နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်းတောမြို့ရှိရိုဟင်ဂျာများ၏နေ့စဉ်အတိဒုက္ခများ


Qutub Shah 
RB News 
1.1.2013 

မောင်းတော ။ ။ မောင်းတောမြို့နယ်၊ မြောက်ပိုင်း တောင်ပြို (လက်ယာ) ခူမီခဲလ်တွင် ယမန်နေ့က အာဏာပိုင်များမှ အတင်းအဓမ္မ ဘင်္ဂလီဟု မှတ်တမ်းခြင်းများ ဆက်လက်ပြုလုပ်လျက် ရှိကြောင်း သိရသည်။ ၂၀၁၂၊ ဒီဇင်ဘာလ (၂၈) ရက်နေ့ တွင်ခူမီခဲလ် (တောင်ပြိုလက်ယာ) ရွာအုပ်ချုပ်ရေးမှူး ဦးဂျာဖရ် အစ္စလာမ် (ဘ) ဦးအဘူဘကဲရ်အား နယ်စပ်ဒေသကွပ်ကဲရေး နယ်မြေ (၅) ရုံးသို့ဆင့်ခေါ်၍ ဘင်္ဂလီဟု အတင်းအဓမ္မ မှတ်ပုံတင်ခိုင်းခဲ့သည်။ သို့သော်လည်း ဦးဂျာဖရ်အစ္စလာမ်မှ ငြင်းဆိုခဲ့ပြီး၊ ထိုနေ့ တနေ့လုံးနစက ရုံးတွင် ၎င်းအား ထိန်းသိမ်းထား ခဲ့ကြောင်းသိရသည်။ ဒီဇင်ဘာ (၂၉) ရက်နေ့တွင် ၎င်းနှင့် အတူ ရွာသား (၇) ဦးအား အတင်းအဓမ္မ မှတ်ပုံတင် ခိုင်းရာ၊ ငြင်းဆိုသဖြင့် နစက ၀န်ထမ်းများမှ ရိုက်နှက် ခဲ့ကြောင်း သိရသည်။ 

ထိုသို့ရိုက်နှက်ခံရသည့် (၇) ဦးမှာ - 

(၁) ဦးဒိလ်မိုဟာမတ် (ဘ) ဦးကာဒရ်ဟူစိန်း (အသက် ၄၇ နှစ်) 
(၂) ဦးဆယာဒူလ်ဟောက် (ဘ) ဦးအဒူရှကူရ် (အသက် ၄၅ နှစ်) 
(၃) ဦးရဟူလ်အာမီးန် (ဘ) ဦးနူးရ်မိုဟာမတ် (အသက် ၄၀ နှစ်) 
(၄) ဦးအဘူဟာရှင် (ဘ) ဦးဘဂူမျာ (အသက် ၃၅ နှစ်) 
(၅) ဦးရရှစ် (ဘ) ဦးအဘူခိုက်လ် (အသက် ၆၅ နှစ်) 
(၆) ဦးဘန်ဒူ (ဘ) ဦးရာကွတ် (အသက် ၅၀ နှစ်) 
(၇) ဦးဆက်တာရ် (ဘ) ဦးကာဆင် (အသက် ၅၀ နှစ်) 

ဒီဇင်ဘာလ (၃၁) ရက်နေ့တွင်ပင် သားရေကုန်းတန်းရွာမှ ဦးဟူဆောင်အာမတ် (အသက် ၃၅ နှစ်) အား နစကနယ်မြေ (၇) မှ ဇွန်လအကြမ်းဖက်မှုတွင်ပါဝင်သည်ဟုစွပ်စွဲ၍ ညနေ ၅ နာရီခန့်တွင် နစကနယ်မြေ (၇) မှ လာရောက်၍ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းသိရသည်။ 

ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ကျောက်ပန်းဒိုရွာ (ရှီတာဖူရီကာ) မှ ဦးအဒူရှကူရ် (ဘ) ဦးနူးရ်အစ္စလာမ် အား အင်းဒင်ရွာ နစကစခန်းအမှတ် (၁၈) မှ ရခိုင်လူမျိုးနစကတပ်ဖွဲ့ဝင်များမှအကြောင်းပြချက် တစုံတရာမရှိဘဲ ၀ိုင်းဝန်းရိုက်နှက်ကြရာ ဦးအဒူရှကူရ် မှာသေအံ့ဆဲဆဲထြိ ပင်းထန်စွာ ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။ ဦးအဒူရှကူရ်မှ ထိုတပ်ဖွဲ့ဝင်များအား ၎င်းအား ရိုက်နှက်ရသည့်အကြောင်းရင်းကိုမေးမြန်းခဲ့ရာ “မင်းကကုလား၊ ဘင်္ဂလီမွတ်စလင်ဖြစ်လို့ ရိုက်တာကွာ” ဟုပြန်ဖြေခဲ့ ကြောင်းဒေသခံတစ်ဦးမှ RB News သို့ပြောသည်။ 

ပြည်နယ်အစိုးရမှ ရိုဟင်ဂျာမွတ်စလင်များကို ညှင်းပန်းနှိပ်စက်ရန်ရည်ရွယ်ချက်ဖြင့် ရိုဟင်ဂျာများနေထိုင် ရာရွာများတွင် ရခိုင်လူမျိုး အများစုကို နစကတွင် ခန့်အပ်၍ တာဝန်ပေးထားသည်။ အစွန်းရောက် စိတ်ဓါတ် ရှိသော ရခိုင်လူမျိုးများမှာလည်း ရထားသည့် အခွင့်အရေးကို ထိထိမိမိ အသုံးချသည့် အနေဖြင့် ရိုဟင်ဂျာ မွတ်စလင်များကို နည်းလမ်းမျိုးစုံဖြင့် ညှင်းပန်းနှိပ် စက်လျက်ရှိကြောင်း အဆိုပါဒေသခံ မှပြောပါသည်။ 

မောင်းတောမြို့တွင် ဇော်မတက်ရွာ (ဟော်န်ဆော်ရာ) နှင့် ကျောက်ပန်းဒိုရွာ (ရှီတာဖူရီကာ) ကြားတွင် နစကဂိတ် ရှိသည်။ ယခုအခါ ထိုဂိတ်မှဖြတ်သန်းသွားလာသော ရိုဟင်ဂျာ မွတ်စလင်များထံမှ ၅၀၀ နှင့် ၁၀၀၀ ကျပ်ကို ဂိတ်ကြေး ပမာတောင်းခံ လျက်ရှိကြောင်းသိရသည်။ ဂိတ်ကြေးကိုအစိုးရမှသတ်မှတ် ထားခြင်း မဟုတ်ဘဲ၊ နစက ၀န်ထမ်းများမှ မွတ်စလင်များထံမှ ငွေညှစ်သည့် ပုံစံမျိုးဖြင့် သာကောက်ခံ လျက် ရှိခြင်းဖြစ်သည်။ အသက်အရွယ်၊ ငွေကြေး၊ အလုပ်အကိုင် ရှိသည်မရှိသည်နှင့် သက်ဆိုင် မှုမရှိဘဲ ဖြတ် သန်း တိုင်းပေးနေရ သည်။ မောင်းတောမြို့နယ် တွင်နေထိုင်သော မွတ်စလင်များမှာ ဇွန်လ အကြမ်း ဖက်မှုကြီးဖြစ် ပွားပြီးနောက်မှစ၍ အလုပ်အကိုင်အခွင့် အလမ်းနည်းပါး သွားပြီး၊ ၀င်ငွေမရှိ သူများပြား လာ သည်။ အစိုးရ ၀န် ထမ်းများမှာ လစာငွေနှစ်ဆရနေ သည်ဖြစ်သော် လည်း မရှိဆင်းရဲ သား ထံ မှ ဓါးပြ သဖွယ် တိုက်ယူ လျက် ရှိကြောင်း ဒေသခံတစ်ဦးမှ RB News သို့ပြောသည်။ 

Comment ရေးရန်

Rohingya Exodus