April 14, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ပေါက်တောတွင်ရိုဟင်ဂျာ (၆) ဦးအသတ်ခံရ


စိုးမင်း 
RB News 
14.2.2013 

မင်းပြား ။ ။ မင်းပြားမြို့နယ်၊ လက်မချေရွာနှင့် နာဂါရာရွာများမှ ရိုဟင်ဂျာ (၇) ဦးတို့သည် စားနပ်ရိက္ခာ ၀ယ်ယူ ရန်ပေါက်တောမြို့ နယ်သို့ထွက်ခွာခဲ့ရာ၊ (၆) ဦးမှာ အသတ်ခံ လိုက်ရဟု ယုံကြည်ရပြီး ကျန်တဦး ကိုရဲများမှ ဖမ်းဆီးသွားကြောင်း သတင်း ရရှိပါသည်။ 

ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် အဆိုပါ ရိုဟင်ဂျာ (၇) ဦးတို့သည် မိမိတို့၏ ရွာများမှ ပေါက်တောမြို့ နယ်စစ် ကဲပြင်ရွာသို့ ငါးဖမ်း စက်လှေငယ်ဖြင့် နံနက်စောစောပိုင်းတွင် ထွက်ခွာလာခဲ့သည်။ နံနက် ၈ နာရီခွဲခန့်တွင် ရာတိုက်ရွာကို စင်ကဲပြင်ရွာ ထင်မှတ်ပြီး စက်လှေကို ရပ်၍ ရွာထဲသို့ဝင်ရာတွင် ရခိုင်လူမျိုး များတွေ့သည့် အခါမှ ရခိုင်ရွာသို့ရောက် ရှိနေသည်ဟု သိခဲ့ကြသည်။ သိလျှင် သိချင်း ထိုနေရာမှ စက်လှေ ရှိရာသို့ လှည့်ပြန် ရန်ကြိုးစားသော် လည်း ရခိုင်များ၏ ၀ိုင်းဝန်း၍ ပိတ်ဆို့ လိုက်သောကြောင့် (၇) ဦးမှတစ် ဦးသာလျှင် ရွာအနီး ရှိတောင်ပေါ်သို့ပြေး လွှား၍ ထွက်ပြေးနိုင်ခဲ့သည်။ ထွက်ပြေး လွတ်မြောက်ခဲ့ သူ မှာ မော်နီရ်အဟမတ်ဖြစ်သည်။ 

ကျန်သည့် (၆) ဦးကို ဖမ်းဆီး၍ ဘုန်းကြီးကျောင်းထဲသို့ ခေါ်သွား သည်ဟုသိရသည်။ မော်နီရ်အဟမတ် မှတောင်ပေါ်သို့ပြေး လွှား၍ ပုန်းနေခဲ့သောကြောင့် ထိုတောင်ကို ရခိုင် များမှ မီးရှို့ခဲ့သည်။ သို့သော် လည်းမော်နီရ် အဟမတ်သည် ထိုနေရာမှ လွတ်မြောက်ခဲ့ပြီး ညပိုင်းတွင် စင်ကဲပြင်ရွာသို့ရောက် ရှိခဲ့သည်။ နောက်တနေ့နံနက် တွင် ရခိုင်များဖမ်းဆီးလိုက်သော (၆) ဦးကိုကယ်တင်ရန် အတွက် စစ်တပ် ကိုအ ကြောင်းကြားရာ၊ နေ့လည် ၁ နာရီခန့်တွင် စင်တက်မော် ရဲစခန်းမှ ရဲအရာရှိ တစ်ဦးလာ၍ ၎င်းအား ဖမ်း ဆီးသွားကြောင်း သိရပါသည်။ ဖမ်းဆီးသွားသည့်အချိန်မှစ၍ ယခုအချိန်ထိ သတင်း တစ်စုံ တစ်ရာမရှိ သေးကြောင်းသိရသည်။ 

မော်နီရ်အဟမတ်ကို ဖမ်းဆီးသွားရခြင်းမှာ သက်သေ အဖြစ်ကျန်နေ မည်စိုးသောကြောင့်ြ ဖစ်သည်။ ရခိုင် အစွန်းရောက်များ လက်ထဲတွင် ရှိနေသာ ရိုဟင်ဂျာ (၆) ဦးမှာ အသတ်ခံလိုက်ရပြီးဖြစ် သည်ဟု ယုံ ကြည် ရကြောင်းသိရပါသည်။ 

“မော်နီရ်ကတော့ ကံကောင်းတယ်။ သူ့အသက် ပါမသွားဘူး။ ဒါပေမယ့် သူ့ကို ဖမ်းဆီးဖို့ အကြောင်းလုံးဝ မရှိဘူး။ ဘာကြောင့် ဖမ်းသွားသလဲ ဆိုတော့ အစိုးရ အာဏာပိုင်တွေ ကပြဿနာ တစ်ခုအတွက် သက် သေအဖြစ် တယောက်ကိုမှ ကျန်မနေစေ ချင်ဘူး။ သူတို့မော်နီရ်ကိုပြန်မလွှတ် ဘူးဆိုတာ ကျွန်တော်သိနေ တယ်။ ဒါတွေက ဒီမှာ အမြဲဖြစ်နေတာ။ စစ်တပ်နဲ့ ရဲကရခိုင် အစွန်းရောက်တွေနဲ့ အမြဲပူးပေါင်းပြီးလုပ်နေ တာ။ သူတို့ အကုန်သိ  ပါတယ်။ အခုလူ ၆ ယောက် အသတ်ခံ လိုက်ရ တာလည်း သူတို့သိတယ်။ အဲဒါ ကြောင့် အသက်ရှင်နေတဲ့တစ်ယောက်ကို ဖမ်းဆီးဖို့ အဓိက အကြောင်း ရင်းဖြစ်လာတာ” ဟုအမည် မဖော် လိုသူ တစ်ဦးမှ RB News သို့ပြောပါသည်။ 

အသတ်ခံလိုက်ရပြီဟုယုံကြည်ရသည့် ရိုဟင်ဂျာ (၆) ဦးမှာ - 

(၁) နူရ်အာမီန် (ဘ) ဦးနူရ်အစ္စလာမ် (အသက် ၃၀ နှစ် - နာဂါရာရွာမှ) 
(၂) အဒူကာဒဲရ် (ဘ) ဦးအီမာန်ဟူစီန် (အသက် ၁၈ နှစ် - နာဂါရာရွာမှ) 
(၃) အဒူမာဘုသ် (ဘ) ဦးဒိလ်မိုဟာမတ် (အသက် ၃၀ နှစ် - လက်မချေရွာမှ) 
(၄) ဘေလာလ် (ဘ) ဦးနဗီဟူစီန် (အသက် ၁၈ နှစ် - လက်မချေရွာမှ) 
(၅) ချော်ဘုလ္လာ (ဘ) ဦးမိုဟာမတ်ဟူစီန် (အသက် ၂၈ နှစ် - လက်မချေရွာမှ) 
(၆) ဟာဘီအာလမ် (ဘ) ဦးမာဘုသ် (အသက် ၃၅ နှစ် - လက်မချေရွာမှ)

Comment ရေးရန်

Pages 22123456 »
Rohingya Exodus