လုပ်ကြံဖန်တီးမှုကြောင့် မြောက်ဦးတွင်ရိုဟင်ဂျာ (၃) ဦးဖမ်းဆီးခံရ
AS
RB News
13.1.2013
မြောက်ဦး ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာ (ရိုဟင်ဂျာအခေါ် ဗိုလ်တီဖာရာ) ရှိ ရိုဟင်ဂျာ ဒုက္ခသည် များနေ ထိုင်နေသည့်နေရာနှင့် မနီးမဝေးရှိ ချုံပုတ်အတွင်း၌ ယနေ့ နံနက် ၉ နာရီခန့်တွင် လုံခြုံရေး တာဝန်ကျနေသော တပ်ရင်း (၃၇၇) မှ ရဲဘော်စိုးဝင်း (ရခိုင်လူမျိုး) အားရခိုင် အကြမ်းအဖက် သမားအချို့က ရခိုင် မိန်းကလေးတစ်ဦးနှင့် ဆက်နွယ်ပတ်သက်မှုကို အကြောင်းပြ၍ ထိုစစ်သားကို ဓါးဖြင့် ခုတ်ကြရာ ထိုစစ် သားမှာ အသက်ဘေးမှ လွတ်မြောက်ပြီး မြောက်ဦးဆေးရုံ သို့အချိန်မှီရောက် ရှိသွား ခဲ့သည်။
ဆေးရုံ၌ ထိုစစ်သားမှ ထွက်ဆိုရာတွင် ၎င်းအားကုလားများက ခုတ်သတ်သည်ဟု ထွက်ဆိုခဲ့သည်။ ထို့ကြောင့် နံနက် ၁၀ နာရီကျော်တွင် ရိုဟင်ဂျာများနေထိုင်သည့် ပုရိန်ရွာသို့ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ တပ်မမှူး၊ စ.ရ.ဖ မိုးကျော်သူနှင့် အဖွဲ့အစည်းပေါင်းစုံမှ အင်အား ၂၀၀ ခန့်ရောက်ရှိလာပြီး ရိုဟင်ဂျာ များ၏နေ အိမ်တိုင်းသို့ဝင်ရောက်ပြီး အမျိုးသား များအားခြိမ်းခြောက်၊ သတ်ပုတ်ကာ ရွာမှအမျိုးသား များအားလုံး ကို စာသင် ကျောင်းခြံသို့ခေါ်ယူသွားသည်။
ထိုအာဏာပိုင်များသည် ရွာသားမွတ်စလင် များအားသေနတ်ဖြင့်ချိန်ရွယ်ခြိမ်းခြောက်ကာ ရဲဘော်စိုးဝင်း အား ဓါးနဲ့ခုတ်သည့် တရားခံများဟုစွပ်စွဲ၍ အောက်ဖော်ပြပါ ရိုဟင်ဂျာ (၃) ဦးဖမ်းဆီး သွားကြောင်း သိရသည်။
(၁) ဦးဖူတူးကျား (ဘ) ဦးအဒူရာမန် (အသက် ၄၀ နှစ်)
(၂) ဦးဖူတူးယား (ဘ) ဦးအီဒီရိစ် (အသက် ၃၀ နှစ်)
(၃) ဦးအာယုပ်အလီ (ဘ) ဦးမိုဟာမတ်ခိုက်ရ် (အသက် ၂၇ နှစ်)