နောက်ဆုံးသတင်း/ဆောင်းပါးများ

“တိုင်းရင်းသား ပြည်ထောင်စု”


ဌေးလွင်ဦး
RB News
5.10.2012

မြန်မာနိုင်ငံ၊ မြန်မာနိုင်ငံဆိုတဲ့ ဧရိယာဟာ ကမ္ဘာမှာ ဇီးရွက်လောက်တောင် မကျယ်ဘူး။ ဒီမှာ တိုင်းရင်း သား ပေါင်းက- မွစာကျဲနေပြန်တယ်။ ဒါကို တစ်ယောက် တစ်ဖဲ့ ဖဲ့ယူလိုက်ရင်-၊ နွားတစ်ကောင်ကို အမြီးက ပိုင်း၊ ခေါင်းကပိုင်း၊ ခြေတောက်က ဖြတ်၊ လက်ကဖြတ်၊ နားရွက်ကိုဖဲ့- နို့ကိုဖဲ့၊ ခါးကိုစိတ်၊ ဗိုက်ကိုစိတ်၊ ဘယ်သူမှ အကောင်းပိုင်းကို ရလိုက်တော့မှာ မဟုတ်ဘူး။- ဒါကို ခွဲထွက်ရေး ၀ါဒီတွေသိဘို့ လို တယ်။ တွေးဘို့လိုတယ်။ ဆင်ခြင်ဘို့ လိုတယ်။ ရွာတစ်ရွာစာလောက် မြေကွက်ကို မက်ပြီး ခွဲထွက်ချင် တိုင်း ခွဲထွက်ဘို့ လှုပ်ရှားနေလို့ မရနိုင်ဘူး။ (အဲ့ဒီ ရွာလောက် ဧရိယာထဲမှာကိုက နောက်ထပ် လူမျိုး စုတွေ ကွဲနေသေးတယ်- လူများစုက လူနည်းစုကို ဖိနှိပ်နေသေးတယ် ဆိုတဲ့ ပြသနာက ရှိနေသေး တယ်။)

တစ်ခြားတစ်ဘက်မှာလည်း မြန်မာလူမျိုး အမည်ခံ ဗမာခေါင်းဆောင်များက လူများစု ဆိုပြီး လက်ဝါးကြီး အုပ်ခြင်းကို ပြန်လည်ဆင်ခြင်ဘို့ လိုတယ်။ တွေးဘို့ လိုတယ်။ ပြည်ထောင်စု တစ်ခုကို ရေရှည်မျှော်ကိုးပြီး တည် ဆောက်ဘို့ လိုတယ်။ စုစည်းညီညွတ်တဲ့ နိုင်ငံတော်တစ်ခု ဖြစ်လာဘို့ ဆိုတာ အင်အားကြီးတဲ့ အုပ်စုတစ်စုက အနိုင်ကျင့် ဗိုလ်ကျပြီး ဖိနှိပ်စုစည်းထားရင် စည်းလုံးညီညွတ်တဲ့ ပြည်ထောင်စုဆိုတာ ဘယ်တော့မှ ဖြစ်လာ တော့မှာ မဟုတ်ပါ။

ဒီကြားထဲ ပြည်ထောင်စု ပြိုကွဲရေး ယမ်းစ “တိုင်းရင်သား” ဆိုတဲ့ ရောဂါက ကြီးကျယ်လိုက်သေးတယ်။ အဲ့ဒီလို ကြီးကျယ်နေတဲ့ တိုင်းရင်းသား ယမ်းစကို မီးတိုက်ပေးမယ့် အမျိုးသားရေး လက္ခဏာ ဆိုတဲ့ မီးတုတ်က ဆက် လက် မီးမွှေးလိုက်သေးတယ်။ နောက်ဆုံး “မြန်မာလူမျိုး”သည်ပင် တိုင်းရင်းသား တစ်ခု အဖြစ် ဖန်တီးလာချင် သေးတယ်။ အတော့ကို အတွေးအခေါ် နောက်ပြန်ဆုတ်နေတဲ့ သီအိုရီနဲ့ ပြည်ထောင်စု တစ်ခု တည်ထောင်ဘို့ ကြိုးစားနေပြီး- အဲ့ဒီ ပြည်ထောင်စုထဲမှာ “တိုင်းရင်း သား”   ဖြစ် မှ    ပြည်ထောင်စုထဲမှာ ပါဝင်မယ့် “တိုင်းရင်းသား ပြည်ထောင်စု” ကို တည်ထောင်ဘို့ စိတ်ကူး က ယဉ်လိုက်သေးတယ်။

ဒီလိုမူမျိုးကို ဦးတည်နေပြီး မြန်မာမွတ်ဆလင်များကိုတော့ တိုင်းရင်းသား အဖြစ် မသတ်မှတ်ချင်ပြန်ဘူး၊ မတတ် သာလို့ နိုင်ငံသား အဖြစ် ကမ္ဘာကို လှည့်စားနိုင်အောင် ပေးရရင်တောင်- တိုင်းရင်းသား မဟုတ်လို့ ဆိုပြီး “တိုင်း ရင်းသား ပြည်ထောင်စု” ထဲမှာ မပါဝင်စေတဲ့ “ပြည်ထောင်စု ပြင် ပနေ နိုင်ငံ တွင်း လူမျိုး ” ပေါ်လစီတွေ ချမှတ် ဦးမယ်။-

ဒီလိုသာ ချမှတ်မိရင်- မြန်မာအမျိုးသား ခေါင်းဆောင်ကြီးများရဲ့ စိတ်ကူးယဉ် “တိုင်းရင်းသား ပြည်ထောင်စု” ဟာ စလယ်ဝင် ဖင်မမဲမှီကွဲ ဖြစ်ရဦးမှာ သေချာတယ်။ ဒီအတွက် တိုင်းပြည်ဟာ ကြီးမားတဲ့ အန္တရာယ် ကြီး နှစ်ခု နဲ့ တွေ့ကို တွေ့ရပါမယ်။

(၁) ဗမာသည်လည်း တိုင်းရင်းသား တစ်မျိုး ဆိုတဲ့ မူ-- ဘယ်က စတင်ခဲ့သလဲ။

မြန်မာပြည်ကို ၈ ပြည်ထောင်မူနဲ့ ဖွဲ့စည်းရမယ်၊ ပြည်နယ် ၇ ခုက တိုင်းရင်းသား ၇ မျိုးက + တိုင်းရင်း သား မြန်မာ ၁ = ၈ ပြည်ထောင်မူ ဖြစ်စေရမယ်၊ ဒါမှ တိုင်းပြည်တစ်ခုလုံးရဲ့ အာဏာကို အချိုးကျ ခွဲဝေ ရင် တိုင်းရင်း သား တစ်ခုစီချင်း အချိုးကျ ဖြစ်စေမယ်- (လူဦးရေး နည်းများပေါ် မူတည်ခြင်း မရှိစေရ)။ ဆိုတဲ့ မူကို ရခိုင်ခွဲ ထွက်ရေးဝါဒီတွေက မျိုးစေ့ချပေးခဲ့ခြင်း ဖြစ်တယ်။ ရခိုင်ခွဲထွက်ရေး ၀ါဒီတွေ က မွန်၊ ကရင်၊ ကချင်၊ ကရင်နီ စတဲ့ တိုင်းရင်းသားတွေကို ဒီအယူဝါဒကို သင်ပေးခဲ့တယ်။ ဒီလို ဖြစ်လာရင် အာဏာဟာ ဗမာလက်ထဲမှာ မရှိ တော့ဘဲ-၊ တိုင်းရင်းသား တစ်ခုစီနဲ့ ဗမာနဲ့ ညီသွားမယ်။ (ဒါဟာ ခွဲထွက်ရေး အတွက် ပထမ အဆင့် ဖြစ်တယ်။)

အခြေအနေတစ်ခုမှာ ခွဲထွက်လိုပြီ ဆိုရင် ပြည်ထောင်စုမူအရ မဲခွဲမယ်-၊ ဒီအခါ ဗမာအပေါ် မကျေနပ်ခဲ့တဲ့ တိုင်း ရင်းသားများ အနည်းဆုံး ၄ စု ပေါင်းမိရင် မဲအများစု ဖြစ်ပြီး သွေးထွက်သံယိုမှု မရှိဘဲ ခွဲထွက် သွားနိုင် မယ် ဆို တဲ့ မူက ဒုတိယ ဖြစ်တယ်။

ဒီမူအတိုင်း မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တော်လှန်ရေး အုပ်စုနဲ့ လက်နက် ကိုင် မြန်မာ အတိုက် အခံများ က ပြည် ပမှာ ၈ ပြည်ထောင်မူ ဆိုတဲ့ ဖွဲ့စည်းပုံ ကို ရေးသား ထုတ်ဝေ ခဲ့ကြတယ်။ (လက်နက် ကိုင်ဒေသ မှာ မြန်မာ အတိုက် အခံများက သေနတ် ကို ကြောက် လို့ သဘောတူခဲ့သလားတော့ မသိပါ။)

သေချာတာက အဲ့ဒီ ၈ ပြည်ထောင်မူ ဆိုတဲ့ ဇစ်မြစ်ဟာ ရခိုင်ခွဲထွက်ရေး သမားများရဲ့ သြ၀ါဒ ဖြစ်တယ် ဆိုတာ ပါပဲ။ တော်လှန်ရေးမှာ ကရင်က - ဗမာတစ်ကျပ်၊ ကရင် တစ်ကျပ် ဖြစ်စေရမယ်လို့ ဆုံးဖြတ် ချက်ချပြီး တောင်း ဆိုခဲ့ခြင်းသာ ဖြစ်တယ်။ (ကရင်နဲ့ ဗမာ တန်းတူ ဖြစ်စေရမယ် ဆိုတာပါ။) ဒါပေမယ့် မာနယ် ပလောကို ရခိုင် ရောက်လာတော့- ကရင်ကို ရခိုင်က စည်းရုံးလိုက်ပြီး- ဗမာမှာ နိုင်ငံရှိရင် ကရင်မှာလည်း နိုင်ငံရှိရမယ် လို့ ဖွင့် ဆိုပေးလိုက်တယ်။ ဒီကစ ခွဲထွက်ရေး သီအိုရီတွေ ကရင်ထဲမှာ စတင်ပျံ့နှံ့တော့တာပဲ။ (ယခင်က ကရင် ခေါင်း ဆောင်တစ်ချို့မှာ ခွဲထွက်ရေး ၀ါဒ ရှိချင်ရှိခဲ့မယ်- ဒါပေမယ့် ကရင်လူထုထဲမှာ မပျံ့နှံ့ခဲ့ဘူး။)

ရခိုင်ခွဲထွက်ရေး ၀ါဒီများဟာ ဂျူးတို့ရဲ့ သီအိုရီကို အတတ်နိုင်ဆုံး သုတေသနပြုပြီး တိုင်းရင်းသားတိုင်း ကို နောက် ကွယ်က သွေးထိုးနိုင်အောင် စီမံချက် ကြိုးစားခဲ့တယ်။- ဒါတွေကို မသိဘဲ- ဘယ်သူ က နှပ်ကြောင်းပေး လိုက်မှန်း မသိ- ဒီစကားလုံးက ကောင်းသားပဲ ဆိုပြီး မြန်မာကိုလည်း တိုင်းရင်း သား တစ် ခု အဖြစ် သတ်မှတ်ဘို့ ကြိုးစားလာတဲ့ ခေါင်းဆောင်များကို တိုင်းပြည် ပြိုကွဲရေးကို ဦးတည်စေမယ့် လိုက်လျှောပေးမှုမျိုးကို မလုပ်မိဘို့ သတိပေးလိုတယ်။

(၂) အစ္စလာမ်သာသနာကို ကိုးကွယ်ယုံကြည်တဲ့ အတွက် အဲ့လို ကိုးကွယ်ယုံကြည် သူများ ကို ဘေး ဖယ်ခြင်း မူ- ကို ဘယ်သူတွေက မျိုးစေ့ချသလဲ သမိုင်း ချီပြီး ပြောရ မှာ ဖြစ်လို့ သီးခြား တင်ပြပေး ပါမယ်။ ဒါပေမယ့် တိုင်းပြည် တစ်ခုအတွင်းမှာ အမြစ် တွယ်ပြီး ဖြစ်တဲ့ လူ- လူချင်း ခွဲခြားခြင်း မူဟာ တိုင်းပြည်ရဲ့ စည်းလုံးညီညွတ်ရေးကို အလွန်တရာ ထိခိုက်စေ ပါမယ်။ ဖိနှိပ်ခွဲခြား ခံရသူများက ဖိနှိပ်သူ များနဲ့ သင့်မြတ်အောင် ဆက်ဆံဘို့ ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေကို ရောက်လာပါမယ်။ လူ့သဘာဝ ဖိနှိပ်ခံရလွန်းရင် အားကိုးအားထား ရှာလာမယ်- ရတဲ့နည်းနဲ့ တော်လှန်တဲ့ ပွဲတွေ ဖြစ်လာမယ်။- ဆက်လက်ဖြစ်လာမယ့် အကျိုးဆက်များက အများကြီးပါ။

ဒီနေရာမှာ ဥပမာ တစ်ခု ပေးလိုတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ မွတ်ဆလင်အများစုက မလေးမျိုးနွယ် များ ဖြစ်တယ်၊ သူတို့ရဲ့ ဗလီကျောင်းတွေမှာ မလေး ဘာသာစာ ရာဝီကို တတ်မြောက်အောင် သူတို့ ကလေးတွေ ကို သင်ပေး နေတယ်။ မလေးစကားကို ပြောဆိုကြတယ်။ သူတို့ကိုယ်သူတို့လည်း “မလိုင်” မလက္ကာ ရေလက်ကြားဒေသမှ လူမျိုးလို့ ပြောဆိုကြတယ်။--- ဒါပေမယ့် မလိုင်ရပ်ကွက်တစ်ခုမှာ ထိုင်းနဲ့ မလေး ဘော်လုံးကန်ပွဲကို TV က ကြည့်နေတဲ့ အချိန် အဲ့ဒီ မလိုင်များနဲ့ ကျွန်တော် အတူကြည့်နေ မိတယ်၊ သူတို့ တစ်ခဲနက် အားပေးသင့်တာက မလေးရှား ဘောလုံးအသင်း ကို ဖြစ်သင့် တယ် လို့ ကျွန်တော် ထင်မိတယ်။ ဒါပေမယ့် အဲ့လို မဟုတ်ဘဲ- သူတို့ တစ်ခဲနက် အားပေးနေ တာ က ထိုင်းဘော်လုံး အသင်း အနိုင်ရရေး ဖြစ်နေတယ်။ ထိုင်းက မလေးကို ဂိုးသွင်း လိုက်တော့ “ဝေးး-- ပသူလယောက်၊ ပသူလယောက်” (ဂိုးသွင်းသွားပြီ၊ ဂိုးသွင်းသားပြီ) ဆိုပြီး လူတစ် အုပ်လုံး ထပြီး ကကြခုန်ကြတယ်။- ကျွန်တော်တောင် ကျွန်တော့ကိုယ် ကျွန်တော် ရှက်မိသွား တယ်။ ငါတို့နိုင်ငံမှာ မွတ် ဆလင်တွေရဲ့ ခံစားချက်က အဲ့လို မဟုတ်ပါလား။ မြန်မာအသင်းနဲ့ မလေးအသင်း ကန်ရင်လည်း မွတ်ဆလင် ဆိုတဲ့စိတ်နဲ့ မလေးကို နိုင်စေချင်တဲ့ လူက များနေတယ်၊ ဒါဟာ ဘာဖြစ်တာလဲ- လို့ ဆင်ခြင်မိတယ်။ (ဖြစ်ရပ် က ၁၉၉၉ ခုနှစ်ကပါ။) လူတွေရဲ့ စိတ်နေစိတ်ထား ဒီလို ဖြစ်ရတာဟာ- အစိုးရ ပေါ်လစီနဲ့ ခွဲခြားထားမှုကြောင့် သာ ဖြစ်တယ်။ ထိုင်းက သူ့နိုင်ငံနေ မွတ်ဆလင်များကို အခြားသော သူများနဲ့ ခွဲခြားထားတာ လုံးဝ မရှိဘဲ- တစ်သားတည်း ထားပေးနိုင်တယ်။ ဒီအခါ လူထုက သူ့တိုင်းပြည်က လူဟာ သူညီအစ်ကို ဖြစ်တယ်လို့ သဘာဝ အလျှောက် စွဲကပ်နေတယ်။

မြန်မာမှာ မွတ်ဆလင်မှန်ရင် နိုင်ငံခြားသားလို့ ခံစားရအောင် ခွဲခြားထားတယ်၊ ဒီတော့ မွတ်ဆလင်များ ကလည်း ငါဟာ မြန်မာများနဲ့ ညီအစ်ကို ဆိုတာကို မေ့လျှော့နေတယ်၊ လူ့သဘာဝ အမျိုးက လည်း ပေါများ ချင်တယ် (အမျိုးမဲ့ အဆွေမဲ့ မဖြစ်လိုဘူး) ဒီတော့ သူ့စိတ်ထဲမှာ သူ့ကို သိသည် ဖြစ်စေ၊ မသိ သည်  ဖြစ်စေ မြန်မာ လူမျိုးမှ အပ အခြားသော ဘယ်ကမ္ဘာက မွတ်ဆလင်ဖြစ်ဖြစ် ငါ့အမျိုးတွေ ဖြစ် တယ် လို့ ခံစားနေတယ်။-- ဒါတွေကို တိုင်းပြည်တစ်ကယ်ချစ်တဲ့ အစိုးရဆိုသူများ သိဘို့လို တယ်။ တွေးဘို့ လိုတယ်၊ ခံစားဘို့ လိုတယ်။

တစ်အိမ်တည်းမှာ အတူနေပြီး ဒုတ်ဆွဲ ဓါးဆွဲ ခုတ်ကြထစ်ကြတဲ့ ဘ၀များက လွတ်မြောက်ဘို့ အစိုးရမှာ တာဝန် အပြည့်အ၀ ရှိနေပါတယ်။ အစိုးရအနေနဲ့ရော နိုင်ငံရေး ဆောင်ရွက်သူများ အနေနဲ့ရော ၈ ပြည်ထောင်မူတို့ တိုင်းရင်းသား ပြည်ထောင်စုတို့ ဆိုတာတွေကို စနစ်တကျ ရှောင်ကွင်း ဖြေရှင်းတတ်ဘို့ လိုပါမယ်။

Comment ရေးရန်

Rohingya Exodus