နောက်ဆုံးသတင်း/ဆောင်းပါးများ

ရာမူး(ကော့ဘ်ဘဇား) အရေး-ချက်ချင်းထိန်းချုပ်ရန် မြန်မာမွတ်ဆလင်တန်းတူညီမျှအခွင့်အရေး လှုပ်ရှားမှု အဖွဲ့ မေတ္တာရပ်ခံ


၂၀၁၂ အောက်တိုဘာ ၇ ရက် 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရာမူ ကော့ဘ်ဘဇားခရိုင်အတွင်း ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်တို့ အကြား ပဋိပက္ခများကို ဘင်္ဂလားဒေ့ရှ်အစိုးရမှ အမြန်ဆုံးထိန်းချုပ်ရပ်တန့်ပေးရန် မြန်မာမွတ်ဆလင် တန်းတူညီမျှအခွင့်အရေး လှုပ်ရှားမှု အဖွဲ့ (MMCRM)မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ် မစ္စ ရှိတ်ခ် ဟာဆီနာထံသို့ မေတ္တာရပ်ခံစာ ပေးပို့ကြောင်း သိရသည်။ 

အဆိုပါ မေတ္တာရပ်ခံစာတွင်- MMCRM မှ “မိမိတို့ အနေဖြင့် ယခုရက်ပိုင်းအတွင်း ၀မ်းနည်းဘွယ်ရာ သတင်းများကို ကြားသိနေရကြောင်း၊ လူတစ်ဦးတစ်ယောက်၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ဘာသာ ရေးဆိုင်ရာ ပုတ်ခတ်စော်ကားမှုကြောင့် ဖြစ်စေ၊ ဘာသာရေး အခြေခံပါတီတစ်ခုခုမှ လှုံ့ဆော်မှုကြောင့် ဖြစ်စေ- မည်သည့် အကြောင်းကြောင့်ပင် ဖြစ်စေကာမူ၊ ထိုပြသနာအား အုပ်ချုပ်သူ အစိုးရအနေဖြင့် ချက်ချင်း တားမြစ် ထိန်းချုပ်ပေးပါရန်- 

ထိုသို့ လူမျိုးရေး ပဋိပက္ခများအား မထိန်းချုပ်နိုင်ဘဲ ရေရှည်ဖြစ်နေခြင်းသည်- အာ ဏာရပါတီနှင့် အစိုးရ၏ ဂုဏ်သိက္ခာကိုသော်လည်းကောင်း၊ လူများစု လူမျိုးတို့၏ ဂုဏ်သိက္ခာကိုသော်လည်းကောင်း၊ လူများစု ယုံကြည်ကိုးကွယ်သည့် ဘာသာ တရား ၏ အမည်နာမဂုဏ်သိက္ခာကိုသော်လည်းကောင်း လွန်စွာ ထိခိုက်စေမည့်အပြင်- ထိုပြသနာသည် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်းထိကပ်နေသည့် မြန်မာ နိုင်ငံသို့ပါ ရိုတ်ခတ်နိုင်ပါကြောင်း- 

မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းစဉ်သို့ စတင်ခြေလှမ်းယုံမျှသာ ရှိနှင့်ပြီး- ရခိုင်အပါအ၀င် မြောက် များ စွာသော ခွဲထွက်ရေး အားသန်သူတို့၏ ကြား၌ စည်းလုံးညီညွတ်သည့် ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံသို့ ချီတက်ရာ၌ အခက်အခဲများစွာ ရှိနေဆဲ ဖြစ်ကြောင်း-၊ ထိုကြားထဲတွင် မြန်မာပြည်ထဲမှ ရခိုင်ခွဲထွက်ရေးဝါဒီများမှ ၎င်းတို့နှင့် နယ်မြေဆက်စပ်သော ဘင်္ဂလားဒေ့ရှ်- ရာမူး ဒေသမှ ရခိုင် တစ်ချို့အား စည်းရုံးလျှက် သမိုင်းတွင် ရှိခဲ့သည့် ၎င်းတို့၏ မြောက်ဦးနိုင်ငံတော်အား ပြန်လည်ထူ ထောင်ရန် လှုံ့ဆော်မှုများ ရှိနေကြောင်း- ထိုသို့သော ဖန်တီးမှုများသည် ခေတ်ကာလနှင့် မကိုက်ညီ တော့သည့် အပြင် အပြစ်မဲ့ပြည်သူပေါင်းများစွာ၏ အသက်အိုးအိမ်များကို အချီးနှီးပျက်စီးစေခြင်းသာ ဖြစ်လာနိုင်ကြောင်း- 

ထိုသို့ ဖြစ်လာလျှင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်နိုင်ငံလုံး ခေါင်းကိုက်ရမည့် အခြေအနေများသို့ ဦးတည်နိုင်ခြင်းများ ရှိနေပါကြောင်း- 

သို့ဖြစ်၍ ထိုအခြေအနေမျိုး ဖြစ်တည်မလာစေရန် သက်ဆိုင်ရာ အစိုးရများမှ တန်းတူညီမျှ အခွင့် အရေးများကို ကြည်ဖြူရက်ရောစွာ ပေးလျှက်-၊ လူနည်းစုတို့၏ နှလုံးသား၌ ဒဏ်ရာဒဏ်ချက်များ ဖြစ် ပေါ်မလာစေရေးကို အဓိကထား စဉ်းသင့်ပါကြောင်း---၊ မေတ္တာရပ်ခံပါသည်”ဟု ဖေါ်ပြထားကြောင်း သိရပါသည်။ 

ထို မေတ္တာရပ်ခံစာအား ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဒေါက်တာ အေ ကေ အဗ္ဗဒူလ် မိုမင် မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အား ပေးပို့ခဲ့ခြင်း ဖြစ်သည်။ 

Comment ရေးရန်

Rohingya Exodus