နောက်ဆုံးသတင်း/ဆောင်းပါးများ

စားစရာမရှိ၍အစာရှာထွက်သူများကိုရိုက်နှက်ဖမ်းဆီးငွေညှစ်


Qutub Shah 
RB News 
1.1.2013


မင်းပြား ။ ။ ၂၀၁၂၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် မင်းမြို့ (ဖော်တီပါရာ) တန်စိုင်းရွာမှ မွတ်စလင် ရွာသား ၄ ဦးမှ စားသုံးရန် မရှိတော့သဖြင့် ၎င်းတို့ရွာနှင့် ကပ်လျက်ရှိေ သာချောင်းသို့ငါးဖမ်းရန်သွားခဲ့ပြီး အပြန် တွင် ဖမ်းဆီးခံ ရပြီး ရိုက်နှက်ခံ ရသည့်အပြင်ငွေကြေးပေး၍ ပြန်လွတ်မြောက် လာခဲ့ကြောင်း သတင်း ရ ရှိ ပါသည်။

ဖမ်းဆီးခံရပြီးနောက်ပြန်လည်လွတ်မြောက်လာခဲ့သော (၄) ဦးမှာ -

(၁) ဦးအဒူရာမန် (ဘ) ဦးအဲစ်ဂေါအလီ (အသက် ၅၁ နှစ်) 
(၂) ဦးဟမီတ်ဟူစိန်း (ဘ) ဦးမူကူရာမ်ဇမန် (အသက် ၄၅ နှစ်) 
(၃) ဦးအဘူဟာရှင် (ဘ) ဦးမိုဟာမတ်ကရီးမ် (အသက် ၅၀ နှစ်) 
(၄) ဦးအဟမတ်ကမာလ် (အသက် ၅၇ နှစ်) - တို့ဖြစ်သည်။

ထိုငါးဖမ်းရန် သွားသော အထက်ပါ (၄) ဦးမှာ ငါးဖမ်း၍ အပြန်တွင် တပ်ရင်း (၃၇၉) မှ ဗိုလ်မှူး ဟိန်းဇော် နှင့် လမ်းတွင်တွေ့၍ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဗိုလ်မှူးဟိန်းဇော်မှ ငါးဖမ်းရန် ခွင့်ပြုချက် မယူ ဟုပြော ဆိုပြီး အဆိုပါ (၄) ဦးအား ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ကြောင်း ဒေသခံတစ်ဦးမှ RB News သို့ပြော သည်။ ထိုသို့ရိုက်နှက်ပြီးနောက် တစ်ဦးထံမှ ငွေကျပ်တစ်သိန်းစီ ယူ၍ပြန်လည် လွှတ်ပေး ခဲ့ကြောင်း သိရသည်။

ပြည်သူများ၏ အသက်အန္တရာယ်ကို ကာကွယ်ရန် စစ်တပ် လုံခြုံရေးချပေး ထားသော်လည်း၊ ထိုလုံခြုံရေး တာဝန်ယူထားသည့် စစ်တပ်မှ အစ္စလာမ်ဘာသာဝင် မွတ်စလင်များကို မတရားသဖြင့်ပြော ဆိုပြီး ဖမ်းဆီးပြီး ငွေညှစ်သည့်လုပ်ငန်းကို ရခိုင်ပြည်နယ်အ၀န်းတွင်အကြီးအကျယ်လုပ်ကိုင်လျက်ရှိသည်။

မြေပုံ ။ ။ အောက်တိုဘာလ အကြမ်းဖက်မှုကြီးတွင် နေအိမ် စွန့်ခွာ၍ ထွက်ပြေးရာတွင် ရခိုင်အကြမ်းဖက် များ၏ တိုက်ခိုက်ခြင်း ကိုခံရပြီး၊ ဒဏ်ရာရရှိ ခဲ့သော ဦးကာလမ်မျာ (အသက် ၈၂ နှစ်) သည် ထိုဒဏ် ရာဖြင့် မြေပုံမြို့ ရှိဒုက္ခသည် စခန်းတွင် ယမန်နေ့က ကွယ်လွန် သွားကြောင်း သိရသည်။ မြေပုံမြို့ရှိ ဒုက္ခသ ည်စခန်းမှာ ဒုက္ခသည် စခန်းဟုခေါ် တွင်နိုင်သည့်အခြေ အနေပင်မရှိဘဲ လယ်ကွင်းများထဲတွင် မိမိတို့၏ တပိုင် တနိုင်အမိုး အကာများဖြင့်နေထိုင်နေရခြင်းဖြစ်သည်။ ဆော်ဒီအာရေဗျာနိုင်ငံမှ လုံခြုံသည့် ယာယီ တဲများ လှူဒါန်းခဲ့သော်လည်း၊ ထိုယာယီတဲများကို ရခိုင်ဗုဒ္ဓဘာသာဝင်များသာ သုံးစွဲခွင့်ရရှိပြီး၊ မွတ်စလင် ဒုက္ခသည် များကို သုံးစွဲခွင့် မပေးသည်ကို ကုလသမဂ္ဂအကြီးအကဲ၏ ခရီးစဉ်တွင် ဘီဘီစီ သတင်းဌာနမှ သတင်းထောက် မှရေးသား၍ မီးမောင်း ထိုးပြ ထား သည်။

Comment ရေးရန်

Rohingya Exodus