ပဋိပက္ခကြောင့် သံဃာတော် နှစ်ပါးကို ဖမ်းဆီးထား
ဗုဒ္ဓ ဘာသာကို မတိုက်ခိုက်ဖို့ ဆန္ဒပြ တောင်းဆို နေတဲ့ သံဃာ တော်တွေ (Credit: Reuters) |
6.5.2013
မြန်မာ နိုင်ငံ မြောက်ဖက်ပိုင်း ကချင် ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဘာသာရေး ပဋိပက္ခ တွေကြောင့် ဗုဒ္ဓ ဘာသာ သံဃာတော် နှစ်ပါးကို ရဲတွေက ဖမ်းဆီး လိုက်ပါတယ်။
အဖမ်းခံ ရသူ တွေကို စစ်ဆေး မေးမြန်း နေတုန်း ဖြစ်ပြီး သက်သေ အထောက် အထား ခိုင်လုံရင်တော့ အရေး ယူ သွားမှာ ဖြစ်တယ်လို့ ကချင် ပြည်နယ်က အမည် မဖော် လိုတဲ့ ရဲအရာရှိ တဦးက ပြောပါတယ်။
ကချင် ပြည်နယ်က မွတ်စလင် အမျိုးသမီး တဦး ဖြစ်တဲ့ အသက် ၄၆ နှစ် အရွယ် မိုးမိုးလွင်ရဲ့ ပြောပြ ချက် အရ ညနေပိုင်း အချိန် လောက်မှာ လူသုံးဆယ် လောက် ရွာထဲကို ရောက်လာပြီး သူတို့ရဲ့ ဈေးဆိုင်နဲ့ နေ အိမ်တွေကို ခဲနဲ့ပစ် ပေါက်ခဲ့ ပါတယ်။
သူတို့ အနေနဲ့ အဖျက်ခံ ရတဲ့ ဈေးဆိုင်နဲ့ နေအိမ် တွေကို ရပ်ကြည့် ယုံက လွဲပြီး ဘာမှ ပြန်လည် မ တုံ့ ပြန်နိုင် ခဲ့ကြောင်း၊ အခု လောလော ဆယ်ဆယ်မှာ ရှောင်တိမ်း နေရ ကြောင်းနဲ့ ရှေ့ဆက် ဘယ်လို ဆက်နေ သွားရ မလဲ ဆိုတာ မသိ ရသေး ကြောင်း၊ အခု ဖြစ်ခဲ့ ကိစ္စဟာ အပြင်လူ တွေက နေလာပြီး ဖျက်ဆီး ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ ဒေသနဲ့ နီးတဲ့ ဗုဒ္ဓ ဘာသာ ၀င်ရွာ ကလူ တွေက လည်း နေ ရာ သုံးနေရာ မှာရှိတဲ့ မွတ်စလင် ဈေးဆိုင်နဲ့ နေအိမ်တွေ ဖျက်ဆီးခံ ခဲ့ရတယ်လို့ အတည်ပြု ပြောဆို ခဲ့ ပါတယ်။
အခု ဖြစ်ခဲ့တဲ့ ပဋိပက္ခဟာ ကချင် တိုင်းရင်းသား ခရစ်ယာန် ဘာသာဝင် အများစု နေထိုင်တဲ့ နေရာမှာ ပထမ ဦးဆုံး အကြိမ် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာ နိုင်ငံမှာ မတ်လ ကစပြီး ဘာသာရေး ပဋိပက္ခ တွေ ဖြစ်ပွား ခဲ့ပြီး မိထ္ထီလာ မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခမှာ လူ ၄၃ ဦး သေဆုံး ခဲ့ပါတယ်။ မကြာ သေးခင်က ဥက္ကံ မြို့မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခ မှာတော့ လူ တစ် ဦး သေ ဆုံး ခဲ့ပြီး ဆယ်ဦး ဒဏ်ရာ ရခဲ့ပါတယ်။ ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခ တွေမှာ ဗုဒ္ဓ ဘာသာ သံဃာတော် တ ချို့ ပါဝင် နေတယ်လို့ လေ့လာ သူတွေက ယူဆ နေကြ ပါတယ်။