March 15, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

အစ္စလာမ် ဘာသာရေး အဖွဲ့ ကြီးမှ အီးဒ်နေ့ပွဲတော် ကျင်းပမည် မဟုတ်ဟု ကြေညာချက် ထုတ်ပြန်

အောက်တိုဘာလ (၂၇) ရက်နေ့တွင် ကျရောက်သည့် အစ္စလာမ်ဘာသာဝင်တို့၏ အီးဒ်နေ့ အထိမ်းအမှတ် ပွဲတော် အား ကျင်းပတော့မည်မ ဟုတ်ကြောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင် ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးက ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါ ကြေညာချက်တွင် အချက်(၅)ချက်ပါဝင်ခဲ့ပြီး ယခုနှစ်တွင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ဒေသအချို့၌ အကြမ်းဖက်ခြင်း များ ဖြစ်ပွားနေဆဲဖြစ်ပြီး၊ အချို့တိုင်းဒေသကြီးများတွင် ကုရ်ဘာနီနှင့်ပတ်သတ်၍ ယခင်မရှိခဲ့သော စည်းကမ်း များဖြင့် ချုပ်ချယ်ခြင်းများ ပြုလုပ်ခြင်း ၊ ကရင်ပြည်နယ် ဘားအံမြို့ ၊ မွန်ပြည်နယ် ၊ မော်လမြိုင် ၊ မန္တလေးမြို့များနှင့် အခြားဒေသများတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့အချို့က အစ္စလာမ်ဘာသာနှင့် ဘာသာဝင်များအပေါ် ဥပဒေပါ အခွင့်အရေး လူ့အခွင့်အရေးကို ချိုးဖောက်ကာ ဆန့်ကျင်ရေးသား ခြိမ်းခြောက်လှုံ့ဆော်မှုများကို လက်ငင်းကြုံတွေ့ နေရသောကြောင့်ဟု၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

“အဖွဲ့တွေက မလုပ်ဖို့ တားတယ်ဆိုရင် ကျွန်တော်တို့ လိုက်နာရမှာပါ ၊ ရခိုင်မှာ ဖြစ်ခဲ့တဲ့ အစ္စလာမ်တွေရဲ့ အဖြစ် အပျက်တွေ အတွက် စိတ်မကောင်းပါဘူး ၊ ကိုယ့်အတွက်ထက် အများအတွက်ကြည့်ရမယ် ´´ ဟု အဆိုပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် နေထိုင်သည့် အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။

ယခုလို အဖြစ်အပျက်များကို မြန်မာနိုင်ငံလုံးဆိုင်ရာဘာသာရေးအဖွဲ့ကြီးမှ နိုင်ငံတော်အစိုးရသို့ အကြိမ်ကြိမ် မေတ္တာ ရပ်ခံ တင်ပြတောင်းဆိုခဲ့သော်လည်း ယခုတိုင် တစ်စုံတစ်ရာပြန်ကြားချက် မရှိ၍ ယခုနှစ်အီးဒ်နေ့ပွဲ တော်ကို လုံခြုံရေး ပြည့်ဝစွာပေးနိုင်မည် မဟုတ်ဟုယူဆ၍ မကျင်းပခြင်းဖြစ်ကြောင်း ဖေါ်ပြထားသည်။

မွတ်စလင်များနှင့် ဆက်ဆံခြင်း ၊ ရောင်းဝယ်ဖောက်ကားခြင်း မပြုရန် ဘားအံမြို့ သံဃာတော်များ၏ ကြေညာချက် ကို မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ် တွင် ဖော်ပြခဲ့ပြီးနောက် မွန်ပြည်နယ်ရှိ ဒေသတစ်ချို့တွင် လည်း အထူးစိုးရိမ်လျက်ရှိကြသည်။

“ဒီမှာက တော့ လောလောဆယ် ဘာမှ မဖြစ်သေးပေမယ့် ဒီက မွတ်စလင်တွေ အရမ်းစိုးရိမ်နေကြတယ် ” ဟု မုတ္တမမြို့ ဒေသခံ မြန်မာမွတ်စလင် အမျိုးသမီးတစ်ဦး က ပြောကြား ခဲ့သည်။

မုတ္တမမြို့ ရှိ အစ္စလာမ် ဘာသာဝင်များအား ဆိုင်ခန်းများမငှားရမ်းကြရန် လှုံ့ဆော်မှု များ ယခင်က ရှိခဲ့ဖူးသည်။

မွတ်စလင် သတင်းစဉ် နှင့် မြစ်မခ (မင်းမင်းလတ်-မန္တလေး(မြစ်မခ)

Comment ရေးရန်

Pages 22123456 »
Rohingya Exodus