April 14, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေမှု ကို လန်ဒန်သုတေသီ တစ်ဦး ဝေဖန်ပြောကြား




မြန်မာနိုင်ငံ အနောက်ဘက်စွန်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အကြမ်းဖက် တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ သဘောထား တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိဘဲ၊ ရေငုံနှုတ်ပိတ် နေသည့်အတွက် နိုင်ငံတကာ ဒီမိုကရေစီ ပြယုဂ် လည်း ဖြစ်၊ မြန်မာနိုင်ငံ၏ ထူးခြား ထင်ရှားသော အတိုက်အခံ ခေါင်းဆောင်လည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ထင်ရှားကျော်စောမှုတို့သည် လျင်မြန်စွာ ဆုတ်ယုတ် ကျဆင်းလျက် ရှိပေသည်။



“ထိတ်လန့် ကြောက်ရွံ့စရာ အဖြစ်အပျက်တွေ အပေါ် နှုတ်ဆိတ်နေတာကြောင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် ယုံကြည် ကိုးစားမှုတွေ တော်တော့်ကို ကျဆင်းခဲ့ရပါတယ်” ဟု လန်ဒန်မြို့ရှိ SOAS University မှ သုတေသီ Guy Horton က The Week သတင်းစာစောင် သို့ ပြောကြားခဲ့သည်။ “ဒီကနေ့ ကမ္ဘာမှာ အဆိုးရွားဆုံးလူ့ အခွင့်အရေး ချိုးဖောက်မှုတွေထဲက တစ်ခုဖြစ်တဲ့ ဒီကိစ္စတွေအပေါ် သူ့ ရဲ့ပါးနပ်လိမ္မာတဲ့ ရှောင်ကွင်းမှုက သူအမြဲလို တစ်နင့်တစ်ပိုး ရရှိနေကျ ကိုယ်ကျင့်တရား အခွင့်အာဏာကို ဆုံးရှုံးစေခဲ့တာ ဖြစ်ပါတယ်”ဟု Horton က မှတ်ချက်ပြုသည်။

Horton သည် မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းဒေသများမှ လူ့ အခွင့်အရေး ချိုးဖောက်မှုများ အကြောင်း ဖော်ပြသည့် Dying Alive အမည်ရစာအုပ်ကို ရေးသားပြုစုခဲ့ သူဖြစ်သည်။ Dying Alive သည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ၂ဝဝ၇ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် Burma: A Threat to Peace အမည်ရ မြန်မာနိုင်ငံနှင့် စပ်လျဉ်းသည့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တစ်ရပ်တွင် ထည့်သွင်းညွှန်းဆို ဖော်ပြခြင်း ခံခဲ့ရသည့် စာအုပ်ဖြစ်သည်။

ဝါရင့် ဆွီဒင်စာနယ်ဇင်းသမား စာရေးဆရာ Bertil Lintner က ဒေါ်အောင်ဆန်းစုကြည်၏ မတိုးသာ မဆုတ်သာ အကျပ်အတည်းကို ရှင်း ပြခဲ့သည်။ မွတ်စလင်များအား တိုက်ခိုက်ခြင်းကို ရှုတ်ချမည် ဆိုပါက သူ၏ မဲဆန္ဒနယ် မြေမှ ဗုဒ္ဓဘာသာဝင်များက သူ့ကို ကျောခိုင်းသွားကြမည် ဖြစ်သလို တစ်စုံတစ်ရာ ပြောကြား ခြင်းမရှိပါကလည်း နိုင်ငံတကာ အသိုင်းအဝိုင်း၌ ယုံကြည်ကိုးစားမှု လျော့ကျ ဆုံးရှုံးလိမ့်မည် ဖြစ်သည်ဟု Bertil Lintner က The Week သတင်းဌာနသို့ ရှင်းပြခဲ့ခြင်း ဖြစ်သည်။

“သူက ဒုတိယအချက်ကို ရွေးလိုက်ပုံရပါတယ်။ နောက်ဆက်တွဲ အဖြစ်အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အ စည်းတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကြားမှာ သူ့ အပေါ်ဝေဖန်ပြောကြားမှုတွေ ပေါ်ပေါက်လာ ခဲ့တာပဲဖြစ် ပါတယ်။ သူ့ရဲ့ ရှုထောင့်ကနေကြည့်ရင်တော့၊ သူ့ ကိုကျောခိုင်းသွားစေမယ့် ပြည်တွင်းက ဘင်္ဂါလီ ဆန့်ကျင်ရေး သဘောထားတွေ ကိုပဲ လက်ခံရတာ ဖြစ်နိုင်ပါတယ်” ဟု Lintner က ဆိုသည်။

Lintner သည် မြန်မာနိုင်ငံအကြောင်း စာအုပ်ပေါင်းများစွာ ရေးသားခဲ့သူ ဖြစ်ကာ ယခုလ အစောပိုင်းက လည်း နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆုံတွေ့ခဲ့သည်။ Lintner က ဒေါ်အောင်ဆန်းစုကြည် သည် ပြည်တွင်း၌လည်း ဖိအားများ သက်ရောက်ခံနေရပါကြောင်း ပြောကြားခဲ့သည်။ “ပြဿနာကတော့ ရခိုင်ပြည်နယ် ပဋိပက္ခတွေအပေါ်နှုတ် ဆိတ်နေတာနဲ့၊ နိုင်ငံမြောက်ပိုင်းမှာ ကချင်တွေကို အစိုးရတပ်တွေက ထိုးစစ်ဆင်နေတာတွေပဲ။ ဒါတွေက သူ့အပေါ်လူထုထောက်ခံမှုကျဆင်း စေတာပါ”ဟု ဆိုသည်။

အချို့သော ကချင်လူမျိုးတို့ကမူ ဒေါ်အောင်ဆန်းစုကြည်အပေါ် စာနာသည့်သဘောထားများ ထုတ်ဖော် ပြောကြား ခဲ့ကြသည် ဟုလည်း Lintner ကဆိုသည်။ ပြီးခဲ့သည့်လအတွင်း အမေရိကန် ပြည်ထောင်စုသို့ ခေတ္တ ရောက်ရှိလာခဲ့သော ရှမ်း တိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးက ဒေါ်အောင်ဆန်းစုကြည် သည် ကြားနေသူ ဖြစ်လာခဲ့သည်ဟု ဆိုသည်။ မြန်မာလူငယ် အများအပြား ကလည်း ဒေါ်အောင်ဆန်းစုကြည် သည် အစိုးရနှင့်စစ်တပ်၏ သဘောထား များဘက်သို့ ယိမ်းလွန်းသည် ဟု ဝေဖန်ပြောကြားမှုများပြုလုပ် လာခဲ့ကြသည်။

သို့ရာတွင် ဒေါ်အောင်ဆန်းစု ကြည်အနေဖြင့် ၂ဝ၁၅ ခုနှစ်ရွေး ကောက်ပွဲကို အနိုင်ရရှိလိုပါက အခြား ရွေးချယ်စရာ ရှိပါသလားဟု မေးခွန်းထုတ်စရာဖြစ်လာသည်။ Guy Horton ကမူ အခြားထင်ရှားသော ကမ္ဘာ့ခေါင်းဆောင်များ သာဆိုပါက ထိုသို့ တုံ့ပြန်လိမ့်မည်မဟုတ် ဟု ဆိုခဲ့သည်။

“ဥပမာ ပြောရရင်၊ မဟတ္တမ ဂန္ဓီဆိုပါစို့။ ဒီကနေ့ရခိုင်ပြည်နယ်မှာ ပြစ်ဒဏ် ခတ်ခံရသလိုမျိုးဖြစ်နေတဲ့ ထိတ်လန့် စရာ အဖြစ်ဆိုးတွေနဲ့ တစ်ထပ်တည်း တူတဲ့ပြဿနာမျိုးကို ရပ်တန့်နိုင်ဖို့အတွက် အစာ အငတ်ခံ ဆန္ဒပြခဲ့ပါ တယ်။ ဒေါ်အောင် ဆန်း စုကြည်ကို ခိုင်းနှိုင်း ပြောကြားလေ့ ရှိကြတဲ့၊ ကိုယ်ကျင့်တရားနဲ့ ပြည့်စုံတဲ့ ခေါင်းဆောင် တွေဖြစ်တဲ့ Nelson Mandela နဲ့ Martin Luther King တို့သာ ဆိုရင်လည်း ဒုက္ခသည်တွေနဲ့ တစ်သားတည်း ဖြစ်တာကို ဖော်ပြပြီး အနုနည်းနဲ့ ကန့်ကွက်ကြမှာ ဖြစ်တယ်။ အဲဒီအစားသူက အမေရိကန် ကွန်ကရက် ဂုဏ်ထူးဆောင်ဆု အပါအဝင် မျက်နှာလို မျက်နှာရလုပ်ပြီး ပေးကြတဲ့ ကမ္ဘာတစ်လွှားက ဆုတွေ လိုက်ယူခဲ့တာ ဖြစ်တယ်”ဟု Horton က ပြင်းထန်စွာ ဝေဖန် မှတ်ချက်ပြုခဲ့သည်။

Horton က သူ၏အမြင်အရ ရခိုင်ပြည်နယ်မှ အဖြစ်အပျက်များကို ဂျာမဏီနိုင်ငံ၏ ၁၉၃ဝ ခုနှစ် များအတွင်း ဂျူးလူမျိုး တို့ကို နှိပ်ကွပ်ခဲ့ပုံနှင့်အလားတူဖြစ်သည်ဟုဆို ပါက ချဲ့ကားပြောရာမကျဆိုသည်။

“ဘင်္ဂါလီတွေကို တိုင်းပြည် ကနှင်ထုတ်ဖို့နဲ့ ဒုက္ခသည်စခန်းတွေ ဆီအတင်းအကျပ်လွှဲပြောင်းပေးဖို့၊ သမ္မတ ဦးသိန်းစိန် ရဲ့ တောင်းဆိုချက်ကလည်း Rome Statute ကို ချိုးဖောက်ရာ ရောက်တဲ့ လူ့အခွင့်အရေး ချိုးဖောက် တဲ့ ရာဇဝတ်မှုတွေကို ကျူး လွန်စေဖို့ဖြစ်ခဲ့တယ်လို့ မှတ်ချက်ချ ရမှာပါပဲ” ဟု Horton က The Week သတင်း ဌာနသို့ ပြောကြားခဲ့သည်။

“အဲဒီအပြင် လူမျိုးရေး၊ ဘာသာရေး အစွဲပြု တိုက်ခိုက် ဖျက်ဆီးမှု တွေကနေ လူမျိုးတုံးသတ်ဖြတ်မှု တွေအထိ ပုံစံပြောင်း သွားနိုင်ပါသေးတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ရာဇဝတ်မှု တွေကို စုံစမ်း စစ်ဆေးဖို့ တောင်းဆိုချက်ကို မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂအထူးဌာနေကိုယ်စားလှယ် က ပြန်ပြီးတော့ တောင်းဆိုသင့် ပါတယ်။ အဲဒါက နိုင်ငံရေး လုပ်ဆောင်ချက်တွေအပေါ် မူမတည်ပါဘူး” ဟုလည်း Horton က ဆိုသည်။

လန်ဒန်မြို့ စီးပွားရေး သင်တန်းကျောင်း တစ်ခုမှ မြန်မာ့အရေး ကျွမ်းကျင်သူ၊ မောင်ဇာနည်ကမူ ကွဲပြား သော အမြင် တစ်ရပ်ကို ဖော်ထုတ် ခဲ့သည်။ “ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီကိစ္စမှာ ဝင်ပြောပေးလိုက်လို့ နိုင်ငံရေး အရ ဘာမှ အကျိုးအမြတ် မရနိုင်ပါဘူး။ သူက သူ့ရဲ့ အခြေခံသဘောထားတွေအပေါ် ဆုပ်ကိုင်ထားဖို့ ကြိုးစား နေတဲ့ နိုင်ငံရေး အတိုက်အခံ တစ်ယောက်လည်း မဟုတ်တော့ပါဘူး။ အခုသူက နိုင်ငံရေးသမား တစ်ယောက် ဖြစ်နေပြီး ဗုဒ္ဓဘာသာဝင်တွေ ရဲ့ မဲက အများစုဖြစ်မယ့် ၂ဝ၁၅ ခု ရွေးကောက်ပွဲ ရလဒ်အပေါ်ကိုပဲ အာရုံ စိုက်နေတာ ဖြစ်တယ်” ဟု မောင်ဇာနည်က AP သတင်းဌာနသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

Horton ကမူ မောင်ဇာနည်၏ အမြင်ကို ဘက်ပြိုင်ပြောကြားခဲ့ သည်။ “ကိုယ်ကျင့်တရားထက် နိုင်ငံရေး လက်တွေ့ ရလဒ်ကို အလေးထားတဲ့ အပြစ်မြင် Real Politick ရဲ့ နေရာတစ်နေရာကို ရွေးချယ်ခဲ့မယ်ဆိုရင် ရေရှည်မှာကြုံတွေ့လာ ရမှာက သူဟာ ကိုယ်ကျင့်တရားဆိုင် ရာယုံကြည်ကိုးစားထိုက်မှုကို ဆုံးရှုံးရုံတင် မကဘူး။ တိုင်းရင်းသား ပြည်သူတွေ ရဲ့ထောက်ခံမှုကိုပါ ဆုံး ရှုံးရမယ့်အပြင် ၂ဝ၁၅ ခုနှစ် ရွေး ကောက်ပွဲမှာတောင် ရှုံးသွားနိုင်ချေ ရှိတယ်”ဟု Horton က တုံ့ပြန် ပြောကြားခဲ့ခြင်းဖြစ်သည်။

Ref: Aung San Suu Kyi Loses Her Gloss for Failing to Denounce Killings
The week.co.uk (Myanmar NJ)


Comment ရေးရန်

Pages 22123456 »
Rohingya Exodus