နောက်ဆုံးသတင်း/ဆောင်းပါးများ

မြောက်ဦးမှ လယ်သမားများ၏ လယ်မြေများကို သိမ်း၍ ရဲနှင့်စစ်တပ်မှ အသုံးပြုနေ



RB News 
22.5.2013 

မြောက်ဦး ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ်တွင် ရိုဟင်ဂျာ လူမျိုးများ နေထိုင်သည့် ပရိမ်းရွာမှ လယ်မြေ များကို သိမ်းယူ၍ ယနေ့မှ စ၍ ရဲနှင့် စစ်တပ်မှ လယ်လုပ်ငန်း လုပ်ကိုင်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ပရိမ်းရွာကို လွန်ခဲ့သည့်နှစ် အောက်တိုဘာလ တွင် အကြမ်းဖက် သမားများ မီးရှို့ခဲ့ပြီး၊ ယခု အခါ ရိုဟင်ဂျာ လူမျိုးများ ပိုင်ဆိုင်သော လယ်မြေများ အားလုံးကို အာဏာပိုင် များမှ လုပ်ကိုင်ခွင့် ပိတ်ပင်၍ ယနေ့မှ စပြီး ရဲနှင့် စစ်တပ်တို့မှ ထိုလယ်မြေ များတွင် ထွန်ယက် လျက်ရှိကြောင်း ဒေသခံ များမှ တဆင့် သိရှိ ရပါသည်။ 

“ကျွန်တော်တို့ ရွာကို မီးရှို့ခံ ရပြီးတော့ ကျွန်တော်တို့ ကိုယ်ထူ ကိုယ်ထ တဲလေးတွေ ထိုးပြီးနေတယ်။ ဘာ အကူအညီ မှမရဘူး။ အခု ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ လယ်မြေ တွေကို မတရား သိမ်းခံလိုက် ရပြီ။ ကျွန်တော် တို့ကို လယ်စိုက်ခွင့် မရှိဘူး ဆိုပြီး အာဏာပိုင် တွေက အမိန့်ထုတ်တယ်။ အခု အဲဒီလယ် တွေပေါ်မှာ ရဲနဲ့ စစ်တပ်က လယ်ထွန် နေပါတယ်။” ဟု လယ်မြေ ဆုံးရှုံး သွားသော လယ်သမား တစ်ဦးမှ RB News သို့ ပြောပါသည်။ 

ယခု ကဲ့သို့ လယ်မြေ စိုက်ပျိုးခွင့် ပိတ်ပင် ခံရပြီး၊ လယ်မြေ များကို မတရား သိမ်းပိုက် ခံရခြင်းကြောင့် ရွာရှိ လယ်သမား များအားလုံး အလုပ် လက်မဲ့ ဖြစ်နေကြ ကြောင်း သိရသည်။ 

“ကျွန်တော်တို့ မှာအလုပ် မရှိတော့ဘူး။ အလုပ် လက်မဲ့ ဖြစ်သွားတော့ အခု စားဝတ် နေရေး အတွက် တော်တော်လေး ဒုက္ခ ရောက်တော့မယ်။ ကျွန်တော်တို့ကို အစကတည်းက ဘယ် အဖွဲ့အစည်း ကမှ ကူညီ ခဲ့တာ မရှိဘူး။ ကျွန်တော် တို့မှာ ဆေးဝါး ကုသခွင့်၊ ရောင်းဝယ် ဖောက်ကားခွင့်၊ သွားလာခွင့် ဘာမှ မရှိဘူး။ ဒီလယ်တွေနဲ့ အဆင်ပြေ သလို နေနေတာ။ အခုတော့ ကျွန်တော် တို့ရဲ့ အခြေ အနေက ငတ်သေဖို့ဘဲ ရှိတော့ တယ်” ဟု ၎င်းက ဆက်လက် ပြောပါသည်။

Comment ရေးရန်

Rohingya Exodus