အစာအဆိပ်သင့်၍ရိုဟင်ဂျာ ၁၆ ဦးထိုင်းနိုင်ငံတွင်ဆေးရုံတင်ရ
လူနာ ၁၆ ဦးမှ ၂ ဦးကိုဆရာဝန်များမှစစ်ဆေးနေစဉ် (ဓါတ်ပုံ - Bangkok Post) |
RB News
15.2.2013
ကန်ချနာဘူရီ ။ ။ ယနေ့ (၁၅.၂.၂၀၁၃) နေ့နံနက်စာစားပြီးနောက် အစာအိမ်နာသည့်ဝေဒနာခံစားရ သည့် ရိုဟင်ဂျာ ၁၆ ဦးကိုရဲများကဆေးရုံသို့ပို့လိုက်သည်။
Phaholpolpayuhasaena ဆေးရုံမှ ညွန်ကြားရေးမှူး Dr. Somjate Laoluekiat မှအဆိုပါ လူနာများ အစာ အိမ်နာသည့်ဝေဒနာနေရခြင်းမှာ အစာ အဆိပ် သင့်ခြင်းဖြစ်နိုင်ကြောင်းပြောပါသည်။
ကန်ချနာရီဘူရီ ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန၏ ဒုတိယအကြီးအကဲ ရဲဒုတိယဗိုလ်မှူးကြီး Artorn Wongjaikuer မှ ရိုဟင်ဂျာ ၁၅၀ မှာ တူညီသည့် အစားအစာ စားသုံးနေပြီး၊ ၁၆ ဦးသာအစာအိမ်နာ သည့်ဝေဒနာ ခံစားနေ ရကြောင်းပြောသည်။ ၎င်းမှ အကယ်၍ ယခုဝေဒနာ ခံစားရသည့်ပြဿ နာသည် အစာကြောင့် ဆိုလျှင် ဝေဒနာခံ စားသူ ပိုမိုများပြား လာလိမ့် မည်ဟု ဆက်လက်ပြောကြား ပါသည်။
တရားမ ၀င်ရောက်လာ ရှိသောလှေစီး ဒုက္ခသည် ရိုဟင်ဂျာ များကို ဇွန်းနှင့် ခရင်းများပေးသော်လည်း အချို့ မှာ လက်ဖြင့် သာစားခြင်းကြောင့် ယခုကဲ့သို့ ပိုးမွှားဝင်၍ အစာအိမ်ပြဿနာဖြစ် လာခြင်းဖြစ် လိမ့်မည်ဟု အဆိုပါ လူဝင်မှု ကြီးကြပ်ရေးဌာန ဒုတိယ အကြီးအကဲမှ ဆိုပါသည်။
Dr. Somjate မှ အဆိုပါ လူနာများကို ဆက်လက် စစ်ဆေး မည်ဖြစ်ပြီး၊ ၎င်းတို့ စားသုံးခဲ့ သည့်အစားအစာ များကိုလည်း စုံစမ်းစစ်ဆေး သွားမည် ဟုပြောပါသည်။
လူဝင်မှုကြီးကြပ်ရေးရဲဌာန၏ ကိန်းဂဏန်းများအရ ၂၀၁၃ ဇန်န၀ါရီလ (၉) ရက်နေ့မှစ၍ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ထိ ရိုဟင်ဂျာ ၁၇၇၂ ဦးတရားမ၀င်ရောက်ရှိခဲ့ပြီး၊ အားလုံးနီးပါး မှာမြန်မာနိုင်ငံမှ လာ ရောက်သူ များဖြစ်သည်။ ထိုင်းနိုင်ငံမှ ၎င်းတို့အား တရားမ ၀င်ပြောင်းရွှေ့သူများ အဖြစ်လက်ခံ၍ ထိုင်းနိုင်ငံတောင်ပိုင်းနှင့် ကန်ချနာဘူရီ အပါအ၀င် အခြားသောမြို့များတွင်နေရာပေး ထားသည်။
သို့သော်လည်း အာဏာပိုင်များမှ ၎င်းတို့အား ခြောက်လ သာစောင့်ရှောက် ထားမည်ဖြစ်ပြီး၊ ကုလသမဂ္ဂ၊ အခြားသောနိုင်ငံ များနှင့်မြန်မာနိုင်ငံ တို့ဖြင့်ဆွေးနွေး ၍ဖြေရှင်း သွားမည်ဖြစ်သည်။
ကိုးကား - Bangkok Post