နောက်ဆုံးသတင်း/ဆောင်းပါးများ

စဉ်းစားဆင်ခြင်ပြီးမှ ပြောပါ မင်းကိုနိုင်

နီလာမြင့် (ဒိန်းမတ်)
RB News
27.5.2013

မင်းကိုနိုင် - မင်းနယူးယောက်မှာ ပြောခဲ့တဲ့ စကား အတွက် အရမ်း အံ့သြ မိတယ် မင်းကိုနိုင်။ ပြောရမယ် ဆိုယင် ငါလည်းဘဲ ၈၈ ကျောင်းသူဘဲ။ ငါတို့ မင်းကို ငါ တို့ရဲ့ ဥက္ကဌ အဖြစ် ပုခုံး ကောင်းကောင်းနဲ့ ထမ်းခဲ့တာ၊ မင်းစ ကား ပြော မဲ့ နေ ရာ တိုင်း အရောက်သွား အားပေး ခဲ့တာ၊ ကျောင်းသားသမဂ္ဂ ဖွဲ့တော့လည်း မင်းကို ဥက္ကဌ အဖြစ် တခဲနက် ထောက်ခံ ခဲ့တာ၊ မင်း ထောင်ထဲ ရောက်တော့ မင်းအတွက် ပူဆွေး သော က ရောက်ခဲ့ ရတာ၊ မင်း ထောင်က လွတ်တော့ အတိုင်းမသိ ဝမ်းမြေက် ခဲ့တာ အရမ်း နှမြော မိတယ်။ ဖွတ် ထွက်မှ တောင်ပို့ မှန်းသိတယ် ဒီမိုကရေစီ ဟီးရိုး ကြီးရယ်။ လက်စ သတ်တော့ မင်းလဲဘဲ မဟာ လူမျိုး ကြီးဝါဒီ ဒီပုတ် ထဲက ဒီပဲ ဘဲကိုး။ မင်းတို့ရဲ့ စိတ်ဓါတ် တွေနဲ့တော မြန်မာ နိုင်ငံ ကြီးရဲ့ အနာဂါတ် အတွက် ရင်လေး မိတယ်။

မင်းကများ လူ့အခွင့် အရေး လုံးဝမရှိတဲ့ မြန်ုမာနိင်ငံ နဲ့လူ့ အခွင့် အရေးအပြည့် အဝရှိတဲ့ အမေရိ ကန် နိုင်ငံ ကို နှိုင်းယှဉ် နေသေးတယ်။ တန်လို့လား။ အမေရိကန်နိုင်ငံမှာ သမ္မတအိုဘားမား နဲ့သာမန်ပြည်သူ တယောက် လူ့အခွင့် အရေး အတူတူ ဘဲ ဆိုဒါ မင်း သိလား။ (မြန်မာ နိုင်ငံ မှာကော?)။ သူ တို့ နိုင်ငံမှာ တ ရားဝင် လာရောက် နေထိုင်ပြီး ငါးနှစ် နေယင် နိုင်ငံသား ရတာ မင်း သိလား။ သမ္မတ အို ဘားမား ရဲ့ အဖေက ဘယ်နိုင်ငံ သားလဲ ဆိုတာ မင်း သိလား။ အေး အိုဘားမား ရဲ့ အဖေက ကင် ညာ နိုင်ငံ သားမို့လို့ အိုဘားမား ကင်ညာ နိုင်ငံ ကို သူခိုး ဓါးရိုး ကမ်းနေ သလား။ အမေရိကန် တွေက သမ္မတ အိုဘားမား အဖေ ဘယ် နိုင်ငံ ကလဲ၊ အိုဘားမား ဘယ် ဘာသာ ကိုးကွယ် သလဲ၊ အိုဘားမား အဖေ ဘယ် ဘာသာ ကိုးကွယ် သလဲ ဆိုတာ မကြည့်ဘူး။ သူဟာ အမေရကန် နိုင်ငံ သား တယောက် ဆိုတာ ဘဲ သိတယ်။ အမေရိကနု ကို ဘယ်လောက် ချစ်သလဲ ဘယ်လောက် သစ္စာ ရှိသလဲ ဆိုတာ ဘဲ ကြည့်တယ်။ မင်းတို့ နဲ တော့ ကွာပါ့။ မြန်မာ နိုင်ငံမှာ နှစ်ပေါင်း ထောင်ချီ နေလာ တာတောင် မှ ကိုးကွယ်ရာ ဘာသာ မတူ တာနဲ့ သွေးနှောတဲ့၊ ပြုနိုင်ငံသား တဲ့၊ ခိုးဝင် လာတာတဲ့ (မြန်မာနိုင်ငံ က ရွှေထွက် နေတယ်လေ၊ လူ့ အခွင့်အရေး အပြည့် အဝ ရှိတယ်လေ)။

နောက်ပြောသွားတာ ရှိသေးတယ်။ သူတို့ ဘာသာ သူတို့ ပြောနေတဲ့ တိုင်းရင်းသား ၁၃၅ မျိုး ထဲမှာ မပါတဲ့ ဘာသာ စကား တမျိုးထဲ ဘဲ တတ်တဲ့ လူတွေတဲ့။ တိုင်းရင်းသား ၁၃၅ မျိုး ဆိုဒါ အာဏာရှင်တွေ တဖက် သတ် သတ်မှတ် ထားတာလေ။ ဟို ယခင် မြန်မာ နိုင်ငံမှာ တိုင်းရင်းသား ၁၃၅ မျိုး က လို့ လား။ ပြန်လေ့ လာ လိုက်အုံး။ စစ်အစိုးရ တက်လာမှ ဖြုတ်၊ ထုတ်၊ နှုတ်၊ သွင်း လိုက်တာ မဟုတ် ဘူးလား။ တိုင်းရင်း သား တွေ ထဲ မှာလည်း သူတို့ ဘာသာ စကား တမျိုး ဘဲတတ်တဲ့၊ ဗမာစကား မတတ်တဲ့ တိုင်းရင်း သား တွေ အများကြီးဘဲ။ ဗမာ စကား မတတ်တာ အပြစ်လား။ နိုင်ငံသား မဟုတ် တော့ ဘူးလား ၊ နိုင် ငံတော် ကို သစ္စာ ဖေါက်နေ ဒါလား၊ ဒီမိုကရေစီ ဟီးရိုးကြီးရယ်။

ဟော ဖြစ်ပြန်ပြီ မိတ္ထီလာက မူဆလင် တယောက် ဗမာ စကား တတ်တော့လဲ နိုင်ငံသား မဟုတ် ပြန်ဘူတဲ့ သူ့ကို မေးခွန်း မေးတဲ့ လူကို၊ မူဆလင် ဆိုတာနဲ့ အိန္ဒိယတွေ၊ ပါကစ္စတန်တွေ၊ ဘင်္ဂလားဒေ့ရှ်တွေ စုံသွား တာဘဲ။ အဲဒီ လူကို မြင်တာနဲ့ သူ့မိဘ ဘိုးဘွား ဘယ် နိုင်ငံ ကလဲ ဆိုတာ တန်းသိတယ်။ ကြည့်ရတာ အကြား အမြင် ရနေတယ် ထင်တယ်။ မင်းကို မေးချင်တယ် မင်းကိုနိုင်။ အဲဒီလူ တိုင်းပြည် အပေါ် ဘာတွေ သစ္စာ မဲ့နေ သလဲ။ ဘာတွေ တာဝန် မယူ သလဲ။ ဘယ်လို သစ္စာ ဖေါက်နေ သလဲ။ မင်းတို့က မူဆလင် ဆိုတာနဲ့ ဘဲ သံသယ မျက်လုံးတွေ နဲ့ ကြည့်သင့် သလား။ အပြစ် ရှိတဲ့ လူကို အပြစ်ပေး၊ ထောက်ခံတယ်၊ အားပေးတယ်။

မြန်မာ မူဆလင် တွေဟာ တိုင်းပြည် လွတ်လပ်ရေး အတွက်၊ တိုင်းပြည် တည်ဆောက်ရေး အတွက်၊ တိုင်းပြည် ကာကွယ်ရေး အတွက် ကျရာ အခန်း ကဏ္ဍ ကနေပြီး ကျေကျေ ပြွန်ပြွန် သက်စွန့် ဆံဖျား ထမ်းဆောင် ခဲ့တာ မင်းတို့ အားလုံး အသိ။ အခုမှ ရူးချင်ယောင် ဆောင်နေတာ။ အေး အခု သူတို့တွေ တာဝန် ယူခွင့် မရတော့တာ သူတို့ကို ဝန်ထမ်း အဖြစ် လက်မခံ တော့တာ၊ စစ်သား အဖြစ် လက်မခံ တော့ တာ၊ စစ်ဗိုလ် အဖြစ် မရွေးချယ် တော့တာ၊ တာဝန် ယူခွင့် မပေး တော့တာ မြန်မာ မူဆ လင်တွေ ရဲ့ တာ ဝန် မဟုတ်ဘူး။မြန်မာ အစိုးရ ရဲ့ တာဝန်တွေဘဲ။ ဘယ် မူဆလင် တွေကများ တိုင်းပြည် ကို သ စ္စာဖေါက် နေသလဲ။ လက်နက်စွဲကိုင် ပုန်ကန် နေသလဲ သေချာ ပြန်စဉ်းစား ကြည့်လိုက်။ မြန်မာ မူဆလင် ဆိုဒါ မြန်မာ ဘုရင် တွေ လက်ထက် ကထဲက တိုင်းပြည် ရဲ့ အချုပ်အချာ အာဏာကို ထိပါး လာယင် အသက်ပေး ကာကွယ် ခဲ့ဒါ၊ တိုင်းပြည် တာဝန် ကျေပြွန်ခဲ့တာ မင်းတို့ ကောင်းကောင်း သိတယ်။ မသိ ချင် ယောင်ဆောင် နေတာ။ အေး ငါတို့ရဲ့ မဟာအမှား ကြီးတခုက ဆရာကြီး ဦးရာဇတ် ပင်လုံ စာချုပ် ချုပ် တုန်းက တိုင်းရင်းသား တွေ အားလုံးနဲ့ အတူတကွ ချစ်ချစ်ခင်ခင် နေမယ် ဆိုပြီး ပြည်နယ် မတောင်း ခဲ့တာ ငါတို့ရဲ့ မဟာ အမှား၊ ငါတို့ရဲ့ ကံကြမ္မာဘဲ။ မိတ္ထီလာသား ဆရာကြီး ဦးရာဇတ် ကလဲ မိတ္ထီလာက လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန် ပြောသလို ဗမာ တွေဟာ မထင်မှတ် လောက်အောင် ယုတ်မာ ရိုင်း ဆိုင်း လာလိမ့်မယ် လို့ ဘယ်ထင် ပါ့မလဲ။ မင်လို အကြားအမြင် မရခဲ့ ဘူးလေ။

မင်းတို့လို မဟာ လူမျိုးကြီး ဝါဒီတွေနဲ့တော့ မြန်မာပြည် ရဲ့ အနာဂါတ် အတွက် ရင်လေး မိတယ်။ အေး မြန် မာနိုင်ငံ ဖွတ်ဖြစ်နေတာ မင်းတို့ရဲ စိတ်ဓါတ်တွေ၊ အကျင့်ပျက် ခြစားမှုတွေ၊ တော်တဲ့ လူကို တော် သ လို နေရာ မပေးဘဲ ဗုဒ္ဓဝါဒီမှ ဗုဒ္ဓဝါဒီတွေ ကြောင့်ဘဲ။

အမေရိကန် နိုင်ငံမှာ အမေရိကန် အင်္ဂလိပ် စကား တလုံးမှ မတတ်တဲ့ ဒုက္ခ ရောက်နေတဲ့ ကမ္ဘာ့ပြည် သူတွေကို ဒုက္ခသည် များ အကူ အညီ ပေးရေး အစီအစဉ်နဲ နှစ်စဉ် နှစ်တိုင်း သောင်းချီ လက်ခံနေ တာ၊ နိုင်ငံသား အဖြစ် အသိအမှတ် ပြုနေတာ ပြန်လေ့လာ လိုက်အုံး။ မြန်မာ နိုင်ငံ သားတွေတောင် အများကြီး ဘဲ။ ရောက်တုံး ရောက်ခိုက် အမေရိကန် နိုင်ငံရဲ့ နိုင်ငံရေး၊ လူ့အခွင့် အရေး၊ နိုင်ငံသား ဖြစ်မှု အခွင့် အရေးတွေ ကို လေ့လာ သွားလိုက်အုံး။

စကားကို ဆင်ခြင်ပြီး ပြောပါ၊ မင်းကိုနိုင်။ တရား လက်လွတ် မပြောပါနဲ့။ ရိုးသား ဖြောင့်မတ် ပါ။ အမှန် တရားကို လက်ကိုင် ထားပါ။ မဟုတ်ယင် မင်းကို မင်းရဲ့ သမိုင်းက ဒဏ်ခတ် လိမ့်မယ်။

(ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်သည်)

Comment ရေးရန်

Rohingya Exodus