မြန်မာနိုင်ငံဆိုင်ရာကုလလူ့အခွင့်အရေးကိုယ်စားလှယ်မစ္စတာကင်တာနား၏ ရခိုင်အရေးပြောဆိုချက်
ရန်ကုန်လေဆိပ်တွင်သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ် (၁၆-၂-၂၀၁၃) (ဓါတ်ပုံ - မြတ်သူရ) |
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေပြင်ဆင်ရန် လွှတ်တော်သို့ ကုလသံတမန်တိုက်တွန်း
သာလွန်ဇောင်းထက်
ဧရာဝတီ
16.2.2013
မြန်မာနိုင်ငံတွင် နေထိုင်သည့် နိုင်ငံသား တိုင်းလူ့အခွင့်အရေး တန်းတူညီမှုရှိရေး၊ ခွဲခြားမှုမရှိစေရေး အတွက် ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေကို ပြင်ဆင်ရမည်ဖြစ်ပြီး ပြင်ဆင်ရန်လည်း လွှတ်တော်သို့ တိုက် တွန်း ပါကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင် တာနား က ပြောဆိုလိုက်သည်။
ရခိုင်ပြည်နယ်သို့ သွားရောက် လည်ပတ်ခဲ့သော ကင်တာနားက ရခိုင်ပြည်နယ် တွင်းဖြစ်ပွားခဲ့သော လူမျိုးစု ပဋိပက္ခများကြောင့် မလုံခြုံမှုများ၊ စိုးရိမ်မှုများ၊ လူ့အဖွဲ့အစည်းနှစ်ခုအကြား သံသယ များဖြစ် ထွန်း နေ ဆဲကြောင်း၊ ပဋိပက္ခ များကြောင့် လူဦးရေ ၁၂၀၀၀၀ နီးပါး ဒုက္ခသည် စခန်းများ တွင် နေထိုင်နေရပြီး ယင်းဒုက္ခသည် များအတွက် အစားအစား၊ အမိုးအကာ၊ သန့်ရှင်းသော ရေရရှိရေး အတွက် ဆောင်ရွက်ပေး ရန် ယမန်နှစ်သြဂုတ် လလာရောက် သည့်ခရီးစဉ်အတွင်း မြန်မာ အစိုးရကို တိုက်တွန်း ခဲ့ကြောင်း၊ လက်ရှိ မွတ်စလင်ဘာသာဝင်များနေ ထိုင်သောဒုက္ခသည် စခန်းများတွင် လုံလေက်သော ကျန်းမာရေး စောင့်ရှောက်မှုမရှိသည့်အတွက် စိုးရိမ်မိကြောင်း ၊ယခုအခြေ အနေတွင် ပြည်တွင်းပြည်ပ ဆေး ကု သရေး အဖွဲ့များ သည် ရခိုင်ဒေသ ခံများနှင့် ဗုဒ္ဓဘာသာဝင်များ၏ ခြိမ်းခြောက် မှု များနှင့် အနိုင်ကျင့်မှု များကြောင့် မွတ်စလင်ဒုက္ခသည်စခန်းများ အတွက် ကျန်း မာရေးစောင့်ရှောက်မှု များမပေးနိုင်ကြောင်း၊ ထို့ အတွက်ကြောင့် ဒေသခံ အာဏာပိုင်များက ယင်းသို့သော ခြိမ်းခြောက်မှုများ ဖယ်ရှားပေးရန် တိုက် တွန်း လိုကြောင်း ၎င်းက ပြောသည်။
မြန်မာ အစိုးရအနေဖြင့် ဒုက္ခသည် စခန်းများတွင် နေထိုင်သော သူများအတွက် လွတ်လပ်စွာသွားလာ ခွင့်ပြု သင့်ကြောင်း၊ မြေပုံမြို့နယ် တောင်ပေါ်စခန်းသည် ထောင်တခု ကဲ့သို့ဖြစ်နေပြီး ဒေသခံလူများကို ကုန်သွယ် ခွင့်၊ ငါးဖမ်းခွင့်အပါအ၀င် စီးပွားရေးလုပ်ကိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ ကျန်းမားရေးစောင့်ရှောက် မှုရပိုင်ခွင့် များကို ခွင့်ပြုသင့်သည်ဟု ၎င်းက တိုက်တွန်းသည်။
လူမျိုးစုနှစ်စုအကြား ယုံကြည်မှု၊ အပြန်အလှန်လေး စားမှုရရှိစေရန် ဒေသခံ အာဏာပိုင်များ လုံလောက်သော လုပ်ဆောင်မှုများ မရှိသေးဘဲ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုများရှိနေသမျှ ကာလပတ် လုံး နှစ်ဦးနှစ် ဘက် အပြန်အလှန် ယုံကြည်လေးစားမှု များပျောက်ဆုံးနေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
နိုင်ငံသားတိုင်း နိုင်ငံသား အခွင့်အရေးရရှိ ရန်အတွက်လည်း ၁၉၈၂ ခုနှစ်နိုင်ငံ သားဖြစ်ရေး ဥပဒေ ကို ပြင်ဆင် ရန်လည်း လွှတ်တော်ကို တိုက်တွန်းပြီး ရိုဟင်ဂျာ များကိုလည်း အခြားနိုင်ငံသား များနည်းတူ တန်းတူ ညီမျှသော အခွင့် အရေးနှင့် နိုင်ငံသားဖြစ်ခွင့်ပြု သင့်ကြောင်း ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ် တွင်ဖြစ်ပွားသော ပဋိပက္ခများနှင့် ဆက်စပ်ပြီး စစ်တွေထောင်တွင် အကျဉ်းကျခံနေ ရသော ဒေါက်တာ ထွန်းအောင်နှင့် လည်းတွေ့ဆုံခဲ့ပြီး ဒေါက်တာ ထွန်းအောင်သည် အမြန်ဆုံးချက် ချင်း လွှတ်ပေးရ မည့် နိုင်ငံရေး အကျဉ်းသား တဦးဖြစ်ကြောင်း၊ ပြန်လည် လွတ်မြောက်လာ ပါ က ဒေါက် တာ ထွန်းအောင်သည် လူ့အဖွဲ့အစည်းနှစ် ခုအကြား ပြန်လည် ဆက်သွယ်ပေးမည့် တံတား တခု သွယ်ဖြစ် လာနိုင်ကြောင်း ကင်တာနားက ဆိုသည်။