ပြည်ထောင်စုနေ့မှာ ရိုဟင်ဂျာတိုင်းရင်းသား ဦးအောင်ဝင်း အဖမ်းခံရ
Kay Te Zat O
12.2.2013
စစ်တွေမြို့၊ အောင်မင်္ဂ လာရပ် ကွက်မှာ နေထိုင်တဲ့ ရိုဟင်ဂျာ လူမျိုး အငြိမ်းစား ကျောင်းဆရာ အန်ကယ် ဦအောင်ဝင်း အား ယနေ့ ပြည်ထောင်စုနေ့ နံနက် (၁၀) နာရီခန့်က တပ်ရင်းအမှတ် (၁၂) တာဝန်ကျ ၀န်ထမ်းများမှ လာရောက်ခေါ် ဆောင် သွားခဲ့ပါတယ်။
မည်သည့် အကြောင်းပြချက်ဖြင့် ခေါ်ဆောင်သွားသည်ကို မသိရသေးဘဲ သက်ဆိုင်ရာအား ဆက် သွယ်မေးမြန်း ရာ အထက်မှ အမိန့်ရရခြင်း ပြန်လွှတ်ပေးမည်ဟု ပြောကြားကြောင်း ဦးအောင်ဝင်းရဲ့ မိသား စုနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရပါတယ်။
အန်ကယ် ဦးအောင်ဝင်းအား ဖမ်းဆီးသွားခြင်းနဲ့ ပတ်သက်၍ စစ်တွေမြို့နယ်ရဲစခန်းသို့ ဆက်သွယ်ရာ စခန်းမှူးနှင့် မြို့နယ်မှူးများ မစ္စတာကင်တားနား ရောက်ရှိရာ လုံခြုံရေး လမ်းကြောင်းသို့ လိုက်ပါ နေရ၍ မရှိကြောင်းနှင့် မေးမြန်းချက်အား ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပါ။
လေ့လာသူတချို့ကတော့ ဦးအောင်ဝင်းဟာ ရိုဟင်ဂျာ လူမျိုးများရဲ့ကိုယ်စား နိုင်ငံတကာ မီဒီယာတွေမှ တဆင့် အမှန်တရား တွေအား အစိုးရနှင့် အံတု၍ ထုတ်ဖော်ပြော ကြားနိုင်သူဖြစ်၍ မစ္စတာကင်တားနား လာရောက် စဉ် အခြေအနေမှန်များအား တွေ့ဆုံ ပြောဆိုနိုင်ခြင်းမရှိအောင် အချိန်ကိုက် ဖမ်းဆီး ထား လိုက်ခြင်းသာ ဖြစ်ပါကြောင်း သုံးသပ် ပြောဆိုကြပါတယ်။
ယင်းကဲ့သို့သော လုပ်ရပ်ဖြစ်စဉ်များသည် ယခင် ၀န်ကြီးချုပ်အဖြစ် တာဝန် ယူခဲ့သော ဒုတိယဗိုလ်ချုပ်ကြီး ဦးသိန်း စိန် (ယခု သမ္မတ ဦးသိန်းစိန်) ပါဝင်သည့် စစ်အစိုးရလက်ထက်ကလည်း မကြာခဏ ဖြစ်ပေါ် ခဲ့ကြောင်း သိရပါတယ်။
အန်ကယ် ဦးအောင်ဝင်းဟာ အသက် (၆၀)နီးပါးရှိနေပြီး လတ်တလောတွင် အောင်မင်္ဂလာရပ်ကွက်မှ အခြား ရပ်ကွက် တစ်ခုသို့ ပြောင်းရွှေ့ပြီး မူလတန်းစာ သင်ကျောင်းငယ် တစ်ခုတွင် ပညာသင်ကြားပေးနေ သူ ဖြစ် ပါတယ်။