နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြားဖြတ်သတင်း - မောင်တောမြောက်ပိုင်း လောင်းဒုန်းကျေးရွာကို နစကနှင့်ရဲများ ၀င်ရောက်စီးနင်း


M.S. Anwar 
RB News 
12.2.2013 

မောင်တော ။ ။ ယနေ့နံနက် ၈ နာရီတွင် နစကနှင့် ရဲများ ပူးပေါင်း၍ မောင်တောမြို့နယ်မြောက်ပိုင်း ရှိ လောင်းဒုန်းကျေးရွာကို ၀င်ရောက် စီးနင်းခဲ့သည်။ ထိုသို့ ၀င်ရောက်စီးနင်း ရသည့်အကြောင်း ရင်းကို ယခု ထိမသိ ရသေးပေ။ သို့သော်လည်း အပြစ်မဲ့ ရိုဟင်ဂျာရွာသား ၈ ဦးကို ဖမ်းဆီးခေါ်ဆောင် သွား သည်ဟု သိရပါသည်။ 

“နစကနဲ့ ရဲအရာရှိတွေ အားလုံး ၈၀ လောက်  လောင်းဒုန်းရွာကို ဒီနေ့မနက် ၈ နာရီလောက်က၀င်စီး တယ်။ သူတို့ ၀င်လာတာနဲ့ ရိုဟင်ဂျာ အမျိုးသားတွေက အကြောင်းမဲ့ ဖမ်းခံရမှာကိုကြောက်ပြီးရှောင်ကြ တယ်။ ဒါပေမယ့်လည်း အပြစ်မဲ့ရိုဟင်ဂျာ ၈ ယောက်ကို ဖမ်းဆီးသွား ပါတယ်။ အဲဒီလို ဖမ်းခံရတဲ့ ၈ ယောက် ထဲက ၅ ယောက်ကတော့ - 

(၁) ဦးဂျမာလ်ဟူစိန်း (ဘ) ဦးအဒူဆလာမ် (အသက် ၆၃ နှစ်) (ယာထဲတွင်အလုပ်လုပ်နေစဉ်ဖမ်းဆီးသွား) 
(၂) ဦးလာလူး (ခ) ဦးလှတင် (ဘ) ဦးအိုစီရာမာန် (အသက် ၆၅ နှစ်) 
(၃) ဦးဇာကီရ်အဟမတ် (ဘ) ဦးရရှစ် (အသက် ၂၈ နှစ်) 
(၄) ဦးရာဟမတ်အလီ (ဘ) ဦးဟိုက်ဒါအလီ (အသက် ၃၂ နှစ်) 
(၅) ဦးမာနီအုလ္လာ (ဘ) ဦးလာလူး (တောမှထင်းခုတ်၍ပြန်လာစဉ်အဖမ်းခံရ) - တို့ဖြစ်ပါတယ်။ 

အခု ဖမ်းသွားတဲ့ သူတွေကိုတော့ တော်တော်လေး ရိုက်နှက်နှိပ်စက်နေတာ သေလုမျှောပါး နီးပါးဖြစ်နေ ပြီ။ ဘာကြောင့် ဒီလိုဖမ်း ရတယ်၊ ဘာကြောင့် ရွာကို ၀င်စီးရ တယ်ဆိုတာတော့ အခုထိ မသိရသေးဘူး” ဟု လောင်းဒုန်းရွာ အနီးမှာ ရိုဟင်ဂျာ ရွာသားတစ်ဦး မှပြောပါသည်။ 

“ရိုဟင်ဂျာတွေ အကြောင်းပြချက် တစုံတရာမရှိဘဲ သားကောင်ဖြစ် လာနိုင်တယ်။ အစုလိုက် အပြုံလိုက် ဖမ်းဆီး တာတွေနဲ့နေ အိမ်တွေကို ၀င်စီးတာကတော့ ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူး” ဟု အဆိုပါ ရွာ သားမှ ဆက်လက်ပြောပါသည်။ 

ယနေ့ နစကနှင့် ရဲများလောင်းဒုန်းရွာကို ၀င်ရောက် စီးနင်းခြင်းနှင့် ပတ်သက်၍ သတင်းအချက် အလက် အပြည့်အစုံ ယခုထိ မရသေးပါ။ အချက်အလက်ပြည့်စုံလျှင် ထပ်မံ၍ တင်ပြပါမည်။

Comment ရေးရန်

Rohingya Exodus