ ၁၉၉၆-ခုနှစ်၊ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုကို ပြင်းပြင်းထန်ထန်နှိပ်ကွက်ခဲ့သည်။ ၂၀၀၇-ခုနှစ်၊ ရွှေဝါရောင် သံဃာအရေးအခင်းတွင် လည်း သံဃာတော် အမြောက်အများ ဖမ်းဆီးနှိပ်စက်ခံခဲ့ရပြီး အချို့အသတ်ခံရကြောင်း ဓါတ်ပုံနှင့်တကွ ဖော်ပြသော သတင်းများအရ သိရှိ ရသည်။ ဤကဲ့သို့ ရဟန်းရှင်လူ၊ ကျောင်းသား၊ပြည်သူများကို ညှင်းပမ်း၊နှိပ်စက်ခြင်း၊ ဘ၀တုံးသွားအောင် နှစ်ရှည်ထောင်သွင်းအကျဉ်းချ ခြင်း၊ မညှာမတာသတ်ဖြတ်ခံခဲ့ရခြင်းတို့အတွက် နစ်နာမှု၊ အမှန်တရား၊ တရားဥပဒေသည် အဘယ်မှာနည်း။ အဓိကကျူးလွန်သော တရားခံ များသည် မည်သူနည်း။ အသွင်ကူးပြောင်း ကာလဟုဆိုနေသော ဒီမိုကရေစီခေတ်နှင့် ဒီမိုကရေစီအပြည့်အ၀ကျင့်သုံးနိုင်သော ခေတ်များ တွင် အပြစ်ကျူးလွန်သူများအား မည်ကဲ့သို့ပြစ်ဒဏ်ချမှတ်နိုင်သနည်း။ အပြစ်ကျူးလွန်သူများသည် န၀တ/နအဖ စစ်အစိုးရခေတ် အုပ်ချုပ် သူ ထိပ်ပိုင်းခေါင်းဆောင်များအားလုံး၊ ယခုဦးသိန်းစိန် အစိုးရအဖွဲ့ ၀င်အများစု၊ ကြံ့ဖွံ့ခေါင်းဆောင်များ တိုက်ရိုက်၊သွယ်ဝိုက်၍ အကျူးံဝင်နေ သည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ကြားဖြတ်ရွေးကောက်ပွဲဝင်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပြည်သူများ၏ ဆန္ဒသဘောထား မပါဘဲ အလိုအလျောက်ရွေးချယ်ခံထားရသော တပ်မတော် သားလွှတ်တော် ကိုယ်စားလှယ်(၂၅)%ကို ပြည်သူ့ဆန္ဒသဘောအတိုင်း အခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်ရန်ဟူသောအချက်ကို ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ကာလအချိန် ဒေါ်အောင်ဆန်းစုကြည်မှ  ထုတ်ဖော်ပြော ဆိုသွားခဲ့သည်။ ၂၀၀၈-ခုနှစ် အခြေခံဥပဒေအရ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်(၂၅)%ကို ပြန်လည်ပြင်ဆင်လိုလျှင် လွှတ် တော်ကိုယ်စားလှယ် များ၏ (၇၅)ရာခိုင်နှုန်းကျော်သော ထောက်ခံမဲ့ဖြင့် ပြင်ဆင်နိုင်မည်ဖြစ်သည်။ လက်ရှိ ကြံ့ဖွံ့အစိုးရသည် ၂၀၁၅-ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် NLD-က မဲအပြတ်အသတ်နိုင်မည်ကို တွက်ထားပြီးဖြစ်သည်။ ထိုကြောင့် ၂၀၁၅-ခုနှစ် ရွေးကောက်ပွဲတွင် NLD-သည် အခြားဒီမိုကရေစီမဟာမိတ်၊ တိုင်းရင်းသားပါတီများ ၏ မဲများပေါင်းလိုက်လျှင် (၇၅)%ပြည့်သွားပြီဖြစ်သည်။ တပ်မတော်သား ကိုယ်စားလှယ်အချို့ကို စည်းရုံးနိုင်လျှင် NLD-၏ ရည်ရွယ်ချက် ပြည့်မှီသွားမည်ဖြစ်သည်။ ဒီအချက်ကို ကြိုသိနေသော သိန်းစိန်အစိုးရ သည် NLD-နှင့် ဒီမိုကရေစီမဟာမိတ်၊ တိုင်းရင်းသားပါတီမျာအကြား မပေါင်းမိစေရန်နှင့် သိန်းစိန်အစိုးရကိုသာ အားကိုးရန်ဟူသော နည်းလမ်း မျိုးစုံတွေးတောကြံဆကာ အကောင်အထည်ဖော်လျှက်ရှိသည်။ ထိုကြောင့် သိန်းစိန်အစိုးရသည် ဒီမိုကရေစီမဟာမိတ်၊ တိုင်းရင်းသားပါတီ များနှင့် တွေ့ဆုံးပြီး ၎င်းတို့နှင့်ပူးပေါင်းလုပ်ဆောင်နေကြောင်းကိုပုံဖော်၍၊ ရခိုင်ပဠိပက္ခတွင် ရိုဟင်ဂျာတို့ကို ထိုးကျွေးကာ ရခိုင်နှင့်အခြားရခိုင် မဟာမိတ်ပါတီများအား အပိုင်စည်းရုံး ထားသည်။ ယခုအချိန်မှာ ရိုဟင်ဂျာအရေးကို အကြောင်းပြ၍ ဒီမိုကရေစီနှင့် တိုင်းရင်းသားပါတီများမှ စစ်အစိုးရကျူးလွန်ခဲ့သောပြစ်မှုကိစ္စများကို မည်သူတဦးတယောက်မျှ မပြောဆိုတော့ဘဲ ငါတို့ရဲ့သမ္မတဆိုသော အတွေးများကို ရိုက်သွင်း ခံခဲ့ရပြီး၊ ၎င်းတို့ကို စစ်အစိုးရ၏ကိုယ်ပွား သိန်းစိန်အစိုး ရ၏ သွမ်းသွင်းခြင်းကို ခံနေရသည်။ ရိုဟင်ဂျာကို အကြောင်းပြု၍ အဓိကသွမ်းသွင်းခံ ရသူသည် ရခိုင်လူမျိုးနှင့် ရခိုင်ပါတီများဖြစ်ပြီး ၎င်းတို့ကို ဦးသိန်းစိန်အစိုးရမှ ကယ်တင်ရှင်များအဖြစ်သို့ရောက်အောင် အပိုင်စည်းရုံးနိုင်ခဲ့ သည်။ ရိုဟင်ဂျာကိုထိုးကျွေးပြီး ရခိုင်နှင့် NLD-ခွဲထွက်ပါတီများကို သိန်းစိန်အစိုးရမှ အပိုင်ကြိုးကိုင်ထားပြီး ၂၀၁၅-ခုနှစ် အထွေထွေရွေး ကောက်ပွဲတွင် NLD-မဲအပြတ်အသတ် အနိုင်ရရှိခဲ့လျှင်လည်း၊ တမ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂၅)%ကို ပြင်ဆင်ခွင့်မရရန် သိန်းစိန်အစိုးရမှ ယခုအချိန်မှစ၍ မဟာဗျူဟာစီမံကိန်းဆွဲထားခြင်းဖြစ်သည်။ 

သို့ပေမဲ့လည်း ရိုဟင်ဂျာအရေးသည် အရင်စစ်ဆင်ရေးများပြုလုပ်သကဲ့သို့ လွယ်လွယ်ကိုင် တွယ်ဖြေရှင်းနိုင် ရန် အခွင့်အရေးမရှိ သောကြောင့် စစ်အစိုးရကိုယ်ပွား သိန်းစိန်အစိုးရ သည်လည်း မျောက်အမြှီး၊ မီးတို့ခံရသကဲ့သို့ ဂဏာမငြိမ်နိုင်ဘဲ ရှေ့နောက်မညီ ပြောဆို လုပ်ဆောင်မှုများကို ပြုလုပ်နေသည်။ လတ်တလောတွင် ကုလသမဂ္ဂ၊ နိုင်ငံတကာမှ အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC-နှင့် အာဆီယံနိုင်ငံ များ ၏ဖိအားကို ရှောင်လွှဲရန် နည်းအမျိုးမျိုးကြံဆခြင်း၊ အာဆီယံအရေးပေါ် အစည်းအဝေးကို တက်ရောက်ရန်ငြင်းပယ်ခြင်း၊ နိုင်ငံတကာမှ တောင်းဆိုနေသော လွတ်လပ်သော စုံးစမ်းစစ်ဆေးရေးကော်မရှင်ကို ရှောင်လွှဲရန် မိမိတို့၏ စွမ်းရည်၊စွမ်းပကားများကိုထုတ် သုံး၍ ကြိုးစားသော် လည်း နောက်ဆုံးနိုင်ငံတကာ၏ဖိအားကြောင့် အမှန်တရားအချို့ကို သြဂုတ်လ၊၂၁-ရက်၊၂၀၁၂-နေ့တွင် နိုင်ငံတော် သမ္မတရုံးမှ ပြည်သူ့လွှတ်တော်ဥက္ကဌထံသို့ သ၀ဏ်လွှာရေးသား ပေးပို့ခဲ့ရသည်။ 

သမ္မတဦးသိန်းစိန်သည် ရခိုင်အရေးအစပိုင်းနှင့်စပ်လျဉ်း၍ ဇွန်လ(၆)ရက်၊ ၂၀၁၂-ခုနှစ် နေ့စွဲဖြင့် ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇံမြင့်အား ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်စေ၍ စုံစမ်းစစ်ဆေးရေးကော် မရှင်တစ်ခုဖွဲ့စည်းပေးခဲ့သည်။ ၎င်းအစီရင်ခံစာ၏ ရလဒ်ကို ကြည့်လျှင် ကျောက်နီမော်ရှိ လူသတ်၊မုဒိန်းကျင့်ခဲ့သည်ဟုဆိုသူ သုံးဦးအနက်(တစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချသတ်သေသည် ဟုဆို သည်။)နှစ်ဦးကို သေဒဏ်အမိန့်စီရင်သည်ဟုဆိုသည်မှအပ အခြားမည်သည့်ရလဒ်မျှ ထုတ်ဖော်ခြင်းမရှိသေးပါ။ တောင်ကုတ်မြို့တွင် နေခင်းကြောင်တောင် လူပေါင်း(၃၀၀)ကျော်၏ မညှာမတာသတ်ဖြတ်ခြင်းခံရသော မူစလင်မ်(၁၀)ဦးကိစ္စ၊ စစ်တွေရဲစခန်းကို တိုက်ခိုက် သော ရခိုင်လူမျိုးများအမှု စသည်တို့ကို ရော့တိရောရဲဖြင့် အစီရင်ခံစာထုတ်ပြန်သည်ကို တွေ့ရသည်။ မူစလင်မ်(၁၀)ဦးကို လူပေါင်း(၃၀၀) ကျော်သတ်ဖြတ်မှုတွင် သက်သေမရှိ၍ လူသတ်မှုကနေ လူသေမှုအဖြစ်ပြောင်းကာ တရားခံ(၃၀)ဦးကို စစ်ဆေးနေသည်ဟုသာ ပြောဆို သွားသည်။ ဤကဲ့သို့ ယုတ္တိမရှိသော အစီရင်ခံစာသည် ပြည်တွင်း/ပြည်ပရှိ စစ်မှန်သောဥပဒေပညာရှင်များ မည်သို့မျှလက်ခံ၍မရသော အစီ ရင်ခံစာတစ်ခုဖြစ်နေသည်။ ယခုတကြိမ်တွင်လည်း အစိုးရမဟုတ်သော ပုဂ္ဂိုလ်(၂၇)ဦးပါဝင်သော စုံးစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုကို သြဂုတ်လ၊(၁၇)ရက်၊၂၀၁၂ -နေ့စွဲဖြင့် ထုတ်ပြန်၍` ကမ္ဘာကိုလိမ်ညာရန် ကြိုးပမ်းလျက်ရှိသည်။ (၂၇)ဦးကော်မရှင်ကို ပြန်ကြည့်လျှင် စစ် အစိုးရဘက်တော်သား ဒေါက်တာမျိုးမြင့်ကို ဥက္ကဌအဖြစ်တင်မြှောက်၍ ဒေါက်တာအေးမောင်၊ ဦးအေးသာအောင်၊ ဦးကိုကိုကြီးတို့ကဲ့သို့ သော ရိုဟင်ဂျာများကို (နိုင်ငံခြားသားများအဖြစ် မနေ့တနေ့ကမှ ၀င်ရောက်လာသူများ၊ အကြမ်းဖက်သမားများ) ပုံဖော်ပြီး၊ ရိုဟင်ဂျာများကို အမြဲတစေ ဆန့်ကျင်၊ကန့်ကွက် နေသူများကိုတွေ့ရသည်။ အလျင်းသင့်၍ ဖော်ပြရလျှင် ၁။ ဒေါက်တာအေးမောင်နှင့် RNDP-ပါတီသည် ရခိုင် အရေးအခင်း၏နောက်ကွယ်မှ အဓိကကြိုးကိုင်လုပ်ဆောင်နေသော တရားခံအဖြစ် ၎င်း၏ အင်တာဗျူးမှတ်တမ်းများ၊ ဗီဒီယိုဖိုင်များ၊ RNDP -အဖွဲ့ဝင်များကို ရိုဟင်ဂျာများအား မည်သည့်အစားအစာ၊ စားနပ်ရိက္ခာမျှ ရောင်းချခြင်းမပြုရန် တားမြတ်ထားသော သက်သေအထောက် အထားများ၊ RNDP-နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဆွေးနွေးချက်မှတ်တမ်းများ၊ သမ္မတရုံးမှ ပြည်သူလွှတ်တော်ဥက္ကဌထံသို့ ပေး ပို့ခဲ့သော သ၀ဏ်လွှာအရဖော်ပြနေသည်။ RNDP-နှင့် ရွေးကောက် ပွဲကော်မရှင် ဆွေးနွေးချက်မှတ်တမ်းတွင် ရခိုင်များနှင့် ကုလားများ ရော နှော နေရာချထား ရန်ပြောကြားလျှင် သဘောမတူရန်၊ ရခိုင်အမျိုးသားများနှင့်ကုလားများ သင့်မြတ်စွာယခင်အတိုင်း အတူယဉ်တွဲနေထိုင် ရေး ကြိုးပမ်းရန် ကမ်းလှမ်းလာပါက လက်ရှိအခြေအနေအရ ဖြစ်နိုင်ခြေမရှိသဖြင့် သံဃာအဖွဲ့အစည်းများကိုသာ တာဝန်ပေးအပ်သင့် ကြောင်း ဆွေးနွေးရန်၊ ဒုတိယဗိုလ်ချုပ်ကြီးလှမင်းမှ RNDP-သည် ရခိုင်အရေးအခင်းပတ်သတ်မှုတွင် RNDP-အား ဆက်လက်မလုပ်ရန်၊ လုပ် ရင်တော့ အရေးယူမည်ဟူသောစကားသည် အရင်လုပ်ခဲ့တာတွေကို အရေးမယူ ခွင့်လွှတ်သည်၊ အခုမှစ၍ ထပ်မံပါဝင်ပတ်သက်လျှင် အရေးယူမည်ဟူသော အဓိပ္ပါယ်သက်ရောက်နေသည်။ သမ္မတရုံးမှ ပေးပို့သော သ၀ဏ်လွှာတွင်လည်း ရခိုင်တိုင်းရင်းသား၏ အခြေအနေ ဆိုတဲ့ခေါင်းစဉ်အောက်မှာ နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေးမုန်းတီးမှု၊ စိတ်ဓါတ်အလွန့်အကျွံ မြှင့်တင်ခြင်း၊ လူမျိုးရေးအရ ဆင်ခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကိုလှုံ့ဆော်ခြင်းတို့ကိုသာ ဆောင်ရွက်လျှက်ရှိသည်။ နိုင်ငံအတွင်းနှင့် နိုင်ငံတ ကာမှာရှိသည့် ရခိုင်အသိုင်းအ၀ိုင်းသို့ပါ ချဉ်းကပ်ဆောင်ရွက်လျှက်ရှိသည်။ နိုင်ငံအနှံ့အပြား၌ နေထိုင်လျှက်ရှိသည့် ဘင်္ဂါလီမူဆလင်မ်များ ဟု ခေါ်တွင်ခေါင်းစဉ်တပ်ကာ ၎င်းမူစလင်မ်များကို အကြမ်းဖက်ရန်ကိုလည်း ကြံစည်လုပ်ဆောင်လျက်ရှိသည်ဟု ဖော်ပြထားသည်။ ဤ အထောက်အထားများကို ကြည့်ခြင်းအားဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စစ်ဆေးရမည့် အချက်(၈)ချက် တွင်-- 
(က)     တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော ပဠိပက္ခဖြစ်ပွားရသည့်အကြောင်းအရင်းများ။ 
(ဂ)      တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် ဥပဒေစိုးမိုးဆောင်ရွက်မှု။ 
(စ)  ကွဲပြားသော ဘာသာ၊အယူဝါဒရှိသူ မတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မည့်နည်းလမ်းများ။ စသည့်အချက်များသည် ဒေါက်တာအေးမောင်နှင့် RNDP-ပါတီသည် ထင်ထင်ရှားရှားငြိစွန်းနေပြီဖြစ်သည်။ 

၂။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဦးအေးသာအောင်သည်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာသော မတ်စ်အိုဟေးကင်တန်းနားနှင့်တွေ့ချိန် ရိုဟင်ဂျာများသည် ၁၉၄၈-ခုနှစ်နောက်ပိုင်းမှ ၀င်ရောက်သူများဖြစ်ကြောင်း၊ မစ္စတာကင်တန်းနားမှ ၁၉၄၈-ခုနှစ် မတိုင်မီ ရောက်ရှိသူများ မရှိဘူးလားဟူသော မေးခွန်းတွင် ၁၉၄၈-ခုနှစ်တွင် အနည်းအကျဉ်းသားရှိ၍ အများစုသည် ၁၉၄၈- ခုနှစ် နောက်ပိုင်းမှ ၀င်ရောက်ခဲ့သူများဟု ဗြောင်လိမ်ညာခဲ့သူဖြစ်သည်။ ရိုဟင်ဂျာများကို အမြဲတစေတိုက်ခိုက်နေသော ဂျပန်နိုင်ငံတွင် နိုင်ငံ သားဖြစ်နေသူ ရခိုင်လူမျိုး ဒေါက်တာအေးချမ်း သည်ပင်လျှင် ရိုဟင်ဂျာဆိုသူများသည် မြန်မာနိုင်ငံသို့ရောက်ရှိနေသည်မှာ နှစ်ပေါင်းနှစ်ရာ လောက် ရှိကြောင်း၊ ၂၀၀၃-ခုနှစ်တွင် ဇော်မင်းထွဠ်သို့ အိပ်ဖွင့်ပေးစာတွင်ဖော်ပြထားသည်။ 

၃။ ဦးကိုကိုကြီးသည် ရိုဟင်ဂျာအရေးအတွက်လိုအပ်လျှင် တပ်မတော်နှင့်ပူးပေါင်းလုပ်ဆောင်မည်။ ရိုဟင်ဂျာများ သည် နှစ်ပေါင်းနှစ်ဆယ် အတွင်း ၀င်ရောက်သူမရှိကြောင်း၊ နှစ်(၂၀)အရင်က ၀င်ရောက်ခဲ့သူများဖြစ်ကြောင်း ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေကြား ထားခဲ့သူဖြစ်သည်။ တော်တော်လေး ဗဟုသုတ နှင့် သမိုင်းဆိုင်ရာဘက်ပိုင်းမှာ အားနည်းနေသူတစ်ယောက်ပါ။ လှမ်းမိလှမ်းရာ၊ အိပ်ချင်မူး တူးနှင့် အင်တာဗျူးဖြေကြားသလို ဖြစ်နေသည်။ စစ်အစိုးရ မှိုင်းမိနေသော အမျိုးသားရေးဝါဒီ၊ မျက်ကန်းမျိုးချစ် တစ်ဦးဖြစ်သည်။ 

၎။ ထိုကြောင့် ဤကော်မရှင်တွင် အပြစ်ထင်ထင်ရှားရှား ကျူးလွန်သူများနှင့် ၎င်းတို့၏အပေါင်းအပါများသာ ပါဝင်စေ၍ အဓိကဓါးစာခံဖြစ်ခဲ့ ရသော ရိုဟင်ဂျာလူမျိုးတစ်ဦးတစ်ယောက်မျှ မပါသောကြောင့် ဤကော်မရှင်သည် တရားလိုမရှိဘဲ၊ ဒမြကိုရှေ့နေလုပ်ခိုင်းပြီး၊ သူခိုးနှင့် အလိုတူအပေါင်းအပါကို တရားသူကြီးအဖြစ်ခန့်အပ်၍ ခွေးကိုအမဲအိုးစောင့်ခိုင်းသော တရားခွင်ပမာဖြစ်သည်။ 

၅။ ၎င်းအပြင် အစ္စလာမ်ဘာသာရေးအဖွဲ့(၃)ခုမှ ပုဂ္ဂိုလ်(၆)ဦးပါဝင်စေပြီး (OIC)၏ ဖိအားကို လျှော့နည်းသွားအောင်လည်း ကြိုးစားနေ သည်။ 

၆။ ရိုဟင်ဂျာသမိုင်းကို တိတိကျကျမလေ့လာဘဲ RNDP-ပြောသမျှ မျက်စိစုံမှိတ်၊ ခေါင်းညှိတ်နေသော RNDP-နှင့် ALD-မဟာမိတ်ပါတီမှ ပုဂ္ဂိုလ်အချို့လည်း တွေ့ရသည်။ 

သို့သော်လည်း ဦးသိန်းစိန်အစိုးရ၏ ကလိမ်ကကျစ်ဥာဏ်ဖြင့် ရိုးသားသော မြန်မာပြည်သူအချို့ကိုသာ လိမ်လည်နိုင်သော်လည်း မြန်မာနိုင်ငံသားအများစုနှင့် နိုင်ငံတကာမှ ဦးသိန်းစိန်၏ အပေါ်ကဖုံး၊အောက်ကပေါ်၊ အရှေ့ကပိတ်၊ အနောက်ကဟာနေသော ဆင်သေ ကြီး တစ်ကောင်လုံးကို ဆိတ်သားရေဖြင့် ဖုံးနေခြင်းအား ထင်ထင်ရှားရှားကွက်ကွက်ကွင်းကွင်း မြင်နေရသည်။ 

နောက်ပိုင်း ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ OIC-အထွေထွေအတွင်းရေးမှူးမှစ၍ အခြားနိုင်ငံမှ ကိုယ်စားလှယ် များ ဆက်တိုက်ဆို သလို မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိနေသည်။ ၎င်းကိုယ်စား လှယ်များကို လည်း တွေ့ဆုံ၍ ဦးသိန်းစိန်မှ လိမ်ညာနေရဦးမည်။ OIC-မှ တင် လိုက်သော ရိုဟင်ဂျာ အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်များကို စောင့်ဆိုင်းရင်း ရင်မောနေမည်။ အနောက်နိုင်ငံများမှလည်း လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်နေသော ဦးသိန်းစိန်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု လျော့ နည်းသွားမည်။ အခန့်မသင့်ရင် နိုင်ငံတကာစစ်ခုံးရုံးအထိ ရောက်ရှိနိုင်သည်။ မြန်မာနိုင်ငံတော်ကြီး သာယာဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ် အေးချမ်းရေးကို အမှန်တကယ်လုပ်ဆောင်လိုလျှင် နှစ်ဖက်မျှတသော ပုဂ္ဂိုလ်များပါဝင်စေ၍ဖြစ်စေ၊ ကုလသမဂ္ဂကြီးကြမ် မှုအောက်တွင် နှစ်ဖက်စစ်မှန်သောပုဂ္ဂိုလ်များနှင့် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ လွတ် လပ်သော စုံးစမ်းစစ်ဆေးရေးကော်မရှင်ကို ပြန်လည်ဖွဲ့ စည်းရန် လိုအပ်ကြောင်း တင်ပြလိုက်ရသည်။ 

အခွင့်ကြုံလျှင်ဆက်လက်ဖော်ပြမည်။ 

Comment ရေးရန်

Rohingya Exodus