နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာများကိုအဆိုးရွားဆုံးညှင်းပန်းနှိပ်စက်ဖိနှိပ်နေခြင်း


M.S. Anwar & MYARF
RB News 
13.1.2013 

မောင်းတော ။ ။ နယ်စပ်ဒေသ ကွပ်ကဲရေး နယ်မြေ (၈)မှ နယ်မြေမှူး ဗိုလ်မှူးအောင်ကိုသန့် ၏ အမိန့်အရ ဇန်န၀ါရီလ (၆) ရက်နေ့တွင် မြင့်လွတ်ရွာအုပ်စု၊ ရှရီဒါရွာမှ အပြစ်မဲ့ ရိုဟင်ဂျာ ၆ ဦးကိုဖမ်းဆီးခဲ့ သည်။ ဖမ်းဆီး သူများကို ရွာသူရွာသား များအား ယခုတလော ပြုလုပ်နေသည့် စီမံကိန်ြး ဖစ်သည့် လူဦးရေ စစ်ဆေးရေးနှင့် ဘင်္ဂလီဟု လက်မှတ်ထိုးခိုင်းခြင်းမပါဝင်ရန်ဆော်သြသောကြောင့်ဖြစ်သည်ဟုသိရ သည်။
ဖမ်းဆီးခံရသူ (၆) ဦးမှာ - 

(၁) ဦးအဲရှာဒူလ္လာ (ဘ) ဦးဇဖရ်အဟမတ် (အသက် ၄၀ နှစ်) 
(၂) ဦးဆယာဒ်အာလမ် (ဘ) ဦးနဇီရ်အဟမတ် (အသက် ၄၅ နှစ်) 
(၃) ဦးဟူစိန်းအဟမတ် (ဘ) ဦးဂျလာလ် (အသက် ၃၅ နှစ်) 
(၄) ဦးမိုဟာမတ်ယူစွပ် (ဘ) ဦးဂျာလာလ် (အသက် ၃၃ နှစ်) 
(၅) ဦးကမာလ်ဟူစိန်း (ဘ) ဦးရှာကဲရ်အဟမတ် (အသက် ၄၂ နှစ်) 
(၆) ဦးရှာမျာ (ဘ) ဦးကဘီရ်အဟမတ် (အသက် ၄၅ နှစ်) 

နစကမှပြုလုပ်နေသော စစ်ဆင်ရေးသည် ရိုဟင်ဂျာများကို ကျူးကျော်သူ ဘင်္ဂလီများအဖြစ် သို့အတင်းအဓ မ္မပြောင်းလဲပစ်ရန် သာဖြစ်သည်။ ထို့ကြောင့် ရွာသူရွာသားများမှ မိမိတို့၏ ဆန္ဒဖြင့် ထိုစစ်ဆင်ရေးတွင်ပါဝင် ရန်ငြင်းဆိုလျက် ရှိသည်။ မဟုတ်မမှန်သည့် စွပ်စွဲချက်များပြုလုပ်၍ လူကြီးများနှင့် ရွာအတွင်းရှိ လူသိများသူ များကို ဖမ်းဆီးလျက် ရှိသည်။ ယခု ထိုသူ များအား နိုင်ငံတော် အာဏာ ဖီဆန်မှုဖြင့် တရား စွဲဆို ရန် စီစဉ်လျက်ရှိ ကြောင်း မောင်းတောမြို့မှ အမည်မဖော်လိုသူ ရိုဟင်ဂျာတစ်ဦး မှပြောပါသည်။ 

နစကအဖွဲ့ကို ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်မှ ဦးဆောင်၍ ရိုဟင်ဂျာများကို ညှင်းပန်းနှိပ်စက်၊ ဖိနှိပ်၍ ရခိုင် ပြည်နယ်အတွင်း မှနှင်ထုတ်ရန်ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၁၉၉၃ ခုနှစ်မှ စ၍နှစ်စဉ်နှစ်ကြိမ် လူဦးရေ စီစစ်ခြင်းများကို ပုံမှန်ပြုလုပ် ခဲ့သည်။ ရိုဟင်ဂျာများသည် နည်း မျိုးစုံဖြင့် ညှင်းပန်းနှိပ်စက် ခံရခြင်းကြောင့် မိမိတို့၏ အမိမြေမှ ထွက်ခွာ သွားနေကြသည်။ သို့ သော်လည်း အရှက်ကင်းမဲ့စွာဖြင့် ယခုအချိန်ထိ ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှခိုးဝင်လာနေကြသည်ဟု ပြောဆိုနေကြသည်။ ထိုသို့ပြောဆိုနေခြင်း ၎င်းတို့ကိုယ် တိုင်နိုင်ငံ တကာကိုသာ မရိုးမသားပြု လုပ်နေခြင်းမဟုတ်ဘဲ ၎င်းတို့ကို ၎င်းလည်း ထိုနည်းတူပြု လုပ်လျက်ရှိခြင်းဖြစ် သည်။ 

အလယ်သံကျော်နှင့် ကန်သာယာလမ်းဆုံတွင် ဗိုလ်မှူး ရဲဝင်းအောင်ဦးစီးသည့် ခရေမြိုင်စခန်း မှစစ်သား ၈ ဦးနှင့် ဘဂုံးနားကျေးရွာတွင် အသစ်ခန့်အပ်လိုက်သည့် ရွာအုပ်ချုပ်ရေးမှူးတို့မှ စခန်းဖွင့်၍ ဖြတ်သန်းသွား လာသော ရိုဟင်ဂျာများထံမှ လုယက်ခြင်း၊ ငွေညှစ်ခြင်းများပြုလုပ် လျက်ရှိသည်။ ရွာအုပ်ချုပ်ရေးမှူး ဦးဘ ထွန်းအောင်မှာ ၁၉၇၀ ၀န်းကျင်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှလာ၍ ကန်သာယာကျေးရွာတွင် အခြေစိုက်နေ ထိုင်သူဖြစ်သည်။ 

ခရမြိုင်စခန်းမှ ဗိုလ်မှူး ရဲဝင်းအောင်၏ အုပ်ချုပ်မှုအောက်ရှိ စစ်သား ၁၅ ဦးသည် ဇန်န၀ါရီလ (၁၂) ရက်နေ့ နံနက် ၁၀ နာရီတွင် ဘဂုံးနားကျေးရွာအုပ်စု၊ နူရူလာကျေးရွာရှိ ဦးဆယာဒ် အာလမ် (ဘ) ဦးအက်ဘာလ် အဟမတ် ၏နေအိမ်ကို ၀ိုင်းရံခဲ့သည်။ ထို့နောက်၎င်း၏ အိမ်မှ ရွှေငွေရတနာများ၊ ငွေကြေး များကို သိမ်းယူ၍၊ သယ်ယူ၍ မရသောပစ္စည်းများကို ဖျက်ဆီးခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းများ အားလုံး၏ တာဝန်အရှိ ဆုံးပုဂ္ဂိုလ်မှာ ဗိုလ်မှူးရဲဝင်းအောင်ဖြစ် သည်။ရိုဟင်ဂျာများထံမှ လုယက်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်း များသာ ထိုဗိုလ်မှူး၏ အတွေး အာရုံတွင် ရှိကြောင်း မောင်းတောမြို့တောင်ပိုင်းမှ ရိုဟင်ဂျာ တစ်ဦးမှပြောပါသည်။ 

ဇန်န၀ါရီလ (၇) ရက်နေ့ညတွင် နစကအရာရှိ တစ်ဦးနှင့်နစက (၆) ဦးမှ ကြိမ်းချောင်းကျေး ရွာအုပ်စု၊ ရီဒါအောင်စစ်ပြင်ရွာ ဦးဟာလာမျာ (ဘ) ဦးအဒူရှကူရ်အားလက်ထိပ်ခတ်၍ဖမ်း ဆီးခဲ့သည်။ ငွေညှစ်ရန် ခြိမ်းခြောက်ခဲ့ပြီး ညှင်းပန်းနှိပ်စက်ခြင်း မပြုလုပ်ခဲ့ကြောင်း သိရသည်။ ၎င်းအား ၁၂ နာရီဖမ်းချုပ် ထား ခဲ့ပြီး ငွေကျပ် ၃ သိန်းယူ၍ပြန် လည်လွှတ်ပေးခဲ့သည်။ ၎င်း၏ အသက် ၂၂ နှစ်အရွယ်ရှိသားသည် ဇွန်လ တွင်ဖြစ် ပွားခဲ့သောအကြမ်းဖက်မှုကြီးကို ကြောက်၍ အိန္ဒိယနိုင်ငံသို့ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ ထိုကိစ္စကိုအကြောင်းပြ၍ ဦးဟာလာမျာထံမှငွေညှစ်ခြင်းဖြစ်သည်။ အဆိုပါနစကများမှာ ကြိမ်းချောင်းရှိ နယ်မြေစခန်း အမှတ် (၂၄) မှဖြစ်သည်။ ရခိုင်ပြည်တွင်အာဏာပိုင်များမှ ရိုဟင်ဂျာများကိုအမိမြေမှထွက် သွားရန်ဒုက္ခပေးနေခြင်းသာမက ပြည်တွင်းရှိရိုဟင်ဂျာများကိုလည်းနည်းမျိုးစုံဖြင့်ဒုက္ခပေး လျက်ရှိသည်။ 

“ကျွန်တော်တို့အခုညဘက်တောင်ကောင်းကောင်းမအိပ်နိုင်ဘူး။ နစကတွေလာဖမ်းမှာကို ကြောက်နေရ တယ်။ စခန်း ၂၄ ကနစကတွေက ကြိမ်းချောင်း၊ ဒုန်းဘိုင်ရွာတွေမှာအမြဲလာ သောင်းကျန်းတယ်။ သူတို့ဖမ်း ချင်တဲ့အိမ်တွေကိုဝင်ရှာတယ်။ ဖမ်းတယ်။ နှိပ်စက်တယ်။ ငွေညှစ်တယ်။ တစ်ခါမှပြစ်မှုမကျူးလွန်ဖူး တဲ့သူတွေကိုဖမ်းတယ်” ဟု အောင်စစ်ပြင်ရွာမှ အမည်မဖော်လိုသူတစ်ဦးမှပြောပါသည်။ 

နိုင်ငံသားဖြစ် မှုငြင်းပယ်ခြင်း၊ ဥပဒေဖြင့် ကာကွယ်ပေးခြင်းနှင့် အခြားသော အခွင့်အရေးများ ကိုပိတ်ပင် ထားခြင်း၊ အစုလိုက် အပြုံလိုက်ဖမ်းဆီးခြင်း၊ နစကများမှငွေညှစ်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်းများ ကို ရိုဟင်ဂျာရွာများတွင် အဆက်မပြတ်ပြု လုပ်နေခြင်းမှာ ရိုဟင်ဂျာများအစု လိုက်အပြုံလိုက်အမိမြေကို စွန့်ခွာ သွားရန် ရည်ရွယ်၍ပြု လုပ်နေခြင်းဖြစ်သည်။ ထိုသို့ထွက် သွားသူများတွင်ပြန်လမ်း မရှိသည့်အပြင် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သိမ်းယူခြင်း၊ မိသားစုနှင့် ဆွေမျိုးများထံ မှငွေညှစ်ခြင်းများ လည်းပြုလုပ် ခံနေရ သည်။အသက်၂၂ နှစ်အရွယ်ရှိ သူတိမ်းရှောင်သွားပြီးနောက်ဖြစ်ပေါ် လာသည့် အခြေအနေ ကိုကြည့်ခြင်း အားဖြင့် ရိုဟင်ဂျာများ ကို အာဏာပိုင်များမှ မည်ကဲ့သို့ပြုလုပ်နေသည်ကိုသိရှိနားလည်နိုင် မည်ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus