နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ပြည်နယ်နှစ်မြို့နယ်မှာ မွေးဖွားနှုန်း သတ်မှတ်တာကို ဒေါ်စုရှုတ်ချ


27.5.2013

ရခိုင်ပြည်နယ် မြောက်ပိုင်း မွတ်ဆလင် ဘာသာဝင် အများစု နေထိုင်တဲ့ မြို့နယ် နှစ်ခု အတွင်းက ရိုဟင်ဂျာ တွေအနေနဲ့ မိသားစု တစ်စုကို ကလေး ၂ ဦးသာ မွေးဖွားနှုန်း ရှိရမယ်လို့ ရခိုင် ပြည်နယ် အစိုး ရက ကန့်သတ် လိုက်တာဟာ ခွဲခြား ဆက်ဆံမှု တစ်ရပ်သာ ဖြစ်ကြောင်း၊ သူ့အနေနဲ့ အငြင်းပွား စရာ ဒီအ မိန့် ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် က ပြောကြား လိုက်ပါတယ်။ 

အင်အယ်လ်ဒီ ပါတီ ဗဟို အလုပ် အမှုဆောင် ကော်မတီ အစည်း အဝေး တက်ရောက် လာရင်း သ တင်းထောက်တွေ နဲ့ တွေ့ဆုံ ပြောကြားရာမှာ ဒေါ်အောင်ဆန်း စုကြည်က အခုလို ခွဲခြား ဆက်ဆံမှု မျိုးထားရှိတာဟာမသင့်လျော်ကြောင်း၊ ဒါဟာ လူ့အခွင့်အရေး ကျင့်ထုံးနဲ့လည်းကိုက်ညီမှု မရှိကြောင်း ပြော ပါတယ်။ ရခိုင် ပြည်နယ် အစိုးရ အနေနဲ့ ဒီမူဝါဒကို ကျင့်သုံး နေပြီလား ဆို တာ လောလော ဆယ်မှာ သူ့အနေနဲ့ အတည် မပြု မပြော နိုင်သေး ဘူးလို့လဲ ဆိုပါတယ်။ 

ရခိုင် ပြည်နယ် အစိုးရ ပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ရခိုင် ပြည်နယ် အတွင်း အဲဒီမြို့ နယ် ၂ ခုမှာ တစ်လင် တစ်မယား စံနစ် ပွားများလာဖို့ ရည်ရွယ်ကြောင်း။ အရင်တုန်းက ဒေသတွင်းရှိ လူမျိုးစုတွေ ပြဿ နာ ကြီးထွား လာမှာ စိုးရိမ်ပြီး အကောင် အထည် မဖေါ်ပဲ ဆိုင်းငံ့ ထားတာ ဖြစ်ကြောင်း ပြောပါတယ်။

Comment ရေးရန်

Rohingya Exodus