နောက်ဆုံးသတင်း/ဆောင်းပါးများ

ကရ်ဗာလ္လာ၊ ဟိုဒိုင်ဗီယာ နှင့် ဟီဂျရတ်


MD Khan
RB News
4.5.2013

မြန်မာ နိုင်ငံ အတွင်း နေထိုင် ကြသော မွတ်ဆလင် များ၏ ဘ၀လုံခြုံမှု သည် တဖြည်းဖြည်း နည်ပါး လာနေသည်။ မိမိတို့ ဘိုး၊ ဘေး၊ ဘီ၊ ဘင် များ ကြိုးစား တည်ဆောက် လာခဲ့သော မိသားစု ဘ၀ များသည် တခဏတာ အတွင်း ဖရိုဖရဲ ဖြစ်ခဲ့ ရသည်။ မွတ်ဆလင်ပိုင် တိုက်တာ အဆောက် အအုံများ၊ စီးပွားရေး အဆောက် အအုံများ၊ ဘာသာရေး အဆောက် အအုံများ၊ မီးရှို့ ဖျက်ဆီး ခံနေရသည်။ကလေး အရွယ်မှ သည် အသက်ကြီး အိုမင်း မစွမ်း အရွယ်ထိ၊ အမျိုးသ္မီးများ ပါမကျန် ၊ရက်ရက် စက်စက် အသတ်ခံ နေရ သည်။ ဤအဖြစ် အပျက် အားလုံးအားခြုံငုံ သုံးသတ်ပြီး၊ အစွန်းရောက် ဗုဒ္ဓ ဘာသာဝင် တစ်စု၏ လုပ် ရပ် များ သာဖြစ်ကြောင်း အလွယ် တကူဖြင့် အဖြေထုတ် နေမယ် ဆိုရင် မွတ်ဆလင် တွေအနေ နှင့် အလွန် တ ရာ အမြှော် အမြင် နည်းရာ ကျသွားမှာ ဖြစ်ပါသည်။ နိုင်ငံတော်၏ တရား ဥပဒေ များသည် လည်း မွတ် ဆလင် ထုအတွက် ဘ၀ လုံခြုံမှု မပေးသည့် အပြင် မွတ်ဆလင် ထုအား ခြံလှောင်သတ် နိုင်သော ဥပဒေ များ ဖြစ်ချင်း မလှ ဖြစ်လာ နေပါသည်။  နိုင်ငံ တကာ ဖိအား ဆိုသည် မှာလည်း စီးပွားရေး အကျိုး အမြတ် တွေအတွင်း ဆံ့ငင် ဆံ့ငင် ဖြစ်နေ ရသည်။ 

ဤမတရား ဖိနှိပ်ခံ နေရသော ဘေးဆိုးကြီးအား မွတ်ဆလင်များ အနေဖြင့် ကာကွယ် တားဆီး နိုင် ရန် မိမိ စွမ်းဆောင် နိုင်သော အပိုင်းမှ ပါဝင် ဆောင်ရွက် ကြရန် လိုအပ် နေသော အချိန် ဖြစ်ပါသည်။ မွတ်ဆလင် ထုတစ်ရပ် လုံးခံစားနေ ရသော ဒုက္ခများ တူညီ နေပေမယ့် ပြဿနာအား ချဉ်းကပ် တဲ့နေ ရာမှာ ကွဲပြား နိုင်ပါသည်။ ဤကွဲပြား မှုသည် ပြဿနာ မဟုတ်ပါ။ ကွဲပြားမှုအား အင်အား တစ်ရပ် အဖြစ် မြင်နိုင်လျှင် တန်ဖိုး ရှိပါမည်။ မိမိ အနေဖြင့် သုံးသပ် မိသည်မှာ မြန်မာ နိုင်ငံ အတွင်းရှိ မွတ်ဆလင်များ အနေဖြင့် ရွေး ချယ် စရာ လမ်းသုံး သွယ်သာ ရှိပါသည်။ ကရ်ဗာလ္လာလား၊ ဟိုဒိုင်ဗီယာလား၊ ဟီဂျရတ် လား။ 

ပထ၀ီ အနေ အထား အရသော် လည်းကောင်း၊ အစိုးရနှင့် ရခိုင် မီဒီယာ များ၏ တဖက် စောင်း နင်း ဖေါ်ပြ ချက် အရ သော် လည်းကောင်း ရခိုင် ပြည်နယ် အတွင်း မွတ်ဆလင်များ ရက်စက်စွာ အသတ်ခံ ရခြင်း၊ အိုး အိမ်များ မီးရှို့ ဖျက်ဆီး ခံရခြင်း၊ များအား ပြည်တွင်းနေ မွတ်ဆလင် အများစု မသိရှိ ခဲ့ရပေ။ ရခိုင် ပြည်နယ် မှ မွတ်ဆလင် များ၏ အခြေ အနေ မှန်အား မြန်မာ မွတ်ဆလင် ခေါင်းဆောင် နှစ်ဦး လက်တွေ့ မြင်တွေ့ ခဲ့ရပြီး အမှန် တရားအား ရဲရဲဝံ့ဝံ့ ပြောဆို လာသော အခါ၊ အစိုးရ ကိုယ်တိုင်က ခေါင်းဆောင် နှစ်ဦးအား သိက္ခာ မဲ့စွာ အရေးယူ ဆောင်ရွက် ခဲ့မှုကို မွတ်ဆလင် များမြင်တွေ့ ခဲ့ရ ပါသည်။ ဤပြဿနာ သည် သမိုင်း ပြဿနာ မဟုတ် သလို၊ ခိုးဝင် လာသူများ၏ ပြဿနာ လည်း မဟုတ်ပါ။ မြန်မာ အစိုးရ ကိုယ်တိုင် နှစ်ပေါင်း များစွာ တည်းက မွတ်ဆလင် များနှင့် ပတ်သက်ပြီး ချမှတ် ခဲ့သော အစီ အစဉ် တစ်ခုအား အပြောင်း အလဲ ကာလ အတွင်း ၀ိုင်းဝန်း အကောင် အထည် ဖေါ်နေ ကြခြင်း ဖြစ်ပါသည်။ဦးနု အစိုးရ လက်ထက် (BMA) အား ဖျက်ပြစ် ခိုင်းစေ ခဲ့ခြင်း၊ နေ၀င်း အစိုးရ လက်ထက် မွတ်ဆလင် များအား အစိုးရ အဖွဲ့ အစည်း များမှ တဖြည်းဖြည်း ပထုတ် ပြစ်ခြင်း၊ မွတ်ဆလင် မှန်ရင် သွေးနှော အုပ်စုဝင် ဖြစ်ရခြင်း ၊ စ သည့် အကြောင်း အရာ များကို လေးလေး နက်နက် စဉ်းစား ကြည့်မယ် ဆိုရင် မြန်မာ အစိုးရ၏ စီမံကိန်း ကို နားလည် နိုင်ပါသည်။ မွတ်ဆလင် များအားလုံး နားလည် သင့်သည်မှာ ယ္ခုလို မတရား ဖိနှိပ်ခံ နေရခြင်း ၏ အဓိက အကြောင်း ရင်းသည် မြန်မာ နိုင်ငံ အတွင်းတွင် အစ္စလာမ် ဘာသာဝင် မွတ်ဆလင်ဖြစ်နေ သောကြောင့် ဖြစ်ပါသည်။ အဖြူ ဖြစ်ခြင်း၊ အမဲ ဖြစ်ခြင်း၊ဗမာ စကား ပီသ စွာ ပြော နိုင်ခြင်း၊ မပြော နိုင်ခြင်း စသည့် အကြောင်း ပြချက် များသည် နိုင်ငံရေး လှည့်ကွက် များ သာ ဖြစ် ပါသည်။ မွတ်ဆလင်များ အနေဖြင့် ဤ လှည့်ကွက် များအတွင်း ငြင်းခုံ နေရင်း အချိန် ကုန် မခံ သင့်ပေ။ မိမိနှင့် မိမိ၏ မိသားစု ၀င်များ အတွက် သော် လည်းကောင်း၊ အစ္စလာမ့် ဂုဏ်သိက္ခာ အတွက် သော် လည်းကောင်း တစ်ခုခု တော့ လုပ်သင့် ပေသည်။ 

ကရ်ဗာလ္လာ 

ကရ်ဗာလ္လာကို တစ်ခါဖြတ်တိုင်း အစ္စလာမ် ဟာတစ်ခါ ရှင်သန် လာရတယ် ဆိုတဲ့ အစ္စ လာမ့် ကြွေးကြော် သံ ဟာ သမိုင်း သက်သေ အဖြစ် ဒီနေ့ အချိန်ထိ မှန်ကန် နေဆဲ ဖြစ်ပါသည်။ (ခေလာ ဖတ်) အပေါ် သစ္စာ မဖေါက်ဘဲ ကရ်ဗလ္လာ ရင်ပြင်မှာ နောက်ဆုံး အချိန်ထိ တိုက်ရင်း အသေခံ သွားခဲ့တဲ့ (အီမန် ဟူဆိန်) နှင့် (အာလီ အက္က ဘာရ်) တို့လို သူရဲကောင်း မျိုးတွေလဲ မြန်မာ မွတ်ဆ လင် တွေ အထဲမှာ ရှိနေ သင့်ပါသည်။ 

ဟိုဒိုင်ဘီယာ 

ဗုဒ္ဓရဲ့ တရားစစ်၊ တရားမှန် တွေကို မျက်မှောက် ပြုပြီး ငြိမ်းချမ်း ရေးကို ဆောင်ရွက် နေကြ သောဘုန်းတော် ကြီးများ၊ဘာသာ ပေါင်းစုံမှ ပုဂ္ဂိုလ်မွန်များ၊ လူငယ်များနှင့် ငြိမ်းချမ်း ရေးကွန်ယက်များ ဖွဲ့ပြီး ငြိမ်းချမ်း ရေးအ တွက် စွမ်းစား ဆောက်ရွက် သော လူပုဂ္ဂိုလ် များလည်း မြန်မာမွတ်ဆလင် များ အတွင်း ရှိနေ သင့်ပါ သည်။ 

ဟီဂျရတ် 

အခြေ အနေ အရပ်ရပ် ကြောင့် တနေရာမှ တခြား တနေရာ သို့သော် လည်းကောင်း၊ မြန်မာ နိုင်ငံမှ တခြား တနိုင်ငံသို့ သော် လည်းကောင်း ပြောင်းရွှေ့ သွားသူ များအားလည်း အပြစ် မဆို သာပေ။ ၎င်းပုဂ္ဂိုလ် များ အနေ ဖြင့်လည်း မိမိ ခံစားချက် များအား လောင်စာ လုပ်ပြီး မိမိ၏ အနာဂါတ် မျိုးဆက် အား အစ္စလာမ် ဂုဏ် သိက္ခာ အား သစ်လွင် စေသော မျိုးဆက် သစ်များ ဖြစ်လာ အောင် ပြုစု ပျိုးထောင် သင့်ပါသည်။ 

ဤပြဿနာ ကြီးအား ဖြေရှင်းရန် မွတ်ဆလင် ထုအတွင်း တွင် မြောက်များ စွာသော အမြင်များ ရှိနေ နိုင် ပါသည်။ အမြင် ကွဲပြား ခြင်းသည် ပြဿနာ အသွင် မဆောင်ရန် အထူး သတိပြု သင့်ပေသည်။ မွတ်ဆ လင် များအနေဖြင့် ယ္ခင် ကကဲ့သို့ နမော် နမဲ့ မနေဘဲ မိမိ နိုင်ရာ တာဝန်ကို ထမ်းဆောင် သင့်ပေသည်။ တ ဖက် ရန်သူ၏ ရည်ရွယ် ချက်နှင့် အင်အား သည် အလွန် ကြီးမား ကျယ်ပြန့် သောကြောင့် မွတ်ဆလင် များ အနေဖြင့် စည်းစည်း လုံးလုံး စုပေါင်း တွန်းလှန် နိုင်မှသာ ဤအန္တရာယ် ကြီးမှ လွတ်မြောက် နိုင် မည် ဖြစ်ပါသည်။ သို့မဟုတ် ပါက မြန်မာ နိုင်ငံ အတွင်း ဇတ်နိမ့် လူတန်းစား တစ်ရပ် အဖြစ် နေထိုင် ရန် သာ ရှိပေ တော့သည်။

(ဆောင်းပါးရှင်၏ အာဘော် ဖြစ်သည်)

Comment ရေးရန်

Rohingya Exodus