နောက်ဆုံးသတင်း/ဆောင်းပါးများ

နစကမှ ခြိမ်းခြောက်၍ ဘင်္ဂလီများဟု အော်ခိုင်းပြီး ဗီဒီယို ရိုက်ယူ


RB News 
2.5.2013 

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ စစ်တွေမြို့တွင် ဧပြီလ (၂၆) ရက်နေ့တွင် ဒေသခံ ရိုဟင်ဂျာ များအား လ၀ကများ၊ နစက များနှင့် ဌာန ဆိုင်ရာ များမှ အတင်း အဓမ္မ ဘင်္ဂလီ ဇတ်သွင်းရန် ကြိုးစား ခဲ့ရာ ဒေသခံ များ မှ ရိုဟင်ဂျာ ဟုဟစ်ကြွေး၍ အာဏာပိုင် များအား မိမိတို့သည် ရိုဟင်ဂျာ များဖြစ်ကြောင်း ဘင်္ဂလီဟု မ ခံ ယူ နိုင်ကြောင်း တုန့်ပြန် ခဲ့သည်။ ထိုကဲ့သို့ ရိုဟင်ဂျာဟု ပြောဆို ခဲ့မှုကို တုန့်ပြန် သောအားဖြင့် ဧပြီလ (၃၀) ရက်နေ့တွင် မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံ ကျော် တိုက်နယ်၌ နစက နယ်မြေ (၇) နယ်မြေမှူးမှ ဒေသခံ ရိုဟင်ဂျာ ၁၀၀ ကျော်ကို ခေါ်ယူ တွေ့ဆုံခဲ့သည်။ 

နစကမှူးမှ တွေ့ဆုံပွဲသို့ ရောက်ရှိ လာသော ရိုဟင်ဂျာ ၁၀၀ ကျော်ကို ၎င်း၏ ရှေ့တွင် “ကျွန်ုပ် တို့သည် ဘင်္ဂလီများ ဖြစ်သည်” ဟု ဟစ်ကြွေး ခိုင်းသည်။ တက်ရောက် လာသူများမှ ၎င်းပြောသည့် အတိုင်း မအော် သည့်အခါ ဖမ်းဆီး၍ ထောင် ၁၀ နှစ် ချမည် ဟု ခြိမ်းခြောက် ခဲ့သည်။ ထို့ကြောင့် ဒေသခံ ရိုဟင်ဂျာ များ မှ ထောင် (၁၀) ကျမည်ကို စိုးရိမ် ကြောင့်ကြ၍ နစကမှူး အော်ခိုင်းသည့် အတိုင်း အော်ခဲ့ရကြောင်း သိရသည်။ 

“ကျွန်တော် တို့ကို တွေ့ချင်တယ် လို့ခေါ်တော့ သွားတွေ့တယ်။ အားလုံး အယောက် ၁၀၀ ကျော်တယ်။ ဟိုရောက်တော့ ကျွန်တော်တို့က ဘင်္ဂလီပါ ဆိုပြီး အော်ခိုင်းတယ်။ ကျွန်တော်တို့က ဘင်္ဂလီ မဟုတ်ဘဲ ဘင်္ဂလီလို့ မအော်နိုင်ဘူး လို့ပြောတော့ မအော်တဲ့ သူတွေကို ထောင် ၁၀ နှစ် ချမယ်လို့ ခြိမ်းခြောက်တယ်။ အဲဒါနဲ့ ထောင် ၁၀ နှစ် အကျမခံ နိုင်တော့ ဗိုလ်မှူး အော်ခိုင်းတဲ့ အတိုင်း အော်လိုက်တယ်။ ကျွန်တော် တို့ အော်တဲ့ အချိန် ကင်မရာ သမားက အဆင်သင့် စောင့်နေ ပြီးတော့ ဗီဒီယို ရိုက်တယ်” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြောသည်။ 

ထို့အပြင် နစကမှူးမှ ဒေသခံ မွတ်စလင် များကို မတရားမ၀င် ခိုးဝင်လာသူ များဖြစ် သောကြောင့် ၎င်း၏ အမိန့်ကို ဥပဒေ ကဲ့သို့ လိုက်နာ ရမည် ဖြစ်ကြောင်း၊ မလိုက်နာ ပါက ထောင်ထဲသို့ ပို့ပစ်မည် ဟု ပြော ခဲ့ ကြောင်း သိရသည်။ 

ထို့နောက် တက်ရောက် လာသူ များအားလုံး ထံမှ ကွန်ပျူတာဖြင့် လက်ဗွေယူ၍ မှတ်တမ်း တင်ခဲ့သည်။ မှတ်တမ်း တင်ခြင်း မခံလိုသူ များကို အခြား နိုင်ငံ များသို့ ထွက်သွား နိုင်ကြောင်း နစကမှူး မှ အော်ငေါက် ၍ ပြောကြား ခဲ့ကြောင်း သိရသည်။ 

အလားတူပင် နစက နယ်မြေ (၈) မှ နယ်မြေမှူး ဗိုလ်မှူး ၀ဏ္ဏဇော် သည် မောင်တော မြို့နယ် တောင် ပိုင်း မြင့်လွှတ် ကျေးရွာ ဒေသခံ များကို မေလ (၁) ရက်နေ့ တွင်ခေါ်ယူ၍ ဧပြီလ (၃၀) ရက်နေ့ တွင် အလယ်သံကျော်၌ နယ်မြေ (၇) နယ်မြေမှူး ပြုလုပ် ခဲ့သည့် အတိုင်း ပြုလုပ် ခဲ့ကြောင်း သိရသည်။ 

“စစ်တွေမှာ ရိုဟင်ဂျာ၊ ရိုဟင်ဂျာ လို့အော်ခဲ့တာ ကိုတုန့်ပြန် တဲ့အနေနဲ့ လုပ်နေ တာပါ။ စစ်တွေမှာ နိုင်ငံခြား NGO တွေ အများကြီး ရှိတော့ သတင်း အမှောင်ချလို့ မရဘူး။ ကျွန်တော်တို့ မောင်တော ဘက်ကို ဘယ်သတင်း သမားမှ လာလို့ မရဘူး။ ကျွန်တော်တို့က တကယ့် ထောင်ထဲ ရောက်နေ သလိုဘဲ။ နစက က အနိုင်ကျင့် ချင်သလို ကျင့်နေတာ နှစ်ပေါင်း ၂၀ ကျော်ပြီ။ အစီရင် ခံစာမှာ လည်း အလိမ်တွေ ချည်းဘဲ။ အဲဒီ အလိမ်တွေ အတွက် ကျွန်တော် တို့ကို ဘင်္ဂလီ တွေပါလို့ အော်ခိုင်းပြီး ဗီဒီယို ရိုက်ယူတာ။ ကျွန်တော် တို့ကို မတရား အနိုင်ကျင့်ပြီး ဘင်္ဂလီ လို့လုပ် ခိုင်းနေ ပေမယ့် ကျွန်တော်တို့ ရင်ထဲက ရိုဟင်ဂျာ ဆိုတာကို ဘယ်တော့မှ ဖျောက်လို့ ရမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ရိုဟင်ဂျာ တွေက ဘယ်တော့မှ ဘင်္ဂလီ ဖြစ်လာ မှာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ ရိုဟင်ဂျာက ဘင်္ဂလီ မဟုတ်လို့ဘဲ။” ဟု မောင်တော ဒေသခံ ရိုဟင်ဂျာ တစ်ဦးမှ RB News သို့ပြောသည်။

Comment ရေးရန်

Rohingya Exodus