နောက်ဆုံးသတင်း/ဆောင်းပါးများ

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဒေသခံတွေနဲ့ ဆွေးနွေး


RFA မြန်မာပိုင်း
12.2.2013

မနေ့က ရခိုင်ပြည်နယ်ကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ojea Quintana နဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ashok Nigam တို့ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ရခိုင် တိုင်းရင်းသားနဲ့ မူဆလင် ရိုဟင်ဂျာ နှစ်ဖက်စလုံးက ကိုယ်စား လှယ်တွေနဲ့ စစ်တွေ ဟိုတယ်မှာ ၁ နာရီကြာ သီးသန့်ဆွေးနွေး ခဲ့ပါတယ်။

အဲဒီ ဆွေးနွေးပွဲကို ရိုဟင်ဂျာ မူဆလင် ကိုယ်စားလှယ် အဖြစ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက် မှာနေ ထိုင်တဲ့ ဗလီ ဆရာ ဦးဇေဂျာဘိုမောက် အပါ အဝင် အောင်မင်္ဂလာ ၊သက်ကယ်ပြင်၊ ဒါးပိုင်၊ သဲချောင်း စ တဲ့ ကျေး ရွာတွေက ရပ်မိ ရပ်ဖကိုယ်စားလှယ် ၁၀ ဦး၊ ရခိုင်တိုင်း ရင်းသား ကိုယ်စားလှယ် အဖြစ် ဦးသန်း ထွန်း၊ ဦးသာပွင့်တို့ပါဝင်တဲ့ စစ်တွေမြို့က ရပ်မိရပ်ဖကိုယ်စားလှယ် ၁၀ ဦးစီ: တက်ရောက်ခဲ့ ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ စစ်တွေမြို့က မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသာပွင့်က RFA ကို အခုလို ပြောပါတယ်။

"ဘယ်လို သင့်မြတ်ပြီး နေထိုင်ကြမလဲဆိုတာ စဉ်းစားကြပါ၊ ပြီးတော့ ဒီမှာဖြစ်တြဲ့ ပဿနာကို ကုလသမဂ္ဂနဲ့ အခြားနို င်ငံ တို့က လည်း ခင်ဗျားတို့ လူမျိုးတွေကို သင့်မြတ်အောင် လုပ်မပေးနိုင်ဘူးပေါ့။ ခင်ဗျားတို့ အချင်း ချင်းပဲ သင့်မြတ်အောင်နေနိုင်မယ့် နည်းလမ်းကို ရှာကြပါ။ အဓိကအချက်ကဒါပါပဲ"

အဲဒီ လိုသီးသန့်တွေ့ဆုံဆွေးနွေးရာမှာ မစ္စတာကင်တားနားက လူ့အဖွဲ့အစည်း ၂ ခုကြား ရှေ့ဆက်ဘယ်လို ခရီးဆက်မလဲဆိုတာနဲ့ ပတ်သက်ပြီး နှစ်ဘက်အမြင်တွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မစ္စတာ ကင်တားနားနဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ဆက်နွယ်ပြီး စစ်တွေ အကျဉ်းထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့ ရခိုင်ပြည်နယ် ကုလ သမဂ္ဂဝန်ထမ်းဟောင်း ဒေါက်တာ ထွန်းအောင် အပါအဝင် အခြားအကျဉ်းသား ၂ ဦးကို ဒီကနေ့ မနက်ပိုင်းက စစ်တွေ အကျဉ်းထောင်ထဲမှာ ၃ နာရီကြာ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

Comment ရေးရန်

Rohingya Exodus