နောက်ဆုံးသတင်း/ဆောင်းပါးများ

OIC နှင့် Qatar Charity ရခိုင်ပြည်နယ် ဒုက္ခသည်များအား ကူညီရေး ဆောင်ရွက်မည်


အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအသင်း (OIC) နှင့် ကာတာဒါနအဖွဲ့ (Qatar Charity) မှကြီးမှူး ၍ ဒေသဆိုင်ရာ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း (၃၀) ခန့်နှင့်အတူ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်းရှိ ဒုက္ခသည်များအား လူသားခြင်းစာနာသည့် အကူအညီများပေးရန် အစည်းအဝေးပွဲတစ်ရပ် ကျင်း ပဆောင် ရွက်မည် ဖြစ်ကြောင်း အောက်တိုဘာ (၃) ရက်နေ့ Gulf News သတင်းဌာန ၌ ဖော်ပြထား သည်။

ကာတာနိုင်ငံ၏ မြို့တော်ဖြစ်သော ဒိုဟာမြို့တွင် အောက်တိုဘာ (၄) ရက်နေ့၌ ကျင်းပမည့် အစည်းအဝေး အတွင်း ရခိုင်ဒေသ ကူညီရေး ကိစ္စရပ်များ ကို ဆွေးနွေးမှာ ဖြစ်ကြောင်းလည်း သိရှိရသည်။ OIC ၏ လူသားခြင်းကူညီမှုရေးရာ ဆိုင်ရာ လက်ထောက်အထွေထွေ အတွင်းရေးမှူး သံအမတ်ကြီး အက်တာ (Atta al-Mannan Bakhait) က ဒီအစည်းအဝေးပွဲဟာ အာရပ်ဒေသ အတွင်း မြန်မာနိုင်ငံ၏ ဆိုးရွား လှသော အခြေအနေ နှင့် စပ်လျင်း၍ ပထမဆုံး အကြိမ်ဆွေးနွေး ခြင်းဖြစ်ကြောင်းလည်း သတင်း ထုတ်ပြန်ပြော ဆိုလိုက်သည်။

ကာတာဒါနအဖွဲ့ (Qatar Charity) ဥက္ကဌ ယူစွတ်အာမက်အယ်လ်ကူဝါရီ ကလည်း “အစ္စလာမ်မစ် အဖွဲ့များ နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်းမှ တဆင့် လတ်တလော အကူအညီလိုအပ်နေသော ရခိုင်ဒေသရှိ ရိုဟင်ဂျာ ဒုက္ခသည်များအား ကူညီဆောင်ရွက်ရေးလုပ်ငန်းများမှာ တိုးတက်လာမည်ဖြစ်ကြောင်း” အင်္ဂါနေ့က ထုတ်ပြန်သော အစီရင်ခံစာတွင်ပြောဆိုထားသည်။
 
ပြီးခဲ့သည့် ဩဂုတ်လ (၃) ရက်နေ့က မလေးရှားနိုင်ငံ ကွာလလမ်ပူမြို့ တွင် ကျင်းပသော အစည်းအဝေး၌ OIC အပါအဝင် အခြားသော အစိုးရမဟုတ်သည့်အဖွဲ့အစည်းများမှ ရခိုင်ဒေသကူညီကယ်ဆယ်ရေးဆိုင် ရာ အကြံပြုချက် (၉) ချက်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
လက်ရှိရခိုင်ဒေသတွင် ဒုက္ခသည် ၆၉,၀၀၀ ခန့်ရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ (UNHCR) ၏ စာရင်းဇယားများတွင် ဖော်ပြထားပြီး ထိုအထဲတွင် ၄၆ရာခိုင်နှုန်းမှာ ကလေးသူငယ်များဖြစ်ကြောင်း သိရှိရသည်။
 
 
Sources Here:

Comment ရေးရန်

Rohingya Exodus