April 24, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရခိုင်ပြည်နယ်အစိုးရ မွတ်စလင်များကို ခရီးသွားခွင့်ပိတ်ပင်


အေးနိုင်
ဒီမိုကရက်တစ်မြန်မာ့အသံ
13.2.2013

ရခိုင်ပြည်နယ် အစိုးရက သံတွဲခရိုင်တွင်းက မွတ်စလင်တွေကို ခရီးသွားလာခွင့် ပိတ်ပင် ထားတယ်လို့ တားမြစ် ခံရတဲ့ သံတွဲမြို့နေ မွတ်စလင် အမျိုးသမီး တဦးက ပြောပါတယ်။

ရန်ကုန်မြို့ကိုသွားဖို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က လေယာဉ် လက်မှတ် သွားဝယ်ရာမှာ လ၀က ထောက် ခံ ချက် ရယူဖို့ ပြောတာကြောင့် သံတွဲခရိုင် လူဝင်မှုကြီးကြပ်ရေး ဌာနခရိုင် မှူး ဦးကိုကိုမောင် ကို သွားရောက် မေးမြန်း ရာမှာ မွတ်စလင်တွေကို ပိတ်ပင်ထားတယ် ဆိုတာကိုသာ သိခဲ့ရပြီး ဘာကြောင့် ပိတ်ပင်တယ် ဆိုတာ မပြောပြဘူးလို့  အဆိုပါ အမျိုးသမီးက  ပြောပါတယ်။

“နိုင်ငံသားကတ် ကိုင်ထားသူမှန်သမျှကို ဒါမျိုးလုပ်တာလားဆိုတော့ မဟုတ်ဘူး၊ အစ္စလာမ်ပဲ လုပ်တာ လို့ ပြောတယ်။ ခရိုင်မှူး ဦးကိုကိုမောင်က အစ္စလာမ်တွေဆိုရင် မည်သည့်ကတ်ကိုင်ထားပါစေ၊ ပန်းရောင် ကတ်ပဲဖြစ်ဖြစ်၊ သုံးခေါက်ချိုးပဲဖြစ်ဖြစ် ဘာပဲ ကိုင်ထားပါစေ၊ ပြည်နယ်လ၀က ခွင့်ပြုချက်မရဘဲနဲ့ လုံးဝ ခရီး သွားလာခွင့် မပြုဘူးတဲ့။ ၈၉ ခုနှစ်ကပဲ ထုတ်ထားတဲ့ ပန်းရောင်ကတ် ရခိုင်-အစ္စလာမ်ပါ။”

မွတ်စလင်တွေကို ခရီးသွားလာခွင့် တားမြစ်တဲ့ အမိန့် ထုတ်ပြန်တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ဟာ ကုလ သမ ဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးသံ ကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနားဟာ ရခိုင်ပြည် နယ်ကို ရောက်ရှိတဲ့ ရက်နဲ့ တိုက်ဆိုင်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ သံတွဲခရိုင် လ၀ကမှူး ဦးကိုကိုမောင်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါ ဘူး။

သံတွဲမြို့နယ်အဆင့် လ၀ကရုံးကို ဆက်သွယ်မေးမြန်းရာ မှာတော့ ပြည်နယ်အစိုးရက နှုတ်မိန့်နဲ့ တယ်လီ ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြား တယ်လို့ ဖြေပါတယ်။

သံတွဲခရိုင်တွင်းက မွတ်စလင်တွေဟာ အရင် စစ်အစိုးရကာလ တလျှောက်လုံး နိုင်ငံသား စိစစ်ရေး ကတ်ပြား ကိုင်ဆောင် ထားပေမယ့်လည်း ၂၀၀၄ နှစ်ကနေ ၂၀၁၁ ခုနှစ်ထိ ခရီးသွားလာခွင့် ကန့်သတ် ခံခဲ့ရပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ၈ လလောက် ကစလို့ နိုင်ငံသား စိစစ်ရေးကတ် လက်ဝယ်ြ ပသနိုင်ရင် လွတ်လပ် စွာခရီး သွားလာခွင့်ရခဲ့ရာက အခုတခါ ပြန်လည် ပိတ်ပင်ခံ ခဲ့ရတာလို့ အဆိုပါ မွတ်စလင် အမျိုး သမီး က ပြောပါတယ်။

အဆိုပါ တားမြစ်ခံ အမျိုးသမီးက တခြား ဘာသာဝင်တွေကို တားမြစ် ပိတ်ပင်ခြင်းမရှိဘဲ မွတ်စလင် ဘာသာ ၀င်ကိုသာ ပိတ်ပင် တာဖြစ် တယ်လို့ ပြောပြပါတယ်။

“လေယာဉ် ရုံးကနေ ကျမကို အဲဒါ ခဏခဏတောင်းနေတယ်။ အဲဒါ ယူလာခဲ့ပေးပါ ဒါမှပေးလို့ရမယ် သူတို့က အကြောင်းကြား ထားလို့ဆိုပြီး။ မြန်မာ့လေကြောင်းကို ၀ယ်တဲ့အခါ မြန်မာ့လေကြောင်းက အဲလို ဆိုတော့၊ ရန်ကုန်အဲဝေးကို လှမ်းဆက်တော့ အစ်မ စိတ်တော့ မရှိနဲ့တဲ့ အစ္စလာမ်လား၊ ဗုဒ္ဓဘာသာ လား ဆိုတော့ ကျမက အစ္စလာမ် ဆိုတော့ လ၀က ခွင့်ပြုချက် ယူခဲ့ပါတဲ့။ လ၀က ခွင့်ပြုချက် မပါ ဘဲ လေ ယာဉ် လက်မှတ် မရောင်းရဘူးဆိုပြီး မနေ့ ညနေက လ၀ကက လက်မှတ် လာထိုးခိုင်းလို့ သူတို့ လက် မှတ် ထိုး လိုက်ရ တယ်တဲ့။”

ဘာကြောင့် ပိတ်ပင်တယ် ဆိုတာကို ရခိုင်ပြည် အစိုးရ အဖွဲ့အတွင်းရေးမှူးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစား ရာမှာ တာဝန်ခံဖြေဆိုခြင်းမရှိပါဘူး။ 

Comment ရေးရန်

Pages 22123456 »
Rohingya Exodus