နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေမြို့မှ အငှားယာဉ် မောင်းနှစ်ဦးကို ကားများနှင့် အတူ ဖမ်းဆီးသွား


RB News 
5.5.2013 

စစ်တွေ ။ ။ ရခိုင် ပြည်နယ်၊ စစ်တွေမြို့မှ အငှားယာဉ် မောင်းနှင်သူ နှစ်ဦးနှင့် အသက် (၁၃) နှစ် အရွယ် ယာဉ်နောက်လိုက် ကလေး တစ်ဦးတို့ မော်တော်ယာဉ် များနှင့် အတူ ယနေ့ နေ့လည် (၁၂) နာရီ တွင် ဖမ်းဆီး သွားကြောင်း သိရှိ ရပါသည်။ 

စစ်တွေမြို့၊သက္ကေပြင် ကျေးရွာ ဒုက္ခသည် စခန်းတွင် နေထိုင်သောမောင်ထွန်းစိန်မောင်ချမ်းသာအောင် နှင့် အ သက် (၁၃) နှစ် အရွယ် ယာဉ်နောက်လိုက် ကလေး တို့ကို ယနေ့ နေ့လည် (၁၂) နာရီ တွင် ခရိုင် ရဲမှူး ကြီးနှင့် အဖွဲ့ မှ လာရောက်၍ ဖမ်းဆီး ခေါ်ဆောင် သွားသည်။ ဖမ်းဆီး ခံရသော မောင် ထွန်း စိန်နှင့် မောင် ချမ်းသာအောင် တို့သည် ယခင်က စစ်တွေမြို့ မြို့ပေါ် မိဇံ ရပ်ကွက် တွင်နေထိုင် ခဲ့ကြပြီး၊ ယခင် ကတည်း က ကိုယ်ပိုင်ဂျစ်ကား များဖြင့်အငှားလိုက် ခြင်းဖြင့် အသက် မွေး ၀မ်း  ကျောင်း ပြု လုပ် ခဲ့သူ များ ဖြစ် သည်။ ၂၀၁၂ ခုနှစ် ဇွန်လ တွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက်မှု များပြီးနောက် မိမိ တို့ ၏ နေရပ် ကို စွန့်ခွာ ခဲ့ ရပြီး၊ ၎င်း တို့ ၏ ပိုင် ဆိုင်မှု များအားလုံးမှ ပါလာသော ဂျစ်ကား များဖြင့် စစ်တွေမြို့ တွင် ရိုဟင်ဂျာ လူမျိုးများ နေ ထိုင်သော နေရာတွင် တပိုင် တနိုင် လုပ်ကိုင် စားသောက် နေ ကြ ခြင်းဖြစ်သည်။ 

မောင်ထွန်းစိန် (ဘ) ဦးမောင်နီ (အသက် ၃၈ နှစ်)၊ မောင်ချမ်းသာအောင် (ဘ) ဦးမာဘူး (အသက် ၃၂ နှစ်) ၊ အသက် (၁၃) နှစ် အရွယ် ယာဉ်နောက်လိုက် ကလေးတို့နှင့် အတူ မောင် ထွန်းစိန်နှင့် မောင် ချမ်းသာအောင် တို့ပိုင်ဆိုင်သော ဂျစ်ကားများ ဖြစ်သည် ကားနံပါတ် (၈ခ/၆၈၄၆) နှင့် ကားနံပါတ် (၇ခ/ ၁၈၁၀) တို့ ကိုလည်း သိမ်းဆည်း သွားကြောင်း သိရသည်။ ဖမ်းဆီး ရသည့် အကြောင်းရင်း ကိုလည်း ယ ခု အ ချိန် ထိ မသိရှိ ရသေးဘဲ၊ နှစ်ဦး စလုံးမှာ ယာဉ် အငှားလိုက် ခြင်းမှ လွှဲ၍ အခြား မည်သည့် ကိစ္စတွင်မှ ပါဝင်သူ များမဟုတ် ကြောင်းသိရ သည်။

Comment ရေးရန်

Rohingya Exodus