နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မြို့မှ ရိုဟင်ဂျာ ၅ ဦးကို အကြောင်းမဲ့ ဖမ်းဆီး


RB News 
2.5.2013 

ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် သေကံခွဆုံ ကျေးရွာ အုပ်စု၊ မူစတိုဘီစ် ရွာမှ၊ ရိုဟင်ဂျာ လူမျိုး (၅) ဦးကို နစက တပ်ဖွဲ့ဝင် များမှ ဧပြီလ (၃၀) ရက်နေ့ ညသန်းခေါင်ယံ တွင် အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်း ရရှိပါသည်။ 

ဧပြီလ ၃၀ ရက် ည သန်းခေါင်ယံတွင် ဖိုးညိုလိပ် အခြေစိုက် နစက စခန်းမှ နစက တပ်ဖွဲ့ဝင် ၁၀ ဦးသည် ဘူးသီးတောင် မြို့နယ် သေကံခွဆုံ ကျေးရွာ အုပ်စု၊ မူစတိုဘီစ် ရွာသို့ ၀င်ရောက်၍ နေအိမ် အများ အပြား ကို စီးနင်း ခဲ့သည်။ ထို့နောက် အောက် ဖော်ပြပါ ရိုဟင်ဂျာ ၅ ဦးကို အကြောင်းမဲ့ ဖမ်းဆီး သွားခဲ့သည်။ 

(၁) ဦးဆူလေမန် (ဘ) ဦးမူစတိုဘီစ် (အသက် ၆၅ နှစ်) 
(၂) ဦးအလီ (ဘ) ဦးအဘူလ်ဟူစိန်း (အသက် ၅၈ နှစ်) 
(၃) ရာဘီအုလ္လာ (ဘ) ဦးကလီမုလ္လာ (အသက် ၂၀ နှစ်) 
(၄) ဆလီမုလ္လာ (ဘ) ဦးဆာဘီရ် အဟမတ် (အသက် ၁၇ နှစ်) 
(၅) တူဖိုင်လ် (ဘ) ဦးအိုလီအဟမတ် (အသက် ၂၆ နှစ်) 

ဖမ်းဆီး ပြီးနောက် ရွာထဲတွင်ပင် လူမဆန်စွာ ရိုက်နှက်ပြီး ပြန်လည် လွှတ်ပေးရန် ငွေကြေး တောင်းခံ ခဲ့သည်။ သို့သော်လည်း ဖမ်းဆီး ခံရသူ များမှာ ငွေကြေး မတတ်နိုင် သောကြောင့် နောက်ဆုံးတွင် ဖိုးညို လိပ်ရှိ နစက စခန်းသို့ ခေါ် ဆောင် သွားကြောင်း သိရှိ ရသည်။ ထို့အပြင် ဗလီ ရှေ့ဆောင် ဆရာ ဖြစ်သူ ဦးအဗ်ဒုလ္လာ အားလည်း ရွာထဲတွင် ရိုက်နှက် ခဲ့သည်။ 

“ရွာထဲက လူတွေ အားလုံး ကိုလည်း ခြိမ်းခြောက် သွားတယ်။ ဖမ်းဖို့ လူတွေ ကျန်သေးတယ်။ ထပ်ဖမ်း ဦး မယ်လို့ ပြောသွား တယ်။ အဲဒါကြောင့် ရွာသား တွေကြောက် နေကြတယ်။ ညဘက် အိမ်မှာ မအိပ်ရဲ ဘဲ ရှောင်နေ ရ တယ်။ ဖမ်းသွားတဲ့ လူတွေကို တိရိစ္ဆာန် လောက်တောင် တန်ဖိုး မထားဘဲ ရိုက်နှက် နှိပ် စက်တယ်။ ပြီးတော့ ပိုက်ဆံတောင်း တယ်။ အခု ဖမ်းခံရတဲ့ သူတွေက ငွေကြေး မတတ်နိုင်တော့ သူတို့ကို ပုဒ်မ တစ်ခုခုနဲ့ အမှုလုပ်ပြီး ထောင်ချမယ်။ အဓိက ကတော့ လူတွေကို ဖမ်းပြီး ဓါးပြတိုက် သလို တိုက် တာပါ။” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြောသည်။

Comment ရေးရန်

Rohingya Exodus