နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြားဖြတ်သတင်း၊ (စစ်တွေမြို့သတင်း)

ရခိုင်ပြည်နယ် စစ်တွေမြို့ လမ်းမကြီးပေါ်ရှိ ရှေးဟောင်း ဂျာမေဗလီကြီးအား ရခိုင်အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးရန် ကြိုးပမ်းခဲ့ရာ ဗလီခြံဝင်းအတွင်းရှိ နေအိမ်များနှင့်ဗလီရှိပစ္စည်းအချို့ပျက်စီးခြင်းခံရကြောင်း သတင်းရရှိပါသည်။

ဖြစ်ပုံမှာ-- ယနေ့ ၇၊ ၁၀၊ ၂၀၁၂ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လမ်းမကြီးေ ပ်ါရှိ ရှေးဟောင်းဂျာမေဗလီကြီးအား ရခိုင်အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးရာ၊ အနီးအနားရှိ ရပ်ကွက်မှ ရိုဟင်ဂျာမွတ်ဆလင်များ မီးခိုးများကို တွေ့မြင်ခဲ့ကြကြောင်း သိရှိရပါ သည်။ အောင်မင်္ဂလာ ရပ်ကွက်သို့ ပြောင်းရွှေ့ နေထိုင်နေဂျာမေဗလီကြီး ရှေ့ဆောင်ဆရာကြီး ဦးဇီယာအုလ်ဟောက် ထံသို့ ရဲနယ်ထိန်း ဒု-ရဲအုပ်ခင်မောင်လှ ရောက်လာပြီး ဆရာကြီးထံမှ ဗလီဝင်းခြံတံခါးသော့ကို တောင်းယူခဲ့ သည်ဟု သိရပါသည်။ ဒု-ရဲအုပ်ခင်မောင်လှသည် ဗလီဝင်းခြံတံခါးမကြီးကို ဖွင့်၍ ဗလီဝင်းခြံ အတွင်း ရှိ နေအိမ်များနှင့် ဂိုဒေါင်များ၊ ဗလီပိုင်ပစ္စည်းများအား ရခိုင်အကြမ်းဖက်သမားများ အလွယ်တကူ ဖျက်ဆီးနိုင် ရန် စီစဉ်ဆောင်ရွက် ပေးခဲ့သည်ဟု သိရှိရပါသည်။ ယခု သတင်းရေးနေသည့်အချိန်အထိ ဗလီကြီး ဆီမှ မီးခိုးများ ထွက်နေကြောင်း သတင်းရရှိပါသည်။ ထို့ပြင် အောင်မင်္ဂလာရပ်ကွက်အားလည်း ရခိုင်ဘုန်းကြီးများ၊ ရခိုင်လူမျိုးအကြမ်းဖက်သမားများက လေးဖက်လေးတန်မှ တုတ်၊ ဓါး၊အဆိပ်လူး ထားသော လေးမြှားများ ကိုင်ဆောင်ကာ ၀ိုင်းရံထားကြောင်း၊ ကျောင်းကြီးလမ်းဖက်တွင် ရခိုင်အကြမ်းဖက် သမားတစ်ယောက်က ပစ်လိုက်သော မြှားတစ်စင်း သည် ကလေးတစ်ယောက်အား ထိမှန်ခဲ့သော်လည်း ကံကောင်းထောက် မစွာ ၄င်းသူငယ်၏ ကျောပိုးအိတ်တွင်သာ ထိမှန်ခဲ့သဖြင့် ဘာမျှ ထိခိုက်မှုမ ရှိခဲ့ကြောင်းသိရပါသည်။ ယခုအခါ ၄င်းဒေသတွင် သက်ဆိုင်ရာမှ လုံခြုံရေးချထားသော်လည်း ရခိုင်အကြမ်းဖက် သမားများအား မည်သို့မျှ အရေးယူဆောင်ရွက်ခြင်းမရှိသည့်အပြင် စစ်သားများ ၏ သေနတ်များကိုပါ လုယူနေကြောင်း၊ သို့သော် မည်သို့မျှ အရေး ယူနေခြင်း မရှိပေ။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် အမေရိကန်နိုင်ငံတွင် ကမ္ဘာ့ကုလသဂ္ဂအစည်း အဝေးတက်ရန် သွားရောက် ၂၇၊ ၉၊ ၂၀၁၂ ရက်နေ့တွင် ရခိုင်ကလေးအောင်နိုင်စိုးအား ရိုဟင်ဂျာများက သတ်ဖြတ်သည် ဟု ကောလဟလ သတင်းများလွှင့်ထုတ်ပြီး၊ စစ်တွေမြို့ရှိ အောင်မင်္ဂလာရပ်ကွက်အား ရခိုင်ဘုန်းကြီးများနှင့် ရခိုင်အကြမ်း ဖက်သမား များက ၀န်းရံခဲ့သေးသည်။ ၄င်းအောင်နိုင်စိုးဆိုသော လူငယ်သည် မည်သို့မျှ ထိခိုက်နစ်နာမှု မရှိသော်လည်း ပြသာနာကို မီးမောင်းထိုးရှာပြီး သောင်းကျန်းနေသော ဘုန်းကြီးဆိုသူများနှင့် ရခိုင်အကြမ်း ဖက်သမားများအား ယနေ့အချိန်ထိ မည်သို့ အရေးယူသည်ဟု မကြားသိရသေးပေ။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ဇွန်လမှ ယနေ့အချိန်ထိ မည်သည့် ပြသာနာများ မဖြစ်ပေါ်သေးသော်လည်း၊ ဘူး သီးတောင်မြို့ ရှိ အပြစ်မဲ့ ရိုဟင်ဂျာများအား ပြသာနာဖြစ်ရန် ကြံရွယ်သည် ဟု ဆိုကာ မည်သည့် အထောက် အထားမှမရှိပဲ ရဲများကဖမ်းဆီးကာ ထောင်ဒဏ်နှစ်ရှည်ချခဲ့သော်လည်း ယခုကဲ့သို့ စစ်တွေမြို့ နေခင်းကြောင်တောင် တုတ်၊ ဓါး၊ လေးမြှားများဖြင့် အကြမ်းဖက်သောင်းကျန်းနေမှု များကို မည်သို့မျှ အရေးယူဆောင်ရွက်နေခြင်း မရှိကြောင်းဒေသခံများမှသိရိှရပါသည်။

ခင်သူဇာ ( ရိုဟင်ဂျာဘလော်ဂါသတင်းစင်တာ)

Comment ရေးရန်

Rohingya Exodus